မွန်ပြည်နယ်တွင် ရေကြီးမှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးဟုဆို

မွန်ပြည်နယ် ရှိ မြစ်ချောင်းများမှာ ပင်လယ်ကမ်း စပ်နှင့်နီးစပ်ပြီးနှစ်စဉ်ရေကြီးလေ့ရှိ သည့် ဒေသများ၌ သဘာဝဘေးအန္တ ရာယ်ကာကွယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးအတွက် ကြို တင်ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိသည်ဟု မွန်ပြည်နယ်စည်ပင်သာ ယာရေးကော်မတီမှ သိရှိရသည်။

သဘာဝဘေး အန္တရာယ်များ နှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှုများအပြင် လိုအပ်သည့် ရန်ပုံငွေများ ကိုလည်း ပြင်ဆင်ထားသည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးကော် မတီမှ ဝန်ကြီးဒေါက်တာတိုးတိုးအောင် က ပြောကြားသည်။

''မွန်ပြည်နယ်တစ်ခုလုံးရဲ့ရေကြီး နိုင်မယ့် ဧရိယာအားလုံးမှာ ဘယ်အ ချိန်မှာ၊ ရေဘယ်လောက်၊ အမြင့်ပေ ဘယ်လောက်ရောက်ရင် လူတွေအ နေနဲ့ ဒီနေရာကရွှေ့ရမယ်ဆိုတာကို ဒေသခံတွေအားလုံးက သိနေတယ်။ ဒါကိုလဲ သတိပေးထားတယ်။ ရွှေ့ရင် ဘယ်အချိန်ရွှေ့ရမယ်။ ဘယ်ပုံစံနဲ့ ရွှေ့ရမယ်။ ဒါတွေအားလုံးကို သက် ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ နဲ့ တိုင်ပင်ပြီးပြင်ဆင်ထားတယ်''ဟု ဒေါက်တာတိုးတိုးအောင်ကပြောသည်။

ရေကြီးရခြင်း၏ အကြောင်းအရင်း များအား ဖော်ထုတ်၍ မြစ်ချောင်း၊ ပင်လယ်ကမ်းစပ်နှင့် နီးသောဒေသ များအား ယခုနှစ်တွင် စီမံချက်ဖြင့် ရေစီးရေလာကောင်းမွန်ရန် မြောင်း များတူးဖော်ရာ ၇၅ ရာခိုင်နှုန်းခန့်ပြီး စီးပြီဖြစ်ကြောင်း၊ ကျန်ရှိသော ရေကြီးသည့် ကာလ၌ လုပ်ဆောင် ရမည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကြက် ခြေနီအဖွဲ့များနှင့် အစိုးရကယ်ဆယ် ရေးဌာနများသို့ ချိတ်ဆက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားသည်ဟု သိရှိရသည်။

''မော်လမြိုင်မှာ မိုးရေချိန် ငါး လက်မကျော်တာတောင် ရေမကြီး ဘူး။ နောက်ဆိုသိပ်စိုးရိမ်စရာမလို တော့ဘူး။ မနှစ်ကဆိုရင် မိုးရေချိန် နှစ်လက်မလောက်ကို ရေတက်တဲ့ဒေသ တွေမှာ လမ်းသွားမရတော့ဘူး။ အခု တော့ ရေတက်လာတဲ့လမ်းကခြောက် လက်မလောက် ရေကျော်တယ်။ နာရီ ဝက်၊ တစ်နာရီအတွင်းရေပြန်ကျသွား တယ်'' ဟုမော်လမြိုင်မြို့ပေါ်မှ ဒေသခံတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် စားဝတ်နေရေး အဆင်မပြေခြင်း၊ နေအိမ်များ ပြိုပျက် ခြင်း၊ စပါးခင်းများ ပျက်စီးပါကလည်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ရန်သက်ဆိုင်ရာမြို့နယ်များ က အကြောင်းကြားပါက ချက်ချင်း ထောက်ပံ့ နိုင်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

ယခုလ ဇူလိုင် ၁၂ရက်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက် စဲကျေးရွာရှိ ဓမင်းဆိပ်တွင် ရေကြီးမှု ဖြစ်ပေါ်၍ နေအိမ်တဲ ၁၄လုံးပျက်စီး ခဲ့သည့်အတွက် ဒေသခံများပူးပေါင်း ကာ ရေဘေးသင့်သူများအား တစ်အိမ် လျှင် ငွေတစ်သိန်းစီ ထောက်ပံ့၍ဆန် ငါးအိတ်လှူဒါန်းခဲ့သည်ဟု သိရှိရသည်။

ဇူလိုင် ၁ရ ရက်မှစ၍ ၇ ရက် အတွင်း မုတ်သုံလေအား ပြတ်တောက် မည်ဖြစ်ပြီးဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း တွင် လေထုမငြိမ်သက်မှု များ ဖြစ်ပေါ်ကာ ဇူလိုင် ၁ရ ရက်၌ မွန်-တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်း လွန်ပင်လယ်ပြင်တွင် ငါးပေမှခြောက် ပေအထိ လှိုင်းကြီးနိုင်ကြောင်း၊ ရန် ကုန်တိုင်းတောင်ပိုင်း၊ ဧရာဝတီတိုင်း နှင့် မွန်ပြည်နယ်အတွင်းရှိ မြေနိမ့် ပိုင်း၊ လယ်ကွင်းများ၌ ရေကြီးနိုင် သည့် အလားအလာရှိကြောင်း မိုး လေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပြောဆိုထားသည်။
Yangon Media Group
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment