ပြည်ထဲရေးဝန်ကြီးကို ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်သော ဒုရဲအုပ် ၁၇ ရက်ကြာ ထိန်းသိမ်းခံရပြီးနောက် လုပ်သက်တစ်နှစ်လျှော့

  ပြည်ထဲရေးဝန်ကြီးကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဝေဖန်ခဲ့သည့် စီအိုင်ဒီမှ ဒုရဲအုပ်တစ်ဦး အား ၁၇ ရက်ကြာ ထိန်းသိမ်းပြီး နောက် လုပ်သက်တစ်နှစ်လျှော့ ပြစ်ဒဏ် ချမှတ်၍ မူလတာဝန် ပြန်လည် ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

အင်းစိန် စီအိုင်ဒီ (သိပ္ပံဌာန)မှ ဒုရဲအုပ်အား ပြည်ထဲရေးဝန်ကြီးကို လူမှုကွန်ရက် စာမျက်နှာ၌ ဝေဖန်ပြောဆိုမှုဖြင့် နေပြည်တော် အမှတ်(၁)ရဲစခန်းတွင် စီအိုင်ဒီတပ်ဖွဲ့မှူး၏ အမိန့်ဖြင့် အောက်တိုဘာ ၂၉ ရက်ညက စတင်ထိန်းသိမ်းခဲ့ပြီး နိုဝင်ဘာ ၁၄ ရက် ည၌ ပြန်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရဲတရားရုံးက ၎င်းအား လုပ်သက်တစ်နှစ်လျှော့ ပြစ်ဒဏ်ကို နိုဝင်ဘာ ၁၄ ရက် တွင် ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

‘‘ကိုယ်ဖြစ်တဲ့ ပြဿနာ၊ ကိုယ့်နစ်နာမှုကို အထက်အရာရှိကတစ်ဆင့် တင်ပြလို့ရတယ်။ သူက အဲဒီလို မတင်ပြဘဲ ၀န်ကြီးကို တိုက်ရိုက်ဝေဖန်လို့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူခံရတာပါ’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဒုရဲအုပ် ဖမ်းဆီးခံထားရချိန်တွင် ပြန်လွှတ်ပေးရန် နှင့် အရေးယူခြင်းမပြုရန် ဌာနပေါင်းစုံမှ ရဲတပ်ဖွဲ့ဝင်များက လူမှုကွန်ရက်မှတစ်ဆင့် တောင်းဆိုခဲ့ကြသည်။ အချို့ရဲတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် ပရိုဖိုင်တွင် ဖမ်းဆီးခံထားရသည့် ရဲအရာရှိ၏ ဓာတ်ပုံပြောင်းခဲ့သည်အထိ လူမှုကွန်ရက်စာမျက်နှာတွင် ပွဲဆူခဲ့သည်။ သို့သော် တပ်ဖွဲ့တွင်း စည်းမျဉ်းစည်းကမ်းများကြောင့် တရားဝင်စာပို့၍ တောင်းဆိုသူမရှိခဲ့ပေ။

‘‘လုပ်ထုံး လုပ်နည်းအရ အထက်အရာရှိက တစ်ဆင့် ကိုယ်နစ်နာတာတွေကို ၀န်ကြီးအထိ အသိပေးလို့ရတယ်ဆိုပေမယ့် တကယ်တမ်း အရေးယူမှု အားနည်းတာရယ်။ ကိုယ့်ကိုပြန်ပြီး ပြဿနာဖြစ်လာမှာရယ် စိုးတာကြောင့် တော်ရုံတန်ရုံ ကိုယ့်ရာထူးတွေ၊ နာမည်တွေနဲ့ မတိုင်ရဲကြဘူး။ ဒါကြောင့် အွန်လိုင်းကနေ တောင်းဆိုခဲ့ကြတာ’’ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဒုတိယရဲမှူးတစ်ဦးက ပြောသည်။

အရေးယူခံခဲ့ရသည့် ဒုရဲအုပ်သည် ပြည်ထဲရေးဝန်ကြီးက ၎င်းတို့တပ်ဖွဲ့စုအား ပြီးခဲ့သည့် အောက်တိုဘာလကုန်ခန့်က ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့စေရာမှ အဆင်မပြေမှုအချို့ကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ ၎င်းက မိသားစုနှင့်နေရန် လိုင်းခန်း အခက်အခဲ ပြဿနာ အပါအ၀င် အောက်ခြေ ရဲတပ်ဖွဲ့ဝင်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို တုံ့ပြန်ရေးသားခဲ့ခြင်း ဖြစ်သည်။


http://www.7daydaily.com/story/25016#.VGrdrVca35N
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment