" မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် ထိုင်းဘက်ကပြင်ဆင် "

သတင်း-မန်းမျိုးမြင့်(မီဒီယာ)
  မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေ မဲဆောက်မှာပြုလုပ်တဲ့ ၃ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ဒီနေ့ပြီးဆုံးသွားပြီး လက်ရှိအနေအထားတွေအရ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဘို့ အများကသဘောထားပေးခဲ့ကြတယ်လို့သိရပါတယ်။

မြန်မာဒုက္ခသည်တွေကို ပြန်ပို့နိုင်ရေးအတွက် ထိုင်းအာဏာသိမ်း စစ်ကောင်စီက ထိုင်းပြည်တွင်းလုံခြုံ ရေးဌာနကို တာဝန်ပေးအပ်ခဲ့တာပါ။

မဲဆောက်မှာ ပြုလုပ်တဲ့ ၃ ရက်ကြာအလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ထိုင်းပြည်တွင်းလုံခြုံ ရေးဌာနက
ကမကထပြု ကျင်းပတာဖြစ်ပြီး ထိုင်းပြည်ထဲရေးဌာနတာဝန်ရှိသူတွေ-ထိုင်းပြည်တွင်းလုံခြုံ ရေးဌာနတာဝန်ရှိသူတွေ - သက်ဆိုင်ဒေသတွေက တပ်မှူးကြီးတွေ - ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းဘက်ကတော့ သူတို့ရရှိခဲ့တဲ့ ဆွေးနွေးပွဲက အချက်အလက်တွေကို အထက်ကိုဆက်လက်တင်ပြမှာဖြစ်ပြီး မြန်မာဒုက္ခသည်တွေကို ပြန်ပို့မဲ့လုပ်ငန်းစဉ်တွေကို အဆင့်ဆင့်ပြုလုပ်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းတပ်မှူးတဦးပြောတာကတော့ အရင်ကလည်း ထိုင်းမှာနှစ်ရှည်လများ ခိုလှုံခဲ့ကြတဲ့ ကမ္ဘောဒီးယားနဲ့လောနိုင်ငံက စစ်ပြေးဒုက္ခသည်တွေကိုလည်း သူတို့တိုင်းပြည် အခြေအနေကောင်းမွန်လာတဲ့အချိန်မှာ နှစ်နိုင်ငံအစိုးရတွေ ညှိနှိုင်းဆွေးနွေးပြီး နေရပ်ပြန်ပို့ခဲ့တဲ့ အတွေ့အကြုံတွေရှိခဲ့ပါတယ် - ဒါကြောင့်မြန်မာဒုက္ခသည်တွေကိုလည်း အခုလိုအနေအထားမျိုးမှာ နေရပ်ပြန်ပို့တာက အကောင်းဆုံးအနေအထားဖြစ်မှာပါ လက်ရှိအာဆီယံ ဥက္ကဌတာဝန်ယူထားတာကလည်း မြန်မာနိုင်ငံဆိုတော့ ပိုအဆင်သင့်တယ်ဆိုပြီး သူ့အမြင်ကိုပြောဆိုပါတယ်။

ထိုင်းနယ်စပ်လေးခရိုင်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခု တည်ရှိပြီး ဒုက္ခသည် ၁ သိန်းကျော်ခိုလှုံနေပါတယ်- မြန်မာဒုက္ခသည်တွေကို ထိုင်းဖက်က စတင်ခိုလုံခွင့်ပေးတာက ၁၉၈၄ ခုနှစ်ကာလလောက်ကဖြစ်ပြီး ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေးအပါအ၀င် စစ်ဘေးစစ်ဒဏ်ကြောင့် ထိုင်းဘက်ကို ဒုက္ခသည်တွေ စတင်ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကဆိုပါတယ်။

နှစ်ပေါင်း ၃၀ နီးပါး ထိုင်းနယ်စပ်မှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို ထိုင်းဖက်က အမြန်ဆုံးနေရပ်ပြန်ပို့မဲ့ အစီအစဉ်တွေကတော့ ဖြစ်နိုင်ခြေအတော့ကို နီးစပ်သွားပြီလို့ မြန်မာဒုက္ခသည်များအရေး ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက သုံးသပ်ပြောဆိုကြပါတယ်။
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment