ပုဒ်မ ၅၉ (စ) မပြင်ဆင်ဖို့ အခြေခံဥပဒေပြင်ဆင်မှုကော်မတီ မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရ

ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူတွေက ပြင်ဆင်ပေးဖို့ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံပါ သမ္မတ ဖြစ်ခွင့် ဆိုင်ရာ ပုဒ်မ ၅၉ (စ) ကို လွှတ်တော်က ဖွဲ့ စည်းထားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်မှု အကောင်အထည် ဖေါ်ရေးကော်မတီက မပြင်ဆင်ဖို့  ဆုံးဖြတ်ထားတယ်လို့  လွှတ်တော်သတင်း ရပ်ကွက်ထံက RFA က စုံစမ်း သိရှိရပါတယ်။

ဒီပုဒ်မ ၅၉ ဟာ သမ္မတနဲ့  ဒုသမ္မတအရည်အချင်းသတ်မှတ်ချက်တွေကို ပြဌာန်းထားတာဖြစ်ပြီး၊ ပုဒ်မခွဲ (စ) ကတော့ သမ္မတနဲ့ ဒုသမ္မတတာဝန်ထမ်းဆောင်ရမယ့်သူဟာ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိဘတဦးဦး ကပဲ ဖြစ်ဖြစ်၊ သား သမီး ခင်ပွန်းတဦးဦးကပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားကနေ အကျိုး ကျေးဇူးရရှိ နေသူ မဖြစ်စေရလို့ ဖေါ်ပြထားတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် ကန့် သတ်ခံထားရတဲ့ပုဒ်မဖြစ်နေတယ်လို့  ဒီမိုကရေစီအင်အားစုတွေက ဝေဖန်ထောက်ပြ ထားကြပါတယ်။

အခုလို ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဖို့  ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု အကောင်အထည်ဖေါ်ရေး ကော်မတီ မှာ ပြီးခဲ့တဲ့ သီတင်းပတ်က မဲခွဲဆုံးဖြတ်ခဲ့တာကို ပြင်ပကိုမပေါက်ကြားအောင် လျှို့ ဝှက် အနေနဲ့  ထိန်းသိမ်း ထားတာဖြစ်ကြောင်း အမည်မဖေါ်လိုသူ လွှတ်တော်အသိုင်းအ၀ိုင်းက RFA ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

RFA Burmese
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment