ဗြိတိန် ရတနာသိုက်ဖောက်ထွင်းသူများကို ဖမ်းမိပြီ


ဗြိတိန်နိုင်ငံ အကြီးဆုံး ရတနာဆိုင် ဖောက်ထွင်းမှုနဲ့ ပတ်သက်လို့ ပင်စင်စား ၃ ယောက်အပါအ၀င် လူ ၇ ဦးကို ဖမ်းဆီးထားလိုက်ပြီလို့ ဗြိတိန်ရဲတပ်ဖွဲ့က မေ ၁၉ ရက် က ပြောပါတယ်။

ပြီးခဲ့တဲ့လက လန်ဒန်မြို့ရဲ့ ရတနာလုပ်ငန်းလုပ်ကိုင်တဲ့ ရပ်ကွက်မှာ ရတနာသိုက် ဖောက်ထွင်းမှု ဖြစ်ခဲ့ပြီး ဗြိတိန်သမိုင်းမှာ အကြီးဆုံးလုယက်မှု ဖြစ်နိုင်တယ်လို့ ဒေသခံ မီဒီယာက ပြောဆိုထားပါတယ်။

အီစတာပွဲတော်ကာလ သီတင်းပတ်တုန်းက ရတနာအရောင်းဆိုင် ၅၀ ကျော်ရှိတဲ့ ဟက်တန်ဂါးဒင်းမှာ တခြားဆိုင်ခန်းတွေ ပိတ်ထားချိန်မှာ ဖြစ်ပွားခဲ့တာပါ။

သူခိုးတွေဟာ ဟက်တန်ဂါးဒင်း လုံခြုံရေး အာမခံ လီမိတက်ရဲ့ ဓာတ်လှေကား လိုဏ်ခေါင်းကနေ ဖောက်ဝင်ခဲ့ပြီး ရတနာသေတ္တာ ဒါဇင်ပေါင်းများစွာကို ယူဆောင် သွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ အခိုးခံရတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘာမှ အသေးစိတ် တရားဝင် မပြောပေမယ့် မီဒီယာတွေ ခန့်မှန်းတာကတော့ ပေါင် သန်း ၂၀၀ လောက် (အမေရိကန်ဒေါ်လာ သန်း ၃၀၀ လောက်) ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က ရဲအရာရှိ ၂၀၀ ကျော်က လန်ဒန်မြို့ မြောက်ဘက်နဲ့ အင်္ဂလန် အရှေ့တောင်ဘက်က အိမ်လိပ်စာ ၁၂ ခုကို ၀င်ရောက် စီးနင်းရာမှာ အသက် ၄၈ နှစ်ကျော် ဗြိတိသျှလူမျိုး ၇ ယောက်ကို ဖောက်ထွင်းခိုးယူဖို့ လျှို့ဝှက်ကြံစည်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီထဲက ၃ ယောက်က အသက် ၆၇ နှစ်၊ ၇၄ နှစ် နဲ့ ၇၆ နှစ် ရှိနေပါတယ်။ စုံထောက်တွေ ၀င်ရောက်စီးနင်းစဉ်မှာ အဲဒီလူတွေ ဖောက်ထွင်းခဲ့တုန်းက ခိုးယူခဲ့တဲ့ တန်ဖိုးကြီးပစ္စည်းတွေ အိတ်ကြီးတွေထဲမှာ ထည့်ထားတာကို တွေ့ခဲ့ရတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က အထူးတပ်ဖွဲ့ခေါင်းဆောင် စုံထောက်အကြီးအကဲ ခရေ့ဂ်တန်နာက ပြောပါတယ်။

ဗြိတိန်ရဲ့ ဖောက်ထွင်းမှုသမိုင်းမှာ ၂၀၀၆ ခုနှစ်တုန်းက လန်ဒန်မြို့ အရှေ့တောင်ဖက် တွန်ဘရစ်ခ်ျက ငွေတိုက်မှာ ငွေသား ၅၃ သန်း ခိုးယူမှုနဲ့ ၂၀၀၀ ခုနှစ်တုန်းက လန်ဒန်ရဲ့ Millennium Dome အဆောက်အဦကနေ ပေါင်သန်းပေါင်း ၃၅၀ တန်တဲ့ စိန်တွေကို ဖောက်ထွင်းခိုးယူမှုကတော့ တန်ဖိုးအများဆုံး ဖောက်ထွင်းမှုအဖြစ် မှတ်တမ်းတင်ထားပါတယ်။

http://burmese.dvb.no/archives/93795
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment