ဓါတ်ဆီတင်ယာဉ်ဘရိတ်ပေါက်ရာမှ ယာဉ်တိုက်မှုဖြစ် |
အဆိုပါ ၂၂ ဘီးကားကြီးသည် ဦးပိုင်(ကုမ္ပဏီ၏) ကုန်တင်ကားဖြစ်ကြောင်း ၊ တရုတ်ပြည်မှဓါတ်ဆီများ မြန်မာ နိုင်ငံသို့ ပို့ဆောင်ရန် တင်လာသောကားဖြစ်ကြောင်း ၊ ၄င်းကားသည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ သုံးဘီး ဆိုင်ကယ်မောင်းလာသောလူတစ်ဦးကိုတိုက်မိပြီး နောက် လားရှိုး မူစယ် လိုင်းကားသေး ၁၀ စီးနှင့် သုံးဘီးဆိုင်ကယ် သုံးစီးတို့ကို တိုက်မိသွားကြောင်း မြင်တွေ့ရှိရသူ မူစယ်သား စိုင်းသန်း ကဆိုသည်။
“ကားတိုက်ခံရတဲ့ သုံးဘီးမောင်းတဲ့ လူကတော့ အသက် ၃၀ လောက်ရှိမယ်။ ဗမာအမျိုးသား ။ အဲ့နေရာမှာ တင် ပွဲချင်းပြီးသေဆုံးတယ်၊ ပျက်စီးသွားတဲ့ကားတွေကို နန်းတော်(ခရီးသွား လုပ်ငန်း) ကားရပ်နားကွင်းထဲမှာ သွားထားတယ်၊ သုံးဘီးဆိုင်ကယ် ၃ စီးကိုတော့ အာဏာဘက်များက မူစယ်ရဲစခန်းကို ယူဆောင်သွားပြီ ”ဟု ၄င်းကပြောသည်။
၎င်းယာဉ်ဆင့်ပွားတိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး၊ လူ ၅ ဦးထက်မနဲထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ထိခိုက် ဒဏ်ရာ ရသူတစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင်ရှိနေကြောင်း မူစယ်ဆေးရုံဝန်ထမ်း တစ်ဦး ကဆို သည်။ ယာဉ်မောင်းကိုမူ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် ထားကြောင်း မြို့ခံများကပြောသည်။
မူစယ်မြို့သည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်ပြီး ပြည်ထောင်စု ကားလမ်းမ မှာလည်း ကျဉ်း သည်က တစ်ကြောင်း၊ စည်းကမ်းမဲ့ ကားလမ်းမဘေး၌ ရပ်နားထားသော ယာဉ်များလည်း များပြားလွန်းသဖြင့် မကြာခဏ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေပြီး အဆိုးရွားဆုံးမှာ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုကြောင့် လစဉ်ယာဉ်တိုက်မှု ၁၀ မှုထက်မနဲ ဖြစ်ပွားလျှက်ရှိပြီး သေကြေ ဒဏ်ရာရမှုများလည်း မနည်းရှိခဲ့ကြောင်း မူစယ်မြို့ ယာဉ်ထိန်းရဲအသိုင်းအဝိုင်းများထံမှသိရသည်။
0 comments:
Post a Comment