စမ်းချောင်းမြို့နယ်ရှိ အနှိပ်ခန်းများကို ချိပ်ပိတ်

nightclub တစ်ခုတွင် တွေ့ရသော မြန်မာ Celebrities

စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက်ရှိ တရားမဝင် ဖွင့်လှစ်ထားသော အနှိပ်ခန်းများကို ချိပ်ပိတ်ကာ အမျိုးသမီး ၃၀ ဦးကို ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဝင်းဗိုလ်က ပြောကြားသည်။
“ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သတင်းထွက်နေတဲ့ စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်းနားက အနှိပ်ခန်းခြောက်ဆိုင်ကို ချိပ်ပိတ်ထားပြီး မူလတိုက်ခန်း ပိုင်ရှင်တွေကိုလည်း ဥပဒေမလိုက်နာမှုကြောင့် စစ်ဆေးအရေးယူသွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ညည့်နက်ချိန် မြို့နယ်ပေါင်းစုံမှ အမျိုးသားများ လာရောက်ပျော်ပါးနေသည့် စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက်ရှိ တရားမဝင် ဖွင့်လှစ်ထားသော အနှိပ်ခန်းများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၂၅ ရက်နေ့အထိ ဝင်ရောက်ရှာဖွေခဲ့ရာ ပုဒ်မ ၁၈၈ ဖြင့် ငြိစွန်းသူ အမျိုးသမီး ၃၀ ဦးနှင့် အမျိုးသားငါးဦးတို့ကို ဖမ်းဆီးမိခဲ့ကြောင်း စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ဆိုသည်။

“ရပ်ကွက်တွေထဲမှာ အနှိပ်ခန်းတွေ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ သတင်းကြားရင် ပြည်သူတွေက ရဲတပ်ဖွဲ့ကို သတင်းပေးပို့စေချင်တယ်။ သတင်းပေးတိုင်ကြားရက်နဲ့ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုတွေ မဆောင်ရွက်ဘူးဆို ရဲစည်းကမ်းဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်” ဟု ရဲမှူးကြီးဝင်းဗိုလ်က ပြောကြားသည်။

ရပ်ကွက်များအတွင်း ဖွင့်လှစ်ထားသည့် တရားမဝင် အနှိပ်ခန်းများမှာ မူလဆိုင်စဖွင့်ချိန်တွင် အလှပြင်ဆိုင်အဖြစ် လုပ်ကိုင်ခဲ့ရာမှ နောက်ပိုင်းတွင် အနှိပ်ခန်းလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်လာသောကြောင့် အလှပြင်ဆိုင် ဖွင့်လှစ်ခွင့် လိုင်စင်ထုတ်ပေးသော စည်ပင်အဖွဲ့မှ တာဝန်ရှိသူများက ယင်းဆိုင်များကို မကြာခဏ ဝင်ရောက်စစ်ဆေးစေလိုကြောင်း၊ ယင်းအပြင် အနှိပ်ခန်းများ ဖွင့်လှစ်ရန် ငှားရမ်းသည့် အိမ်ပိုင်ရှင်များကို သက်ဆိုင်ရာ အာဏာပိုင်များက ထိရောက်သည့် သတိပေးတားမြစ်မှုများ ဆောင်ရွက်ပေးစေလိုကြောင်း ရှင်စောပုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘမြင့်က ဆိုသည်။

“အနှိပ်ခန်းဖွင့်တဲ့ ဆိုင်တွေကို တစ်နှစ်ချိတ်ပိတ်တယ်၊ ဆိုင်မန်နေဂျာနဲ့ ဆိုင်ဝန်ထမ်း အမျိုးသမီးတွေကို ထောင်ဒဏ်တစ်လ ချပစ်တယ်။ ပြီးခဲ့တဲ့နှစ်က စမ်းချောင်းမှာ အနှိပ်ခန်းဖွင့်တဲ့ ဆိုင်တွေက အမျိုးသမီး ၁၁၀ နဲ့ အမျိုးသား ၁၅ ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်” ဟု စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းမြင့်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် ဖွင့်လှစ်နေသည့် အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်းများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာတွင် ၂၀၁၄ ခုနှစ်က ပြည့်တန်ဆာမှု ၄၄၉ မှုနှင့် အနှိပ်ခန်းအမှု ၃၈ မှု ဖမ်းမိခဲ့ကြောင်း၊ စမ်းချောင်းမြို့နယ် အပါအဝင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း အလှပြင်ဆိုင် ဗန်းပြကာ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေမှုများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၂၅ ရက်နေ့အထိ ဖမ်းဆီးအရေးယူခဲ့ရာတွင် အနှိပ်ခန်းမှ အမျိုးသမီး ၆၁ ဦးနှင့် ပြည့်တန်ဆာ လုပ်ကိုင်နေသူ အမျိုးသမီး ၈၄ ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ရှင်းပြသည်။
မူးရင်း >>  The Voice Weekly
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment