ဒါရိုက်တာ မင်းအုပ်စိုးအမှု ၁၅ ကြိမ်မြောက် ရုံးထုတ်

လွန်ခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့က သရုပ်ဆောင် မင်းအုပ်စိုး အမှုကို ဗဟန်းမြို့နယ် တရားရုံး၌ စစ်ဆေးရန် ရုံးထုတ်လာစဉ် (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)
သရပါ မဂ္ဂဇင်းအယ်ဒီတာ မနုနုယဉ် (ခ) တေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး လူသတ်မှုဖြင့် အမှု ဖွင့်ခံထားရသော သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးအမှုကို ယနေ့ အနောက်ပိုင်းခရိုင် တရားရုံးတွင် ၁၅ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ရာ မင်းအုပ်စိုး၏ ဇနီးဖြစ်သူ ဒေါ်သက်ထားဆွေကို စစ်ဆေးခဲ့သည်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးမှာ မိမိနှင့် ပေါင်းသင်းခဲ့သည့် ကာလ အတောအတွင်း ကိုယ်ထိလက်ရောက် ဆုံးမခဲ့ခြင်း မရှိခဲ့ဘဲ ၎င်း၏ အနုပညာအလုပ်ကိုသာ မြတ်နိုးသူ ဖြစ်သည်ဟု မင်းအုပ်စိုး၏ ဇနီးဖြစ်သူ
မသက်ထားဆွေက ထွက်ဆိုခဲ့သည်။

ယနေ့ရုံးချိန်းတွင် မင်းအုပ်စိုး၏ ဇနီးဖြစ်သူကိုသာ စစ်ဆေးခဲ့ပြီး ၁၆ ကြိမ်မြောက် ရုံးချိန်းကို မေ ၂၀ ရက်နေ့သို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း၊ တရားလိုပြ သက်သေအဖြစ် မတေးနုယဉ်၏ ဦးလေးနှင့် အဒေါ်ဖြစ်သူတို့က ထွက်ဆိုကြမည် ဖြစ်ကြောင်း သိရသည်။

http://burma.irrawaddy.org/
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment