“ မြန်မာနိုင်ငံကို လာလည်တဲ့အခါ ဗီဇာကင်းလွတ်ခွင့်ပေးတဲ့အတွက် ၂၀၁၅
ခုနှစ်ကျရင်တော့ အာဆီယံ ဒေသ အကုန်လုံးကို ဗီဇာကင်းလွတ်ခွင့် ရသွားစေမှာပါ”
ဟု ပြီးခဲ့သည့် တစ်ပတ်က ကျင်းပခဲ့သော ဗီဇာ ကင်းလွတ်ခွင့်
စာနယ်ဇင်းရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်ကို
၎င်းကပြန်လည်ဖြေကြားခဲ့သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၉ ရက်ထိ ကျင်းပပြုလုပ်မည့် အာဆီယံဖိုရမ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက သဘာပတိ ( ဥက္ကဋ္ဌ ) အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်စာချုပ်ကို ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနိုင်ငံများနှင့် စာချုပ်ချုပ်ဆို နိုင်ခဲ့သော်လည်း ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့နှင့် ယခုထိ စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိပေ။
မြန်မာနှင့်ထိုင်းနိုင်ငံသည် ပြီးခဲ့သော အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ဗီဇာ ကင်းလွတ်ခွင့်ရရှိရန် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရှနာဝပ်ခ်က နောက်ဆုံး ရလဒ်ထွက် ရှိမည်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်း ဖျက်သိမ်းခဲ့သည်။
Mizzima - News in Burmese

0 comments:
Post a Comment