တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ရှိကြောင်း ဦးအောင်မင်းပြော


တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) တို့နဲ့ အစိုးရအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစီအစဉ်ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UWPC) ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောဆိုလိုက် ပါတယ်။

အဆိုပါအဖွဲ့တွေ အနေနဲ့ အစိုးရကို တရားဝင်ကမ်းလှမ်းမှုတွေ ပြုလုပ်လာရင် ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဝန်ကြီးဦးအောင်မင်း က ရန်ကုန်မြို့ Inya Lake Hotel မှာ ဒီကနေ့ကျင်းပတဲ့ "ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ" အပြီးမှာ သတင်းမီဒီယာတွေကိုပြောဆိုလိုက်တာဖြစ်ပါတယ်။
"ကိုးကန့်အဖွဲ့၊ ပလောင်အဖွဲ့၊ ရခိုင်အဖွဲ့က bilateral မဆွေးနွေးရသေးပါဘူး။ bilateral ဆွေးနွေးတဲ့ အခါ မှာလည်း အချက်အလက်တွေအများကြီးထွက်လာပါတယ်။

သူတို့ကိုစောင့်ပြီးခေါ်မယ်ဆိုရင် ငြိမ်းချမ်းရေးကြာနေလိမ့်မယ်။ အဲတော့ ၁၆ ဖွဲ့နဲ့ပဲ ဆွေးနွေးနေတဲ့ အဆင့်ကနေ ပထမအဆင့်အနေနဲ့သွားပါ့မယ်။ ကျန်တဲ့အဖွဲ့တွေကတော့ bilateral ဆိုတဲ့ အဆင့်ခံ နေတဲ့အတွက် ဒုတိယအဆင့်အနေနဲ့ ဆောင်ရွက်ဖို့ရှိပါတယ်" လို့ ဦးအောင်မင်း က ပြောပါတယ်။
နှစ်ဖက်ဆွေးနွေးမှုကိုတော့ "တောင်းဆိုလာတဲ့အချိန်လုပ်မှာပါ" လို့ ဦးအောင်မင်းက ဆက်ပြောပါတယ်။

TNLA ကတော့ ၁၆ ဖွဲ့အဆင့်မှာ ပါဝင်ပြီးသားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့နဲ့ အတူ ပဏာမ အပစ် အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ ကျန်တဲ့ ၁၄ ဖွဲ့ကတော့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီးဖြစ်ကြပါတယ်။

အခုနှစ် မေလ ၁ ရက်နေ့မှ ၆ ရက်နေ့ထိ "ဝ" ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့မှာ ပြုလုပ်တဲ့ “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး”မှာ လက်ရှိအစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲပြီး သဘောတူ လက်မှတ်ရေးထိုးနိုင်ရေး တိုက်တွန်းထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ ၅ ကြိမ်မြောက် ညီလာခံကို အခုလ အတွင်း ကရင်ပြည်နယ်မှာ ကျင်းပဖို့ အစီအစဉ်ရှိကြောင်းလည်းသိရပါတယ်။

IrrawaddyBurmese
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment