အမေရိကန် တိုက်လေယာဉ်များ အီရတ်တွင် ကင်းထောက်ပျံသန်း

အမေရိကန်စစ်တပ်ဟာ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျော့စ် အိတ်ခ်ျ ဒဗလျူ ဘုရှ့် (USS George H.W. Bush) ပေါ်က အက်ဖ် ၁၈ တိုက်လေယာဉ်တွေ အီရတ်နိုင်ငံအပေါ် ဖြတ်ကျော် ကင်းထောက်ပျံသန်းနေတယ်လို့ အမေရိကန်အရာရှိတယောက်က ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ပြောပါတယ်။

နိုင်ငံရဲ့အစိတ်အပိုင်းတွေကိုတော့ အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေက သိမ်းပိုက်ထားပြီး ပါပြီ။
လွန်ခဲ့တဲ့ရက်တွေက ပင်လယ်ကွေ့မှာ အသင့်စောင့်ဖို့ အမိန့်ပေးခံထားရတဲ့ လေယာဉ်တင် သင်္ဘောပေါ်က လေယာဉ်တွေအတွက် လိုအပ်ရင် လောင်စာဖြည့်ဖို့ လောင်စာဆီတင် သင်္ဘောကို တာဝန်ချနိုင်တယ်လို့လည်း အမည်မဖော်လိုသူ အမေရိကန် အရာရှိက ပြောပါတယ်။

အမေရိကန် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်မာတင်ဒမ့်ဆေးက “အီရတ်နိုင်ငံတွင်း လူနဲ့ လူမပါတဲ့ ထောက်လှမ်းရေးလုပ်ငန်းစဉ်တွေ ကင်းထောက်တာနဲ့ ရန်သူဘက်ကို ထောက်လှမ်းတာတွေကို လုပ်နေတယ်။ လေယာဉ်တချို့နဲ့ ရေတပ်သင်္ဘောတွေကို တာဝန် ပေးထားတယ်” လို့ လွှတ်တော်အမတ်တွေကို ဇွန် ၁၈ ရက်နေ့က ပြောပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ မောင်းသူပါနဲ့ မောင်းသူမဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဖို့ အရေး စဉ်းစားနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် အမေရိကန်အစိုးရမှာ ဒါမျိုး ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်နေတဲ့ တိကျတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။
http://burmese.dvb.no/
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment