ပညာရေးဝန်ကြီးဌာနတွင် လုပ်ကိုင်နေသည့် အထွေထွေလုပ်သားနှင့်ကျောင်းစောင့်များ အမြဲတမ်းဝန်ထမ်းဖြစ်ရန်အခွင့်အလမ်း နည်းပါးနေသေးဟုဆို

ဝန်ကြီးဌာန၏ဘတ်ဂျက်ခွဲဝေချထားပေးမှုအပေါ် မူတည်၍ ခန့်ထားရသောကြောင့် ပညာရေးဌာနများရှိ အထွေထွေလုပ် သားနှင့် ကျောင်းစောင့်များအမြဲ တမ်းဝန်ထမ်းဖြစ်ရန်အခွင့်အလမ်း နည်းပါးနေခြင်းဖြစ်ကြောင်း အခြေ ခံပညာအသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ နေ့စားလပေး ဝန်ထမ်း များ ခန့်ထားရာတွင် မူလတန်းပြရာ ထူး၊ အထွေထွေလုပ်သားနှင့်ကျောင်း စောင့်အစရှိသည့် ရာထူးများခွဲခြား သတ်မှတ်ခန့်ထားခြင်းဖြစ်ကြောင်း၊ ယင်းတို့ကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားရာ၌ ဝန်ကြီးဌာန၏ ဘဏ္ဍာ ရေးခွဲဝေချထားပေးမှုအပေါ်မူ တည်ပြီး ခန့်ထားရသောကြောင့် မြို့ နယ်အခြေပြု မူလတန်းပြဆရာအ တတ်သင် သင်တန်းဆင်း လက်မှတ် ရရှိထားသူဆရာများကိုသာ ဦးစား ပေးခန့်ထားခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်ပြီး အမှတ် (၂)အခြေခံပညာဦးစီးဌာနမှတာ ဝန်ရှိသူတစ်ဦးက''အမြဲတမ်းဝန်ထမ်း ခန့်တာက ဘဏ္ဍာရေးခွင့်ပြုမှုအ ပေါ်မူတည်ပြီးခန့်ရတယ်။ သတ်မှတ် ထားတဲ့ ဘတ်ဂျက်ထက်ပိုပြီးအရေ အတွက်ကိုတိုးခန့်လို့မရဘူး။ အထွေ ထွေလုပ်သားတွေနဲ့ကျောင်းစောင့် တွေကိုလဲ အမြဲတမ်းဝန်ထမ်းခန့်နိုင် ဖို့အထက်ကိုတင်ပြထားပါတယ်။ ခွဲဝေချထားပေးမယ့် ဘဏ္ဍာငွေအခြေ အနေအရ ခန့်နိုင်ဖို့ကြိုးစားနေပါ တယ်''ဟု ပြောသည်။

နေ့စားလပေးဝန်ထမ်းလျှောက် ထားရာ၌ ဝင်ခွင့်စာမေးပွဲဖြေဆိုရ ကြောင်း၊ ဖြေဆိုရသောမေးခွန်းသည် တစ်ပြေးညီဖြစ်သော်လည်း မူလတန်းပြ၊ အထွေထွေလုပ်သားနှင့် ကျောင်း စောင့်ရာထူးများကို ကာယကံရှင်၏ ရွေးချယ်မှုပေါ်တွင်သာ မူတည်ပြီး လျှောက်ထားရကြောင်း သိရသည်။

''တချို့ကျတော့ မူလတန်းပြ ကလျှောက်တဲ့သူများတယ်၊တိုးလို့ လွယ်မှာ မဟုတ်ဘူးဆိုပြီး ဝန်ထမ်း ဖြစ်တာချင်းအတူတူ အထွေထွေ လုပ်သား၊ ကျောင်းစောင့်တို့ကိုပဲ လျှောက်တော့မယ် ဆိုတာမျိုးတွေ ရှိတယ်။ အဲဒီတော့ အမြဲတမ်းဝန် ထမ်းခန့်တဲ့အခါကျတော့ ဒီလိုမျိုး တွေကွဲပြားသွားတာ''ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြော သည်။
ပဲခူးတိုင်းဒေသကြီးအနောက် ပိုင်းခရိုင်တွင် လက်ရှိတာဝန်ထမ်း ဆောင်နေသော အထွေထွေလုပ် သားတစ်ဦးဖြစ်သူ ကိုထွန်းထွန်း (အမည်လွှဲ)က''ကျွန်တော်ဆိုရင် အ ပြင်ကုမ္ပဏီ ဝန်ထမ်းဘဝကနေအ လုပ်ထွက်ပြီး တကယ်လိုအပ်နေ တဲ့ ကျေးရွာတွေမှာ တာဝန်ထမ်းဆောင် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီအထွေ ထွေလုပ်သားရာထူးကိုလျှောက်ခဲ့ တာ။ ကျွန်တော်တို့လဲဘွဲ့ရပဲ။ ဘွဲ့ရ နေ့စားလပေးဝန်ထမ်းချင်းအတူတူ၊ မေးခွန်းတစ်ခုတည်းဖြေရတာချင်း အတူတူ ကျွန်တော်တို့ကျတော့ အမြဲ တမ်းဝန်ထမ်းခန့်ဖို့ချန်ခဲ့တယ်ဆို တော့ ဝန်ထမ်းအချင်းချင်းခွဲခြားခံရ တယ်လို့ပဲယူဆတယ်''ဟု ပြောကြား သည်။

အထွေထွေလုပ်သားရာထူး နှင့် ကျောင်းစောင့်ရာထူးများအနေ ဖြင့် အမြဲတမ်းဝန်ထမ်းအဖြစ်ခန့် အပ်ခြင်းခံရပြီဆိုပါက ဌာနတွင်းရာ ထူးတိုးအစီအစဉ်များကိုလျှောက် ထားနိုင်ကြောင်း၊ နှစ်စဉ် ဧပြီလနှင့် မေလများတွင် ခေါ်ယူလေ့ရှိသည့် အဆိုပါရာထူးတိုးအစီအစဉ်များ တွင်လျှောက်ထားနိုင်သည့်အခွင့် အရေးများရှိကြောင်း အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ သိရသည်။

Yangon Media Group
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment