မီဒီယာဖိနှိပ်မှုရပ်တန့်ရေး ဆန္ဒထုတ်ဖော်သည့် သတင်းထောက်အား ပုဒ်မ ၁၈ ဖြင့် ဒဏ်ငွေနှစ်သောင်း ချမှတ်

 ပြည်၊ ဇူလိုင် ၁၈- မီဒီယာဖိနှိပ်ရပ်တန့်ရေး အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသော ပြည် မြို့ခံသတင်းထောက်များမှ ဦးဆောင်သူ မဇ္ဈိမသတင်းထောက်ကိုရေခဲအား ပြည်မြို့ နယ်တရားရုံးမှ ပုဒ်မ ၁၈ ဖြင့် ဇူလိုင် ၁၇ ရက် ညနေတွင် ဒဏ်ငွေနှစ်သောင်း စီရင် ချက်ချမှတ်လိုက်ကြောင်းသိရသည်။

တရားဝင်စီတန်းလှည့်လည်ခွင့် မရရှိဘဲ ပြုလုပ်ခဲ့သည့်အတွက် ဦးဆောင် စာတင်ခဲ့သည့် မဇ္ဈိမသတင်းဌာနမှ သတင်း ထောက် ကိုရေခဲအား ပြည်မြို့ အမှတ်(၂)မြို့မရဲစခန်းမှူးဦးမျိုးမြင့်က တရားလိုပြုလုပ် တရားစွဲဆိုခဲ့ပြီး နှစ်လခွဲခန့်အကြာတွင် ပြည် မြို့နယ် တရားသူကြီးဒေါ်စန္ဒာမှ သတင်း ထောက်ကိုရေခဲအား ယခုကဲ့သို့ဒဏ်ငွေချ မှတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်မြို့နယ်တ ရားရုံးမှ သိရသည်။

''အခုတရားသူကြီးရဲ့ စီရင်ချက် က တရားမျှတမှုရှိတယ်။ ဒီအမိန့်ကိုလက်ခံ တယ်။ ဒါပေမဲ့ ယူနတီသတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာ ဟာ တရားမျှတမှုမရှိဘူး။ မီဒီယာကိုဖိနှိပ် ခြင်းသာဖြစ်တယ်။ ဒါကြောင့် မီဒီယာကို ဖိ နှိပ်ချုပ်ချယ်ကန့်သတ်တာတွေ ရပ်တန့်ဖို့ ဆက်လက်တောင်းဆိုသွားမယ်''ဟု မဇ္ဈိမ သတင်းဌာနမှသတင်းထောက် ကိုရေခဲက ပြောသည်။

ဧပြီ၂၅ရက်က ပြည်မြို့ခံသတင်း ထောက်များမှ မီဒီယာဖိနှိပ်မှုရပ်တန့်ရေး အပါအဝင် ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရား နှောင့်ယှက်မှုများဖြင့် ထောင်ဒဏ်ချမှတ် ခြင်းခံခဲ့ရသော ကိုဇော်ဖေအပါအဝင် သ တင်းထောက်များ လွှတ်ပေးရန်၊ ပြည်သူပိုင် ရုံးများတွင် သတင်းယူခွင့်ရရှိရန် ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာတွင် ခွင့်ပြု ချက်မရရှိသည့်အတွက် တာဝန်ရှိသူများ က သုံးကြိမ်တားမြစ်ခဲ့သော်လည်း ဆက် လက်ပြုလုပ်ခဲ့သောကြောင့် ဦးဆောင်သူ ကိုရေခဲအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

''ယူနတီသတင်းထောက်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်။ မွန်းတည့်နေဂျာနယ်က သတင်းသမားတွေ ကို ပုဒ်မအကြီးကြီးတွေတပ်ထားတယ်။ ဒီ လိုမျိုးပြုလုပ်နေတဲ့အချိန်မှာ ကိုရေခဲကို ချ မှတ်လိုက်တဲ့ အမိန့်က နားလည်မှုတစ်ခုကို ဖြစ်စေတယ်''ဟု မဇ္ဈိမသတင်းဌာနမှ အယ်ဒီ တာတစ်ဦးဖြစ်သူ ကိုÓဏ်နိုင်လင်းက ပြော သည်။

ဇူလိုင် ၁၅ရက်ကလည်း ယူနတီ သတင်းသမား ထောင်ဒဏ် ၁ဝ နှစ်ချမှတ် ခဲ့ရခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိ ဘဲ မီဒီယာများအား ဖိနှိပ်နေသည်ဟုယူဆ သောကြောင့် ပြည်မြို့ရှိသတင်းထောက်၂ဝ ခန့်က တရားဝင်ခွင့်ပြုချက်ရယူကာ ဆန္ဒ ထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။
Yangon Media Group
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment