မနေ့က ကျင်းပပြီးစီးခဲ့တဲ့ ပထမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများရဲ့ နှစ်ရက်ကြာ အစည်းအဝေးကနေ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ မေလက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နှစ်ဘက် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရာမှာ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင် (၄)ဦးသေဆုံးခဲ့သလို၊ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ဘင်္ဂလားဒေ့ရှ်ဘက် လက်နက်ကိုင်တစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီပစ်ခတ်မှုတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှာ ခိုလှုံနေကြတဲ့ RSO ခေါ် ရိုဟင်ဂျာ သွေးစည်းညိညွတ်ရေးအဖွဲ့ တွေ ပါဝင်ပတ်သက်နေတယ်လို့ မြန်မာဘက်က ပြောဆိုခဲ့ပြီး၊ ဆွေးနွေးပွဲမှာ RSO အဖွဲ့ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မြန်မာဘက်က ပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ကလည်း သူတို့ နိုင်ငံတွင်းမှာ ဘယ် တရားမဝင် လက်နက်ကိုင်အဖွဲ့တွေကိုမှ အခြေချတာကို သည်းမခံဘူး ဆိုတာ အမြဲပြသခဲ့ကြောင်း ပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာဖေါ်ပြပါတယ်။
0 comments:
Post a Comment