NCA လက်မှတ်ရေးထိုးပြီးပါက တိုက်ပွဲများ လုံးဝမဖြစ်တော့ဟု အာမ မခံသော်လည်း တိုက်ပွဲများပြန်မဖြစ်ရန် ထိန်းချုပ်ရေးအချက်များ စာချုပ်တွင်ပြည့်ပြည့်ဝဝထည့်ထားဟုဆို

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာ ချုပ်(NCA)လက်မှတ်ရေးထိုးပြီးပါက တိုက် ပွဲများ လုံးဝမဖြစ်တော့ဟု အာမမခံသော် လည်း တိုက်ပွဲများပြန်မဖြစ်ရန် ထိန်းချုပ် ရေးအချက်များကို NCA စာချုပ်တွင် ပြည့် ပြည့်ဝဝထည့်ထားကြောင်း ပြည်ထောင်စုအ ဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးပြီးပါက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး စက်တင် ဘာ ၁၄ ရက်တွင် မြန်မာငြိမ်းချမ်းရေးစင် တာ၌ နိုင်ငံရေးပါတီများကို ရှင်းလင်းရာ တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''လက်မှတ်ရေးထိုးပြီးသွားရင် တိုက်ပွဲ တွေလုံးဝမဖြစ်တော့ဘူးလို့ ကျွန်တော်အာမ မခံပါ။ နိုင်ငံတကာမှာရှိတဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်တွေ အားလုံးလိုက်ကြည့်ပါ။ လက်မှတ် ထိုးပြီး တိုက်ပွဲတွေ ပြန်ဖြစ်တာလဲရှိပါတယ်။ ပျက်သွားတာတွေလဲ ရှိပါတယ်။ ဒီ ထက်ပို ဆိုးသွားတာတွေလဲရှိပါတယ်။ သို့သော်လဲ ပဲ ဒီလိုဖြစ်နိုင်တာတွေရှိတဲ့အတွက် အဲဒီလို မဖြစ်အောင် ဃြဗ စာချုပ်ထဲမှာပြည့်ပြည့် ဝဝထည့်ထားပါတယ်''ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

NCA စာချုပ်တွင် တိုက်ပွဲများ ပြန်မ ဖြစ်အောင် ထိန်းချုပ်ကြီးကြပ်ရန်အတွက် နှစ်ဖက်ပူးတွဲပါဝင်သည့်ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဖွဲ့ရမည်ဖြစ်ပြီး ယင်းကော်မ တီက နှစ်ဖက်တပ်များလိုက်နာရမည့်စည်း ကမ်း၊ အရပ်သားများကို ပြုကျင့်ရမည့်ကျင့် ဝတ်များ၊ တပ်နယ်မြေသတ်မှတ်ရေးစသည့် နှစ်ဖက်လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်း ကို ရေးဆွဲကာ ထိုကျင့်ဝတ်အတိုင်းလိုက်နာ မည်ဆိုပါက တိုက်ပွဲဖြစ်ပွားရန်အခြေအနေ မဖြစ်ပေါ်နိုင်ကြောင်း ယင်းက ပြောသည်။

ယင်းအပြင် ဦးအောင်မင်းက တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ပါ က ယခုစာချုပ်ကို နိုင်ငံတကာက မြန်မာ မိုဒယ်လ်ဟု သတ်မှတ်ကာ အတုခိုးရမည့် ပုံစံဖြစ်လာမည်ဟုဆိုသည်။

''ဒီစာချုပ်ကြီးက ပေါ့ပေါ့တန်တန်ရေး ဆွဲထားတာမဟုတ်ပါဘူး။ ၁၉ လကာလအ တွင်းမှာ ရန်ဖြစ်ကြပြုကြနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက အကြံÓဏ်တွေယူနဲ့ ရေး ဆွဲထားတာဖြစ်ပါတယ်။ စာချုပ်အစကနေ အဆုံးထိ ကျွန်တော်ပါတာဖြစ်တဲ့အတွက် ဒီစာချုပ်ဟာ အခြားနိုင်ငံက စာချုပ်တွေ ထက် အများကြီးသာတယ်လို့ပြောလို့ရတယ်။ အကယ်၍သာ ဒီစာချုပ်ကို လက်မှတ်ရေး ထိုးနိုင်မယ်ဆိုရင်တော့ မြန်မာမော်ဒယ်လ် လို့ သတ်မှတ်ခြင်းခံရပြီးတော့ နိုင်ငံတကာ မှာ ဒီစာချုပ်ကို အတုခိုးရမယ့်ပုံစံတွေဖြစ်လာ ပါမယ်။ အခုတောင်မှ အချို့နိုင်ငံတွေက ဒီစာချုပ်ကို လာပြီးတော့ ကူးယူပြီးတော့ ဘယ်လိုလုပ်တယ်၊ ဘယ်လိုဖွဲ့တယ်၊ ဘယ် လိုဆောင်ရွက်တယ်ဆိုတာကိုမေးတဲ့အဆင့် တောင်ရောက်လာပါပြီ။ ကျွန်တော်တို့က အရင်တုန်းက သူများဆီမှာတပည့်ခံပါတယ်။ အခုတော့ ငြိမ်းချမ်းရေးမှာ အခြားနိုင်ငံတွေ နဲ့ယှဉ်ရင် ဆရာပြန်ဖြစ်လာပါပြီ''ဟု ဦးအောင် မင်းက ထပ်လောင်းပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သည့်(NCA)လက်မှတ် ရေးထိုးပြီးပါက ဆက်လက်ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များရှင်းလင်းပွဲကို နိုင်ငံ ရေးပါတီ ၇ဝ ကျော်မှ ပါတီကိုယ်စားလှယ် များတက်ရောက်ခဲ့ပြီး မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူများက ရှင်းလင်းပြော ကြားခဲ့သည်။
YM, ZCH
‪#DemocracyToday‬ 
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment