အီဘိုလာအတွက် ဒေါ်လာသန်း ၁၀၀ ရန်ပုံငွေ ထားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အီဘိုလာဗိုင်းရပ်စ်ကို လုံလောက်အောင် တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က ဝန်ခံခဲ့ပါတယ်။

နောက်တကြိမ် မပြင်ဆင်ထားမိတာမျိုး မဖြစ်ချင်လို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေ တည်ထောင်မယ်လို့ WHO ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး မာဂရက်ချန်းက အဖွဲ့ရဲ့ ညီလာခံအတွင်း မိန့်ခွန်းထဲမှာ ပြောပါတယ်။

ကနဦးတုံ့ပြန်မှုကို ချက်ချင်းလုပ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ရှိတာ သေချာစေရေး အဖွဲ့ဝင်နိုင်ငံတွေရဲ့ အထောက်အပံ့နဲ့ ရန်ပုံငွေ တည်ထောင်တာလို့ သူက ပြောပါတယ်။

၂၀၁၃ ဒီဇင်ဘာမှာ ဂီနီနိုင်ငံမှာ ပထမဆုံး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခဲ့ပေမယ့် ၂၀၁၄ သြဂုတ်လအထိ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အဆင့်ကို မကြေညာခဲ့ပါဘူး။

ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာလီယွန်နိုင်ငံတွေမှာ အီဘိုလာ ဗိုင်းရပ်စ်ကူးစက် ခံရမှုကြောင့် သေဆုံးသူ အယောက် ၁၁၀၀၀ ကျော် ရှိခဲ့တယ်လို့ WHO က မေ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဂီနီနိုင်ငံအတွင်း အီဘိုလာကူးစက်မှုအသစ် တကျော့ပြန်ဖြစ်မှုဟာ ဈာပနပွဲတွေမှာ ကူးစက်တာ ဖြစ်လို့ စိုးရိမ်စရာ လက္ခဏာဖြစ်တယ်လို့ ကျန်းမာရေး အရာရှိတယောက်က ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့က ပြောပါတယ်။

လိုင်ဘေးရီးယားနိုင်ငံကတော့ ၄၂ ရက်အတွင်း ကူးစက်မှု တမှုမှ ထပ်မဖြစ်ခဲ့လို့ အီဘိုလာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ခံရတဲ့ နိုင်ငံ ၃ နိုင်ငံမှာ ဗိုင်းရပ်စ်ကင်းစင်ကြောင်း ပထမဆုံး  ကြေညာတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။

ဂီနီနဲ့ ဆီယာလီယွန်နိုင်ငံတွေကတော့ မေ ၁၀ ရက်နေ့ သီတင်းပတ်အတွင်း ကူးစက်မှု အသစ် ၉ ယောက် ရှိခဲ့လို့ ဒီနှစ်ထဲမှာ ကူးစက်မှု အနည်းဆုံး သီတင်းပတ် ဖြစ်ခဲ့တယ်လို့ WHO က ပြောပါတယ်။

http://burmese.dvb.no/archives/93776
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment