လက်ဖက်စိုက်ခင်းများပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် လက်ဖက်အထွက်နှုန်းလျော့ကျ


လက်ဖက်စိုက် ခင်းများ ပြုပြင်ထိန်းသိမ်းမှုအား နည်းခြင်းကြောင့် ပြည်တွင်းလက် ဖက်အထွက်နှုန်းမှာ လျော့ကျလာ ကြောင်း မြန်မာနိုင်ငံလက်ဖက်စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအစုအဖွဲ့မှ သိရသည်။

ပြည်တွင်းတွင် လက်ဖက်ကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး လက်ရှိလက် ဖက်စိုက်ခင်းများမှာ ပြုပြင်ထိန်း သိမ်းမှုအားနည်းခြင်းကြောင့် အ ထွက်နှုန်းကျဆင်းပြီး လက်ဖက်စိုက် ပျိုးတောင်သူများ အလုပ်သမားရှား ပါးမှု အခက်အခဲများကြုံတွေ့နေရ ကြောင်း မြန်မာနိုင်ငံလက်ဖက်စိုက် ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့မှ ဥက္ကဋ္ဌဦးထွန်းမြိုင်က''လက် ဖက်အထွက်နှုန်းက တစ်နှစ်ထက်တစ် နှစ်လျော့ကျလာတယ်။ လက်ဖက် ပင်တွေကို ပြုပြင်ထိန်းသိမ်းတဲ့ အခါမှာ တောင်သူတွေကနည်းပညာ တွေရှိပေမယ့် အရင်းအနှီးအခက် အခဲကြောင့် မထိန်းသိမ်းနိုင်ကြ တော့ အထွက်နှုန်းမတိုးဘဲလျော့ကျ လာတယ်။ လက်ဖက်ခူးလုပ်သား ရှားပါးတဲ့ပြဿနာလဲ လက်ဖက်စိုက် ပျိုးတောင်သူတွေမှာ ဖြစ်နေတယ်'' ဟုပြောသည်။

လက်ရှိမြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအစုအဖွဲ့၊ ပလောင်လက်ဖက် အသင်းတို့သည် နိုင်ငံတကာအဖွဲ့ အစည်းဖြင့်ပူးပေါင်း၍ လက်ဖက် စိုက်ပျိုးတောင်သူများကို နည်းပညာ သင်တန်းများပေးသော်လည်း တောင်သူများအနေဖြင့် လုပ်ကိုင် ရန် အရင်းအနှီးလိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

ဦးထွန်းမြိုင်က ''လက်ဖက်အ ထွက်နှုန်းတိုးတက်ဖို့ ပျိုးပင်သင် တန်းတွေ၊ အထွက်နှုန်းတိုးတက် အောင် စိုက်ပျိုးမယ့်နည်းစနစ်၊ သန့် ရှင်းသပ်ရပ်တဲ့ ထုပ်ပိုးမှုစနစ်တွေကို တောင်သူတွေအတွက် သင်တန်း တွေပို့ချပြီးနေပြီ။ တောင်သူတွေ အတွက် နည်းပညာလိုအပ်ချက်တွေ မရှိပေမယ့် လိုက်လုပ်ဖို့စရိတ်တွေ အတွက် အရင်းအနှီးလိုအပ်ချက် တွေတော့ရှိတယ်''ဟု ပြောကြားခဲ့ သည်။

ယင်းအပြင် မြန်မာနိုင်ငံလက် ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများ အစုအဖွဲ့နှင့် ပလောင် လက်ဖက်အသင်းတို့ ပူးပေါင်း၍ နမ့်ဆန်မြို့၊ ဇယန်းကျေးရွာရှိ စံပြ လက်ဖက်စက်ရုံတွင် ဩဂုတ်လ၍ လက်ဖက်အချိုခြောက် နည်းပညာ သင်တန်းများကို ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ နယ်မှ လက်ဖက်လုပ်ငန်းရှင်တစ်ဦး က ''လက်ဖက်စိုက်ပျိုးတဲ့အခါမှာ နည်းပညာ သင်တန်းတွေတက်ပြီး လိုက်လုပ်မယ်ဆိုပေမယ့် စရိတ်ရှိမှ လိုက်လုပ်လို့ရမှာ။ စရိတ်မရှိတော့ လိုက်လုပ်ဖို့အတွက် အဆင်မပြေ ဘူး။ ဒီအတွက်အစိုးရကနေ နှစ်ရှည် ချေးငွေကို လိုအပ်တယ်။ အခုက စိုက်ပျိုးရေးလုပ်ဖို့ ခြောက်လလောက် နဲ့ပြန်ဆပ်ဆိုတော့ အဆင်မပြေဘူး။လက်ဖက်တောင်သူတွေကို လေးနှစ် လောက်နှစ်ရှည်ချေးငွေနဲ့ ချေးပေး ရင် အဆင်ပြေလာမှာပါ''ဟု ပြောဆို ခဲ့သည်။

လက်ဖက်ရာသီသည် မတ်လ ကုန်မှ အောက်တိုဘာလအထိဖြစ် ပြီး လက်ရှိလက်ဖက်လက်ကားဈေး နှုန်းများမှာ လက်ဖက်အချိုခြောက် တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ကျပ် ၆၅၀၀ အကြားရှိပြီး လက် ဖက်အစိုဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၅၀၀ အထိရှိပြီး အရည်အသွေးပေါ်လိုက်၍ ဈေးနှုန်းမြင့်တတ်ကြောင်း သိရသည်။
TEEP
Democracy  Today‬
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment