IC Showပွဲ Gran Royal ဆီက စပွန်ဆာမယူဘဲ ဝင်ကြေးနဲ့တင်ဆက်

 လေးနှစ်ဆက်တိုက် ကန်တော်ကြီးအတွင်း Grand Royal၏ စပွန်ဆာဖြင့် သင်္ကြန်မဏ္ဍပ်ဆောက်ကာ ပရိတ်သတ်များအား ဖျော်ဖြေပေးခဲ့သော်လည်း ယခု ငါးနှစ်မြောက်နှစ်တွင် Grand Royalထံမှ စပွန်ဆာမယူတော့ဘဲ Iron Cross အဖွဲ့ကို ဖိတ်ကြားကာ ပန်းခြံဝင်ကြေးသာ ကောက်ခံ၍ အခမဲ့ဖျော်ဖြေခဲ့သည်ဟု ပွဲစီစဉ်သှူStar and Model agncy တည်ထောင်သူ ဂျွန်လွင်က မဇ္ဈိမကို ပြောသည်။

"ဒီနှစ်ကတော့ Grand Royal စပွန်ဆာနဲ့ မဟုတ်ပါဘူး။ ကျွန်တော်တို့ Iron Cross ရဲ့ စင်တင်ဖျော်ဖြေမှုနဲ့ ဝင်ကြေးနဲ့ပဲ လုပ်တာပါ။ ပထမတော့ ဝင်ကြေးက ၅၀၀ကောက်မလို့ အခုကတော့ ပန်းခြံက ဝင်ကြေးက ၃၀၀ပဲ ကောက်ခွင့်ရှိတယ်ဆိုလို့ ကျွန်တော်တို့ ဝင်ကြေးအနေနဲ့က တော်တော်ထိခိုက်သွားပါတယ်" ဟု ပြောသည်။

ကန်တော်ကြီးဝင်ကြေးကို ပုံမှန် လူကြီး ၃၀၀၊ ကလေး ၂၀၀ ကောက်ခံလေ့ရှိသော်လည်း ၂၀၁၄ခုနှစ် သင်္ကြန်ကာလကမူ လူကြီး ၅၀၀၊ ကလေး ၂၀၀နှင့် ကားဝင်ကြေး ၁၀၀၀ ကောက်ခံခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ ဝင်ကြေး ပုံမှန်သာ ကောက်ခံသည်ကို တွေ့ရသည်။

ကန်တော်ကြီး မျှော်စင်ကျွန်းအတွင်း Iron Cross အဖွဲ့က သင်္ကြန်တွင်း လေးရက်လုံး တနေကုန် သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ပရိတ်သတ်များကလည်း သင်္ကြန် အကြို၊ အကျ နှစ်ရက်တွင် ကျွန်းတစ်ကွင်းလုံးအပြည့် လာရောက်အားပေးခဲ့သည်။

ပွဲစီစဉ်သူ ဂျွန်လွင်က ယခုရှိသည့် စတိတ်စင် တစ်ခုအပြင် လာရောက်ကြည့်ရှုသူများအတွက် ဒီဂျေစင် နှင့် ရေပက်စင်ကိုပါ ထားရှိရန် စီစဉ်ထားသော်လည်း ခွင့်ပြုချက် မရခဲ့ဟု ဆိုသည်။

"အဓိက ကျွန်တော်တို့ ပေးချင်တာတော့ Music နဲ့ ရေတွေနဲ့ သင်္ကြန်ကို မြူးမြူးကြွကြွ ဖြတ်သန်းစေချင်တာပေါ့နော်။ ဒါပေမယ့် ဒီနှစ် ကျွန်တော်တို့ ပါမစ်လျှောက်တဲ့ အထဲမှာ ရေပက်စင်နဲ့ ဒီဂျေစင်နဲ့ ထည့်ပြီး ဆောက်ခွင့် မရှိတာပေါ့။ ဒါပေမယ့် ဒီမဏ္ဍပ်ရှေ့မှာ မြူးဇစ်တွေနဲ့ ဒီဂျေတွေနဲ့ ရေတွေနဲ့ လုပ်ပြီး ပရိတ်သတ်တွေ ပျော်ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

Grand Royal သည် ၂၀၁၄ခုနှစ် သင်္ကြန်အကြိုနေ့က ထိုင်းမှ အကအဖွဲ့ကို ငှားရမ်းဖျော်ဖြေခဲ့ရာ ထိုအကအဖွဲ့၏ ဝတ်စားဆင်ယင်မှုသည် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းနှင့် ဆန့်ကျင်နေ၍ ဝေဖန်မှုခံခဲ့ရသလို မဏ္ဍပ်ကိုလည်း နာမည်ပျက်စာရင်း သွင်းခံခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင်မူ ထိုမဏ္ဍပ်တွင် ခြေမျက်စိမှ လည်ပင်းအဆုံး လုံခြုံစွာဝတ်ဆင် ဖျော်ဖြေမည်ဟု ဂျွန်လွင်က မဇ္ဈိမကို ပြောထားသည်။

မူရင်း >>> http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/43129-ic-show-gran-royal
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment