စတားရစ်ဂ်ျ၏ တင်ပါးဒဏ်ရာ ခွဲစိတ်မှု အောင်မြင်


လီဗာပူးလ် အသင်း၏ တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျသည် တင်ပါးဒဏ်ရာ ခွဲစိတ်မှုတစ်ရပ် အောင်မြင်စွာ ခံယူနိုင်ခဲ့ကြောင်း သိရသည်။

အင်္ဂလန် လက်ရွေးစင် စတားရစ်ဂ်ျသည် ယခုရာသီ တစ်လျှောက်လုံး ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးအကြိမ်တွင် တင်ပါး၌ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အမေရိကန်မှ ခွဲစိတ်အထူးကု ဆရာဝန်များ၏ အကြံပေးမှုကို ရယူပြီးနောက် ခွဲစိတ်မှု ခံယူရန် ဆုံးဖြတ်လိုက်သည်။ ယခုအခါ အဆိုပါ ခွဲစိတ်မှု အောင်မြင်ကြောင်း စတားရစ်ဂ်ျက ပရိသတ်များထံ အသိပေးခဲ့ပြီး မကြာမီ ကာလအတွင်း ပြန်ကစားနိုင်ရန် မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့သည်။

“တစ်ကမ္ဘာလုံးကို သိစေချင်တာက ကျွန်တော်ဟာ အောင်မြင်တဲ့ တင်ပါး ခွဲစိတ်မှုတစ်ရပ်ကို ခံယူပြီးပါပြီ။ အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ဖို့ ဖြစ်လာစေခဲ့တဲ့အတွက် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ထောက်ခံအားပေးနေသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု စတားရစ်ဂ်ျက ၎င်း၏ Instagram အကောင့်တွင် ရေးသားခဲ့သည်။ စတားရစ်ဂ်ျ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသည့်နောက် လီဗာပူးလ်သည်လည်း တိုက်စစ်ပိုင်း အကျပ်အတည်းများစွာ ကြုံခဲ့ရပြီး လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပင် မရေရာသော အနေအထားမျိုး ကြုံနေရပြီဖြစ်သည်။

Soccer Myanmar
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment