ပါကစ္စတန်သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက် မူရှာရက်ကို
နိုင်ငံခြားခရီးသွားခွင့် ပိတ်ပင်ထားမှုကနေ ၁၅ ရက်အတွင်း ပါကစ္စတန်တရားရုံးက
ပြန်ရုပ်သိမ်းပေးမှာ ဖြစ်တယ်လို့ မူရှာရက်ရဲ့ ရှေ့နေက ဇွန် ၁၂ ရက်နေ့က
ပြောဆိုပါတယ်။
စွဲချက် အမျိုးမျိုးနဲ့ အမှုရင်ဆိုင်နေရတဲ့ မူရှာရက်ကို အခုလို
နိုင်ငံခြားခရီးသွားခွင့် ကန့်သတ်ချက် ပြန်ရုပ်သိမ်းပေးတာဟာ
ပါကစ္စတန်စစ်တပ်နဲ့ အရပ်သားအစိုးရကြား အားပြိုင်မှုကို ရှင်းထုတ်ဖို့
ကြိုးစားတာ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။
မူရှာရက်က ယူအေအီးနိုင်ငံမှာ နေထိုင်နေတဲ့ မိခင်အိုကို သွားရောက်
တွေ့ဆုံဖို့လို့ ရှေ့နေတွေက ဆိုပေမယ့် နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်တွေကနေ
လွတ်အောင် လမ်းရှာတာလို့ လူအများက ယုံကြည်နေကြတာလည်း ဖြစ်ပါတယ်။
နောက်ထပ် ၁၅ ရက်ကြာမှ ကန့်သတ်ချက်ကို ပြန်ရုပ်သိမ်းပေးမှာ ဖြစ်တာကြောင့်
ဒီကြားထဲ အစိုးရက ဒီအမှုကို ပြန်အယူခံဝင်ရင်လည်း ၀င်နိုင်တယ်လို့
မူရှာရက်ရဲ့ရှေ့နေက ပြောဆိုခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက် မူရှာရက်ဟာ လက်ရှိ
ဝန်ကြီးချုပ် နာဝပ်ရှရစ်ဆီကနေ အာဏာသိမ်းခဲ့ပြီး
ပါကစ္စတန်နိုင်ငံရဲ့သမ္မတအဖြစ် ၂၀၀၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။
မူရှာရက်ကတော့ စွဲဆိုခံထားရတဲ့ နိုင်ငံတော်သစ္စာဖောက်မှု ၅ မှုလုံးမှာ အပြစ်မရှိကြောင်း ငြင်းဆန်ထားပါတယ်။
ယခင် စစ်တပ်ဦးစီးချုပ်ဖြစ်တဲ့ သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက်
မူရှာရက်ကို ပါကစ္စတန်တရားရေးဌာနက အခုလို ရုံးတင် တရားစွဲဆိုထားနိုင်တာဟာ
တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်ပြီး အားကောင်းလာတယ်ဆိုတာကို သက်သေပြနေပြီး
အင်အားနည်းတဲ့ ပါကစ္စတန်အရပ်သားအစိုးရနဲ့ အင်အားကောင်းတဲ့
ပါကစ္စတန်စစ်တပ်ကိုပါ စိန်ခေါ်နေတာလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment