ကိုးနဝင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဆရာ စံဇာဏီဘို)

ကိုးနဝင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဆရာ စံဇာဏီဘို)

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးနိုင်ရန် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီး ကိုယ်စားလှယ် ဦးတို့ ယခုနှစ် လပိုင်း၊ ရက်၊ ၉နာရီတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုဆွေးနွေးပွဲသွားရောက်ရန်အတွက် တိုင်းရင်းသားခေါင်းဆောင်များဘက်တွင် မူလက ခေါင်းဆောင် ဦးဖြင့် ရွေးချယ် ထားသော်လည်း အစိုးရအဖွဲ့များနှင့် အကြိုဆွေးနွေးအပြီးတွင် တိုင်းရင်းသားများဘက်မှ ဦးဖြစ်သွားသည်။ ထိုကဲ့သို့ ဂဏန်းများဖြင့် တိုက်ဆိုင်ပြုလုပ်မှုအပေါ် အစည်းအဝေးတက်ရောက်သူ အချို့က ဗေဒင်၊ ယတြာ လောဟု မှတ်ချက်အမျိုးမျိုးဖြင့် ပြောဆိုနေကြသည်။

စစ်အစိုးရလက်ထက်တွင် စစ်ဗိုလ်ချုပ်များက ဗေဒင်၊ ယတြာများဖြင့် တွက်ချက်ဆောင်ရွက်တတ်ကြသည်။ စစ်ဗိုလ်လူထွက် ဖြစ်သည့် သမ္မတ ဦးသိန်းစိန် ယခုတွေ့ဆုံပွဲသည် ယင်းသို့ တွက်ချက်ဆောင်ရွက်ခြင်း ဟုတ်မဟုတ် မသေချာသော်လည်း တိုက်ဆိုင်ကျင်းပသည့် ကိန်းဂဏန်းများအပေါ် အချို့က စိတ်ဝင်စားနေကြသည်။

ထို့ကြောင့် "ကိုး = န၀င်း" နှင့်ပတ်သက်၍ နာမည်ကျော် မြန်မာ နက္ခတ္တဗေဒ ပညာရှင်တဦးဖြစ်သည့် ဆရာ စံဇာဏီဘို ကို ဧရာဝတီက မေးမြန်းထားသည်။ ဆရာ စံဇာဏီဘို ကတော့ ယခုလ ၂၉ ရက်နေ့နှင့် အောက်တိုဘာလ ပထမ အပတ်ထဲတွင် ငြိမ်းချမ်းရေး accord တခုကို လက်မှတ်ထိုးဖြစ်လိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်လိုက်သည်။

ကိုး = န၀င်း
ကိုးက မြန်မာလိုခေါ်တာ။ ပါဋိလိုက န၀ (န၀င်း) အဲ့ဒါကြောင့် န၀င်း လို့ ပြောလည်း ရတယ်။ အတူတူပဲ။ ကိုးရဲ့ သဘာဝက သူ့ကို ဘာဂဏန်းနဲ့ ဘာကိန်းနဲ့ပဲ မြှောက်မြှောက် ရတဲ့ ရလဒ်ကို ပေါင်းရင် ကိုးကဏန်း ပြန်ရတယ်။ ဒီသဘာဝက "ထာဝရရှင်သန်ခြင်းဆိုတဲ့ နိမိတ်ကို ရှင်းတယ်။ သူ့ရဲ့မူလ အနေအထား ပျက်ယွင်းချက် မရှိဘူးဆိုတဲ့ အယူအဆ ရှိတယ်။ နောက် နံပါတ်ကိုးကို သုံးချိုးချိုးရင် ထွက်တဲ့ တြင်းကြေ န၀င်းကြေပေါ့။ သုံးခါ ပေါင်းရင် ကိုးရတယ်။ ဒါက "ခိုင်မာခြင်းဆိုတဲ့ နိမိတ်တွေကို ပြတယ်။ ဒါဟာ ဗမာတွေ ကိုးဂဏန်းကို ရှေးပဝေသဏီ အစဉ်အဆက်ထဲက သုံးခဲ့ကြတာ။ ဗမာမှာ အလီတိုင်တွေ အားလုံးကိုလည်း နဲ့ပဲ စမှတ်တယ်။
မြန်မာတင်မဟုတ်ဘူး ကမ္ဘာမှာလည်း ကိုးက lucky number ပဲ။ lucky number for everybody ဖြစ်တယ်။ နံပါတ် ကို ဖျက်ယွင်းလို့မရသော နံပါတ် လို့ သတ်မှတ်တယ်။ ဒါက ကိုး ရဲ့ သဘာဝ။ တြိဂံ တခုရဲ့ အတွင်းထောင့်တွေပါင်းရင် ၁၈၀ ဒီဂရီရှိတယ်။ ဒေါင့်မှန်သည် ၉၀။ စက်ဝိုင်းတခုသည် ၃၆၀ ဒီဂရီရှိတယ် အားလုံးက ကိုးတွေချည်းပဲ။

မူလ ပျက်ယွင်းချက်မရှိလို့ ဆိုတော့ တကမ္ဘာလုံးက ဒီနံပါတ်ကို သုံးတယ်။ အဲ့ဒီတော့ အစိုးရက သူတို့လုပ်ချင်တာ သူတို့ ကောင်းတယ်ထင်ရင် သူတို့လုပ်မှာပေါ့။ အစိုးရကတော့ ချည်းပဲ တွက်ပီး လုပ်မယ် မထင်ဘူး။ သူတို့လုပ်တာ ဒီ့ပြင်ဂဏန်း တွေနဲ့ တိုက်ပီး လုပ်ရင်လည်း လုပ်မှာပေါ့။ ဒါပေမယ့်လည်း သူတို့ ကဏန်းနဲ့တိုက်ပီး လုပ်တဲ့အချိန်တွေက အောင်မြင်တဲ့အတွက် နဲ့လုပ်တာ dominant ဖြစ်တဲ့အတွက် သူတို့ နဲ့လုပ်တယ်လို့ ထင်မှာပေါ့လေ။ ဒီလိုသဘောရှိပါတယ်။

နံပါတ် ၁၁ က Master Number လို့ ခေါ်တယ်။ ပြည့်ကျော်တဲ့ number ၁၀ က complete number လို့ခေါ်တယ်။ အမေရိကန်တွေက ၁၀ လို့ပြောရင် အကုန်ကောင်းတယ်။ totally complete ပေါ့ ပြောစရာမရှိဘူး perfect ဆိုရင် ၁၀ လို့ ကမ္ဘာမှာ သုံးလေ့ရှိတယ်။ ၁၀ ကကျော်မှ ၁၁ ဆိုတော့ ၁၁ သည် အင်မတန် ထူးခြားတဲ့ နံပါတ်။ မြန်မာတွေကတော့ အပူ ၁၁ မီးငြိမ်းတယ်ပေါ့ ဒီလို ယူဆတယ်။

ငြိမ်းချမ်းရေး အလားအလာနဲ့ပတ်သက်လို့ ဘယ်အရာမဆို တိုက်နေရင် တိုက်နေတဲ့အရာ တွေ တဖြည်းဖြည်း ငြိမ်းချမ်းအောင် ရှိမှာပဲ။ ပြန်တိုက်တာလည်း ဒါ သဘာဝပဲ။ ပူးနေတဲ့လိုင်းက ခွာဖို့ စဉ်းစားသလို ခွာနေတဲ့လိုင်းကလည်း ပူးဖို့ စဉ်းစားတယ် ဒါပဲ။

ဒီအချိန်ကတော့ ငြိမ်းချမ်းရေးဘက်ကို သွားနေတယ်။ လာမယ့်ရက်ပိုင်းတွေမှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အကြောင်းတွေ ဖြစ်ထွန်းမှာပေါ့။ နေရော လရော ကြတ်ပီးရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စစကား သူတို့ပြောရတော့မှာပဲ။ နေကြတ်တာ ၁၃ ရက်နေ့ လကြတ်တာ ၂၈ ရက်နေ့ပြီးရင် သူတို့ငြိမ်းချမ်းရေးစကားကို စက်တင်ဘာလ ၂၉ ရက်နေ့ကစပြီးတော့ အောက်တိုဘာလ first week or second week အတွင်းမှာ ငြိမ်းချမ်းရေး peace call ခေါ်ကိုခေါ်မယ်။ peace နဲ့ပတ်သက်တဲ့ accord တခု လက်မှတ်ထိုးကို ထိုးဖြစ်မယ်။ ဒါ ဗေဒင်ပဲ။ ဒါ ဗေဒင်အရ။ လက်တွေ့ကတော့ နိုင်ငံရေးသမား နို်င်ငံရေးလောကလည်း သိချင်မှ သိမယ်။ ခင်ဗျားတို့လည်း သိချင်မှ သိမယ်။ ဒါအစိုးရ ကိစ္စလေ။

ကျနော်က ဒါ ဗေဒင်အရ ကြိုဟောတာ။
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment