ဇွန်လ ၁ ရက်နေ့မှစ၍ မိုဘိုင်းလ်ဖုန်းငွေဖြည့်ကတ်များကို အခွန် ၅ ရာခိုင်နှုန်းကောက်မည်ဖြစ်သည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
အစိုးရက လာမည့် ဇွန်လ ၁ ရက်နေ့မှစတင်၍ မိုဘိုင်းလ်ငွေဖြည့်ကတ်များမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက် ခံမည်ဟု မေလ ၁၈ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်ရာ ယင်းသို့ ဖုန်းငွေဖြည့်ကတ်များကို အခွန် ကောက် မည့် အပေါ် ပြည်သူအများစုက သဘောကျ နှစ်ခြိုက်ခြင်းမရှိဘဲ ဝေဖန်ပြောဆိုမှုများ မြင့်တက် လျက်ရှိသည်။
၂၀၁၅ ခုနှစ်၊ ဧပြီ ၁ ရက်နေ့စွဲဖြင့် ပြင်ဆင်ပြဋ္ဌာန်းထားလိုက်သည့် ပြည်ထောင်စု အခွန်ဥပဒေအသစ်အရ ပြည်တွင်း ဆက် သွယ်ရေး အော်ပရေတာ ၃ ခုထံမှ ငွေဖြည့်ကတ်ဝယ်ယူ၍ မိုဘိုင်းလ် ဖုန်းငွေဖြည့်ခြင်း၊ ဆင်းမ်ကတ်ဝယ်ယူခြင်းအပေါ် သုံးစွဲသူ များထံမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကောက်ခံရရှိသည့် အခွန်များကို ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် အသုံးပြုသွားမည် ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ သည်။
မိုဘိုင်းလ်ငွေဖြည့်ကတ်မှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ရာ ငွေကျပ် ၁၀၀၀ တန်ငွေဖြည့်ကတ် ၀ယ်ယူ ငွေဖြည့်ဆိုလျှင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သောကြောင့် ၉၅၂ ကျပ်သာလျှင် ဖုန်းထဲသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ငွေကျပ် ၃၀၀၀ တန် ငွေဖြည့်ကတ်ဆိုလျှင် ကုန်သွယ်လုပ်ငန်းခွန် ၁၄၃ ကျပ် ကျသင့်မည်ဖြစ်ပြီး သုံးစွဲသူအနေဖြင့် ၂၈၅၇ ကျပ်သာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ငွေကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်အသုံးပြုလျှင် အခွန် ၂၃၈ ဖြတ်တောက်မည်ဖြစ်ပြီး ၄၇၆၂ ကျပ်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ငွေကျပ် ၁၀၀၀၀ တန်ငွေဖြည့်ကတ်အသုံးပြုလျှင် အခွန် ၄၇၆ ကျပ် ဖြတ်တောက်မည်ဖြစ်ပြီး ငွေကျပ် ၂၀၀၀၀ တန်ငွေဖြည့်ကတ်ဆိုလျှင် အခွန် ၉၅၂ ကျပ်ဖြတ်တောက်မည် ဖြစ်သည်။
စာတိုက်နှင့်ဆက်သွယ်ရေးဌာနမှ ဒါရိုက်တာ ဦးသန်းထွန်းအောင်က “၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှာကတည်းက ပေးရမယ့် အချိန် မှာ အော်ပရေတာ ၂ ဦးကိုထပ်ခေါ်ခဲ့တယ်။ အစိုးရပိုင် အော်ပရေတာကလည်း ကြိုးစားနေချိန်ဖြစ်တော့ ကုန်သွယ် ခွန် ကောက်ဖို့ တနှစ်နောက်ဆုတ်ပေးခဲ့ပါတယ်။ အခု ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှ စကောက်တာပါ၊ ကောက်တဲ့အခါမှာ လည်း အော်ပရေတာ ၃ ခုလုံး တူဖို့လိုပါတယ်”ဟု ပြောသည်။
အစိုးရက ဖုန်းငွေဖြည့်ကတ်များအားလုံးကို အခွန်ကောက်ခံမည်ဖြစ်ရာ ယင်းကောက်ခံမည့်အစီအစဉ်သည် သုံးစွဲသူ အား လုံး ကို သက်ရောက်မည်ဖြစ်ရာ ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး စီးပွားရေးပညာရှင်တချို့က ပြည်သူ ကို ပိုမိုဝန်ပိစေသော လုပ်ရပ်အဖြစ် ဝေဖန်ပြောဆိုလိုက်သည်။
စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက “ကုမ္ပဏီအပေါ်မှာ ကောက်ခံရမယ့် အခွန်ကို ပြည်သူအပေါ် ထပ်တင်တာ၊ အစိုးရက လုပ်ငန်းတွေအပေါ် ကောက်သင့်တဲ့အခွန်။ အဲဒီတော့ ပြည်သူတွေက ခံနိုင်ရင်ပေးပေါ့။ မသုံးရင်တော့ ပေးစရာ မလိုဘူး။ ဒါကို ရှောင်ချင်ရင်မသုံးနဲ့။ သပိတ်မှောက်လိုက် ပြည်သူကလည်း ညီညွှတ်ဖို့ လိုတာပေါ့။ အခုက
အော်ပရေ တာ ၃ ခုညှိပြီးလုပ်တာ။ လုပ်ငန်းရှင်တွေက စားသုံးသူကို အားစမ်းပြီး စော်ကားတာ၊ သပိတ်သာမှောက်လိုက်။ ဒါမျိုး နိုင်ငံတကာမှာ မရှိဘူး”ဟု ပြောသည်။
အစိုးရ၏ အခွန်ကောက်ခံမှုစနစ်များသည် ရှုပ်ထွေးလှပြီး နားလည်ရန် ခက်ခဲသည့်အတွက် ပြည်သူအများစု၏ သဘောကျ ကျေနပ် မှု မရရှိခြင်းဖြစ်သည်ဆိုသော ဝေဖန်ချက်များလည်း ပေါ်ထွက်လျက်ရှိသည်။
မြန်မာနိုင်ငံစားသုံးသူ အခွင့်အရေး ကာကွယ်ရေး သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်က “ မလေးရှားမှာဆိုရင် ဖုန်းငွေဖြည့် ကတ် တွေ ရောင်း ကတည်းက အခွန်ပါတယ်။ အကယ်၍ အခွန်ကောက်မယ်ဆိုရင်တော့ ဥပမာ-ကုမ္ပဏီက ပြန်ရောင်းမယ့်သူကို ဖုန်းငွေဖြည့်ကတ်ကို ၉၅ကျပ် နဲ့ပေး၊ ပြန်ရောင်းတဲ့သူက ၁၀၀ကျပ်နဲ့ ပြန်ရောင်းလိုက်တော့ စားသုံးသူက မသိသာ လိုက် ဘူး ပေါ့၊ အခု အခွန်တွေက ရှုပ်ထွေးနေတယ်။ ထိရောက်တဲ့ကိစ္စလို့ မထင်ဘူး၊ သေချာဆွေးနွေးပြီးလုပ်သင့်တယ်”ဟု ပြောသည်။
ဖုန်းငွေဖြည့်ကတ်များကို အခွန်ကောက်ခံခြင်းအပေါ် အပြုသဘောမြင်သူတချို့ရှိသော်လည်း အစိုးရအနေဖြင့် အခွန်နှင့် ပတ်သက်၍ ပြည်သူများ သိရှိနားလည်လက်ခံစေရန် အသိပညာပေးမှုများ ဆောင်ရွက်သင့်သည်ဟု အကြံပြု ပြောဆို ကြ သည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အတွင်းရေးမှူး ဦးဇော်မင်းဦးက “ စားသောက်ဆိုင်တွေမှာ ပေးရတဲ့အခွန်မျိုးပါပဲ။ အများစု ကတော့ ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး အသိပညာနည်းသေးတယ်၊ တခြာမှာလည်းကောက်တယ် ဒါက နိုင်ငံတော် ရတာ၊ နိုင်ငံတကာမှာက အနိမ့်ဆုံး ၅ ရာခိုင်နှုန်းပဲ၊ ဖွံ့ဖြိုး ပြီး နိုင်ငံတွေမှာကတော့ ၇ ရာခိုင်နှုန်းထိကောက်တာရှိတယ်”ဟု
ပြောသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ ၁၈ ဒသမ ၁သန်း ရှိကြောင်း မေလ ၁၆ ၇က်က အစိုးရ၏ ထုတ်ပြန်ကြေညာ ချက် အရ သိရှိရသည်။
http://burma.irrawaddy.org/business/2015/05/19/75291.html
0 comments:
Post a Comment