လှေစီး ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ UNHCR တိုက်တွန်း
လူမှောင်ခိုကူးသူတွေရဲ့ စွန့်ပစ်မှုကြောင့် ပင်လယ်ထဲမှာ မျောနေတဲ့ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံက လှေစီးဒုက္ခသည်တွေကို ရှာဖွေကယ် ဆယ်ဖို့ အရှေ့တောင်အာရှ အစိုးရတွေကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က တောင်းဆိုလိုက်တယ်လို့ VOA သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လှေစီးဒုက္ခသည် ၁ထောင်ကျော်ပါတဲ့လှေ ၄စီးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့သလို၊ အင်ဒိုနီးရှားကိုလည်း လှေစီး ဒုက္ခသည် ၆၀၀ နီးပါးလောက်ရောက် ရှိ လာခဲ့ပါတယ်။ အခုလိုလှေစီးဒုက္ခသည်တွေ အက်ဒမန်ပင်လယ်နဲ့ မလက္ကာရေလက်ကြားတို့အကြားမျောပါနေခြင်းဟာ ထိုင်းနိုင် ငံနဲ့ မလေးရှားနိုင်ငံမှာ တရားမ၀င်လူကုန်ကူးမှု တိုက်ဖျက်နေတာကြောင့် နိုင်ငံရွေ့ပြောင်းဖို့ ကြိုးစားသူတွေ ပင်လယ်ထဲမှာ မျောပါ နေတာပဲဖြစ်လို့ UNHCRက ဆိုပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်က လှေစီးဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံကတဆင့် မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေကို သွားရောက်တာဖြစ်ပြီး ဒီလိုလူကုန်ကူးနေတာကို တိုက်ဖျက်ဖို့ မြန်မာနဲ့ မလေးရှားတို့ ပူးပေါင်းပါဝင် ရေး ထိုင်းဝန်ကြီးချုပ်ကပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုလိုက်သလို၊ ဘင်္ဂလားဒေရှ့်အစိုးရကလည်း လူကုန်ကူးသူတွေကို စစ်ဆင်ရေး တရပ်လုပ် ပြီး စတင်နှိမ်နင်းရာ လူကုန်ကူးသူ ၅ဦးကို အသေဖမ်းဆီးမိခဲ့ပြီး မှောင်ခိုသမား ၁၀၀လောက်ကိုလည်း ဖမ်းဆီး ထားပါ တယ်။ မနေ့ကတော့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ Somyot Pumpunmuang က ရိုဟင်ဂျာရွေ့ပြောင်းလာသူတွေကို ထိုင်းနိုင်ငံ တရားဝင်စခန်းတွေမှာ ထားဖို့ အဆိုပြုလိုက်ပါတယ်။ ဘာပဲပြောပြော ဒီလို ရွေ့ပြောင်းလှေစီး ဒုက္ခသည်တွေအရေးဟာ အရှေ့တောင်အာရှနိုင်ငံများအကြား ခေါင်းခဲစရာပြဿနာတခုဖြစ်လာသလို အာဆီယံ ဥက္ကဋ္ဌ ရာထူးယူထားတဲ့ မလေးရှားနိုင်ငံ အတွက်လည်း စဉ်းစားစရာတခုဖြစ်လာမှာပါ။
http://burma.irrawaddy.org/
0 comments:
Post a Comment