ကုန်းတွင်းပိုင်းရေနံလုပ်ကွက်များမှ တစ်နှစ်လျှင် ရေနံစိမ်း စည် သုံးသန်းကျော် ထုတ်လုပ်လျက်ရှိ



မြန်မာနိုင်ငံရှိ ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်များမှ တစ်နေ့လျှင် ရေနံစည် ၈,၄၀၀ ထုတ်လုပ်လျက်ရှိပြီး တစ်နှစ်လျှင် စည် ၃,၀၆၆,၀၀၀ ခန့် ထုတ်လုပ်နေသည်ဟု စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ချောက်ရေနံမြေသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ယခင်စစ်အစိုးရလက်ထက်က ကုန်းတွင်းပိုင်းရေနံလုပ်ကွက်များမှ တစ်နေ့လျှင် ရေနံ ၇,၅၀၀ စည် ထုတ် လုပ်နိုင်ခဲ့ရာမှ ယခုအစိုးရလက်ထက် သုံးနှစ်ကျော်အတွင်း တစ်နေ့လျှင် ရေနံစည် ၉၀၀ ခန့်တိုးတက် ထုတ် လုပ်နိုင်ခြင်း ဖြစ်သည်။

ကုန်းတွင်းရေနံမြေများအနက် ချောက်ရေနံမြေသည် ၂၀၁၃ခုနှစ်က တစ်နေ့လျှင် ရေနံစည် ၁,၃၀၀ ခန့် ထုတ်လုပ်နိုင်ရာမှ ယခု တစ်နေ့လျှင် ရေနံစည် ၁,၉၀၀ သို့ ခုနစ်လအတွင်း တိုးတက်ထုတ်လုပ်နိုင်ခဲ့ ခြင်း ဖြစ်သည်ဟု ဒု-၀န်ကြီး ဦးအောင်ထူး ကဆိုသည်။

ကုန်းတွင်းလုပ်ကွက်များတွင်ပြည်တွင်း ပြည်ပရေနံကုမ္ပဏီများနှင့်အကျိုးတူဖက် စပ်လုပ်ကိုင်နေရာ ချောက် ရေနံမြေရှိတွင်းသစ်အမှတ် ၁,၁၈၈ မှ ကနဦးထုတ်လုပ်မှု အဖြစ်နေ့စဉ်ရေနံစည် ၁၈၀ ခန့်ထုတ်ယူ လျက် ရှိပြီးချောက်ရေနံမြေ၏ ဧရာဝတီမြစ် တစ်ဖက်ကမ်း လမ်းရွာရေနံမြေရှိ တွင်းသစ် အမှတ် ၁၄၀ မှလည်း နေ့ စဉ်ရေနံစည် ၇၀ ခန့် ထုတ်ယူလျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အတူ ရေနံချောင်းရေနံမြေမှတွင်းသစ်တစ်ခုဖြစ်သော အမှတ် ၃,၂၆၉ မှ လည်း တစ်နေ့လျှင် ရေနံစည် ၇၀ ခန့် ထုတ်ယူနေပြီး ညောင်ဦးမြို့နယ်၊ တုရင်းတောင်တန်း သဲပြင်တောရွာအနီးတွင် စွမ်းအင်ဝန်ကြီးဌာ နနှင့်အကျိုးတူဖက်စပ် လုပ်ကိုင်နေသည့် Petronas  ရေနံကုမ္ပဏီကရေနံရှာဖွေရေးအစမ်းတွင်း တူးဖော် လျက်ရှိသည်။

ထို့ပြင် ရေနံတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် မန်းရေနံမြေမှ ယခင်ရှိနှင့်ပြီးသော တွင်းဟောင်းများကိုHydraulic Fracturing  အသုံးပြု၍ ရေနံအထွက်တိုးစေရန်ဆောင်ရွက်နေသည်ဟုလည်း စွမ်းအင်ဝန်ကြီး ဌာနမှသတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ရေနံစိမ်းထုတ်လုပ်မှုတိုးမြှင့်နိုင်ရန် ပြည်တွင်းပြည်ပလုပ်ငန်းများကို ကုန်းတွင်းနှင့် ကမ်း လွန်လုပ်ကွက် များချထားပေးခဲ့ခြင်းဖြစ်သည်။
mizzimaburmese.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment