ကလေးတွင် အာဇာနည်နေ့ တကွဲတပြားစီ ကျင်းပခဲ့ရ

 စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ကျောက်တိုင် နေရာမရှိသည့်အတွက် ၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တစ်စုတစ်ဝေးတည်း ကျင်းပနိုင်ခြင်းမရှိဘဲ ပြန့်ကျဲစွာ ပြုလုပ်ခဲ့ရသည်။

“လာမယ့်နှစ်တော့ အောင်မင်္ဂလာဇာတ်ရုံလိုနေရာမျိုးမှာ ကျင်းပနိုင်ဖို့ ကြိုးစားပါဦးမယ်”ဟု ကလေးမြို့၊ ကဗျာ ဆရာများသမဂ္ဂဥက္ကဋ္ဌ မောင်ကိုမောင် (ကလေး)က ပြောသည်။

ကလေးမြို့တွင် ၆၇နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ ဂုဏ်ပြုအခမ်းအနားများကို ရွှေရတနာဥယျာဉ် ကျောင်းတိုက် တောင်ဖီလာတောင်ပေါ်၊ အရုဏ်ဦးပညာဒါန၊ ဗိုလ်ချုပ်လမ်းတို့တွင် အသီးသီးကျင်းပကြသည်။

ယခင်က အာဇာနည်ကျောက်တိုင် ရှိခဲ့ဖူးသော်လည်း စစ်အစိုးရလက်ထက်တွင် ယင်းနေရာ၌ တပ်မတော်ခုတင် ၁၀၀ စစ်ဆေးရုံဆောက်လုပ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
Mizzima - News in Burmese
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment