စစ်အသုံးစရိတ် ၀န်ထုပ်ဝန်ပိုးဖြစ်နေသည့် နိုင်ငံ ၂၀ တွင် မြန်မာပါဝင်

စစ်အသုံးစရိတ်ကို တိုင်းပြည်ဂျီဒီပီရဲ့ ၄ ရာခိုင်နှုန်းအထက်ပိုသုံးပြီး ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ နိုင်ငံ ၂၀ ထဲမှာ မြန်မာနိုင်ငံပါဝင်တယ်လို့ စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနသိပ္ပံ (SIPRI) ရဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီအဖွဲ့ဟာ ဆွီဒင်နိုင်ငံမှာ အခြေစိုက်တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစရိတ်နဲ့ လက်နက်အရောင်းအ၀ယ်ကိစ္စတွေကို စောင့်ကြည့် လေ့လာ မှတ်တမ်းပြုစု ထုတ်ပြန်နေတာပါ။

၂၀၁၄ ခုမှာ စစ်စရိတ် ဂျီဒီပီ ၄ ရာခိုင်နှုန်းနဲ့ အထက်သုံးတဲ့ နိုင်ငံ ၂၀ ကတော့ အိုမန်၊ ဆော်ဒီအာရေဗီးယား၊ တောင်ဆူဒန်၊ ချဒ်၊ လစ်ဗျား၊ အစ္စရေး၊ ရုရှား၊ လက်ဘနွန်၊ မြန်မာ၊အီရတ်၊ ယီမင်နဲ့ ဆီးရီးယား စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း လက်နက်တင်ပို့ရောင်းချတဲ့ နိုင်ငံ ၁၀နိုင်ငံမှာပါဝင်တဲ့ တရုတ်နိုင်ငံဆီက လက်နက်အများဆုံးဝယ်တဲ့ အဓိက ဖောက်သည်တွေက မြန်မာ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံက တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေဆီက စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူ ထားတဲ့ စာရင်းတွေကိုလည်း စတော့ဟုမ်းနိုင်ငံ တကာငြိမ်းချမ်းရေးသုသေနသိပ္ပံ က ထည့်သွင်းဖော်ပြထားပါတယ်။

စစ်လက်နက် ပစ္စည်းအမျိုးအစားတွေထဲမှာ စစ်သင်္ဘောတွေပါဝင်သလို၊ MiG-29 တိုက်လေယာဉ်တွေ၊ Mi-35P နဲ့ Mi-24P စစ်ရဟတ်ယာဉ်တွေ၊ တင့်ကားတွေ၊ ပုခုံးထမ်းလောင်ချာတွေနဲ့ ရေဒါ စတာတွေ ပါဝင်ပါတယ်။

မြန်မာကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်ကတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် မြန်မာကျပ်ငွေ ၂၇၅၀ ဘီလီယံပေးဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီက ပြည်ထောင်စု လွှတ်တော်မှာ တောင်းခံထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး အသုံးစာရိတ်ဟာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီရဲ့ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ခန့်မှန်းထားပါတယ်။

မူးရင်း>> http://burmese.dvb.no/archives/90614
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment