အမေရိကန်တွင် ပိုက်လိုင်းပျက်စီးမှုကြောင့် ရေနံဂါလန်သောင်းချီ သမုဒ္ဒရာထဲ ယိုဖိတ်
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် စန်တာဘာဘရာမြို့နား ကမ်းခြေတလျှောက် ရေနံပိုက်လိုင်းတခု ပြီးခဲ့တဲ့ မေ ၁၉ ရက်ေ်န့က ပျက်စီးမှုကြောင့် ရေနံဂါလန် ပေါင်း ၂၁၀၀၀ သမုဒ္ဒရာနဲ့ ကမ်းခြေတွေထဲကို ယိုဖိတ်ခဲ့တယ်လို့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ် ပြောခွင့်ရက ပြောပါတယ်။
အမှတ် ၁၀၁ အဝေးပြေးလမ်းမကြီးနဲ့ မျဉ်းပြိုင်ရှိနေတဲ့ ရေနံပိုက်လိုင်း ကျိုးပါက်မှုကြောင့် ၄ မိုင်ရှည်တဲ့ ရေနံပြင်ကြီးက ရေဖျုဂီယို ပြည်နယ်ကမ်းခြေတလျှောက် ပင်လယ်ဘက်ကို ကိုက် ၅၀ လောက် ထိုးထွက်နေတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က တပ်ကြပ်ကြီး အင်ဒရီယာ အန်ဒါဆန်က ပြောပါတယ်။
၂၄ လက်မအချင်းရှိတဲ့ ပိုက်လိုင်းအတွက် Plains All American ပိုက်လိုင်းကုမ္ပဏီမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။
ကုမ္ပဏီကတော့ ယိုဖိတ်မှုတွေကို သန့်စင်ရေး စလုပ်နေပြီး ကမ်းခြေကို ပိတ်ထားလိုက်ရပါတယ်။
ကမ်းခြေတလျှောက် သဲနဲ့ ကျောက်တုံးတွေမှာ ရေနံပြင်ထူက ဖုံးအုပ်ထားတာပါ။ ရေနံပိုက်လိုင်း ကျိုးပေါက်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ရှင်းလင်းရေး လုပ်ငန်းစဉ်မှာ ကူညီဖို့ စန်တာဘာဘရာမြို့နယ် ငါးနဲ့ သားရိုင်းဌာနက ကူညီနေတယ်လို့ မြို့နယ်ရဲ့ အရေးပေါ်မန်နေဂျာ ရစ်ချတ် အာဘရမ်စ်က ပြောခဲ့ပါတယ်။ ရေနံပိုက်လိုင်းကုမ္ပဏီက ကိုယ်စားလှယ်တွေကိုတော့ ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။
http://burmese.dvb.no/archives/93773
0 comments:
Post a Comment