ဇွန်လ ၁ ရက်နေ့မှာ ဖုန်းဘီလ်ကနေ စတင်ကောက်ခံတော့မယ့် ကုန်သွယ်လုပ်ငန်းခွန်မှာ ပြားစွန်းတွေကို ပိုကောက်ထားတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“၁၉၉၀ နောက်ပိုင်းကတည်းက အဲလိုလုပ်ခဲ့တာပါ။ စာရင်းလုပ်ရာမှာ အခက်အခဲရှိလို့ အခွန်တွက်ချက်ပြီး ပြား ၅၀ ထက်ပိုရင် ၁ ကျပ် တိုးယူတာပါ” လို့ လက်ထောက်ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူ တယောက်က ဒီဗွီဘီကို ပြောပါတယ်။
မကြာခင်ကောက်ခံတော့မယ့် နှုန်းတွေအရ ၁ ထောင်တန် ငွေဖြည့်ကတ် နဲ့ ၃ ထောင်တန် ငွေဖြည့်ကတ်တွေမှာ ၁၅ ပြားကနေ ပြား ၄၀ အထိ ပိုယူထားတာပါ။ ဒါပေမယ့် ၅ ထောင်တန် ငွေဖြည့်ကတ်ကနေ ၂ သောင်းတန်ကတ်တွေမှာတော့ ၁၀ ပြားကနေ ပြား ၄၀ အထိ လျှော့ယူထားတာ တွေ့ရပါတယ်။
ပြင်ဆင်လိုက်တဲ့ ကုန်သွယ်လုပ်ငန်းခွန်အရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကနေ အခွန်ကောက်ခံ လာတာဖြစ်ပြီး လစဉ်၊ နှစ်စဉ်ကြေးပေးသုံးရတဲ့ အင်တာနက်လိုင်းတွေ အတွက်တော့ ညွှန်ကြားချက် တစုံတရာ မရှိသေးဘူးလို့လည်း အဲဒီ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ထုတ်ပြန်ချက်တွေအရ ဖုန်းလိုင်းအားလုံးကို ကောက်ခံမှာဖြစ်ပြီး ပြောပြီးမှ ငွေပေးရတဲ့ ဖုန်းတွေကတော့ ဖုန်းဘီလ်ပေးဆောင်ရတဲ့အချိန်မှာ အခွန်ကို တပါတည်းပေးဆောင်ရမှာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/93793
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment