ချန်ပီယံဆုနှင့် ဆယ်နှစ်မျှ ဝေးကွာနေသော အသင်းမျိုးကသာ ပျင်းစရာဖြစ်ကြောင်း မော်ရင်ဟိုပြောကြား

ခံစစ်ကို ပိတ်ဆို့ကစားခြင်းထက် ပျင်းရိစရာ ကောင်းသည်မှာ ချန်ပီယံဆုနှင့် (၁၀)နှစ်မျှ ဝေးကွာနေသည့် အခြေအနေမျိုးသာ ဖြစ်လိမ့်မည်ဟု ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက အာဆင်နယ်အား တိုက်ခိုက် ပြောကြားလိုက်သည်။


အာဆင်နယ်၏ အမ်းမရိတ်စ်ကွင်းတွင် ဂိုးမရှိ သရေကျခဲ့သည့်နောက် ချယ်လ်ဆီးသည် ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်ရန် ခြေတစ်လှမ်း ပိုနီးသွားခဲ့သည်။ မော်ရင်ဟို၏ အသင်းသည် အာဆင်နယ်ကို ပိတ်ကစားသွားပြီး ခံစစ်ကိုသာ အာရုံစိုက်သွားခဲ့ရာ အာဆင်နယ် ပရိသတ်များက လှောင်ပြောင် အော်ဟစ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ချယ်လ်ဆီးသည် ၎င်းတို့ လိုချင်သည့် ရလဒ်ကို အမှန်တကယ် ရယူ သွားနိုင်ခဲ့သလို အာဆင်နယ်ကို (၁၀)မှတ် ဖြတ်ထားနိုင်သည့် အခြေအနေကိုလည်း ဆက်လက် ထိန်းသိမ်းသွားသည်။

အာဆင်နယ် ပရိသတ်များက ပွဲတစ်လျှောက်လုံး “ပျင်းစရာကောင်းတဲ့ ချယ်လ်ဆီး”ဟု လှောင်ပြောင် အော်ဟစ်နေခဲ့ကြရာ ယင်းနှင့် ပတ်သက်ပြီး မော်ရင်ဟိုက အခံရခက်စေမည့် စကားတစ်ခွန်းဖြင့် တုံ့ပြန်သွားသည်။ အာဆင်နယ်သည် (၂၀၀၄)ခုနှစ်နောက်ပိုင်း အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် ဝေးကွာနေရာ ယင်းကို ရည်ရွယ်ပြီး မော်ရင်ဟိုက “ပျင်းစရာကောင်းတယ် ဆိုတာက ချန်ပီယံဆုနဲ့ (၁၀)နှစ်လောက် ဝေးကွာနေတာမျိုး ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ စောင့်တယ်၊ စောင့်နေတယ်၊ စောင့်နေတုန်းပဲ ဆိုတဲ့ အခြေအနေမျိုးနဲ့ ချန်ပီယံဆုကို (၁၀)နှစ်လောက် မျှော်နေရတာကမှ တကယ့် ပျင်းစရာ ဘဝပါ”ဟု ပြောကြားခဲ့သည်။
၎င်းက “ပျင်းစရာကောင်းပါတယ်ဆိုတဲ့ အသင်း (ချယ်လ်ဆီး)ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုးပမာဏ ဒုတိယ အများဆုံးနဲ့ ဂိုးကွာခြားချက် အမြင့်ဆုံး ရပ်တည်နေပါတယ်။ ထိပ်တန်းအသင်း တစ်သင်းကသာ ရာသီအစကနေ အဆုံးထိ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

မူရင်း >> http://soccermyanmar.com/?p=11574
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment