တက်တူးကိုကြိုက်တယ်ဆိုတာထက် ကျွန်တော်နဲ့ပတ်သက်တဲ့အရာတွေကို ခန္ဒာကိုယ်ပေါ် ပုံနှိပ်ထားတဲ့သဘောလို့ ဆိုလာတဲ့ အောင်ရဲလင်း


လက်ရှိမှာ ရှယ်ချွေးမဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတဲ့ အောင်ရဲလင်းက ၁၆ရက်နေ့မှာ ဘန်ကောက်သို့ သွားရောက်ကာ ကြော်ငြာရိုက်ကူးဖို့ရှိပြီး နောက်လဲထဲမှာလဲ နယ်ရှိုးတွေ လက်ခံထားသလို ကားကြီးအနေနဲ့လဲ ၄ကား ထပ်မံလက်ခံထားကြောင်း သိရတာမို့ သူနဲ့တွေ့ဆုံခိုက်မေးမြန်းဖြစ်သမျှက
-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
အခုရိုက်နေတဲ့ ကားလေးက ရှယ်ချွေးမတဲ့။ မင်းသမီးကမထက်၊ မကြီးစိုး၊ မင်းသားကကိုရန်လေးနဲ့ကျွန်တော် ၊ နောက်ခင်ဝင့်ဝါပါမယ်။ ဒါရိုက်တာက ကိုဇော်( အရုဏ်ဦး) ပါ။
-မထက်ကလဲ ကားမရိုက်တာကြာပြီ။ အခု ပထမဆုံးပြန်ရိုက်တဲ့ ကားမှာ အစ်ကိုစဆုံရတော့ ဘယ်လိုအတွေ့အကြုံတွေရလဲ။
အတွေ့အကြုံကတော့ မထက်ဆိုတာ ကျွန်တော်ငယ်ငယ်လေး ကတည်းကိုက အားပေးလာရတဲ့ မင်းသမီးလဲဖြစ်တယ်။ ပြီးတော့ ကိုယ့်ထက်ပိုပြီးတော့ စီနီယာ လဲကျတယ်။ ကိုရန်လေးတို့မကြီးစိုးတို့ ဆိုတာလဲ တကယ့်ကို တော်တဲ့ သရုပ်ဆောင်တွေလေ။ ကျွန်တော့်အတွက် အတွေ့အကြုံတွေ အများကြီးရသလို ပညာတွေလဲအများကြီးရတယ်။
-ဒီကားလေးမှာ အစ်ကိုပါဝင်ရတဲ့ကာရိုက်တာလေးက။
ကိုရန်လေးနဲ့မကြီးစိုးတို့ရဲ့သားပေါ့။ တစ်ကိုယ်တည်းပါပဲ။ နောက်ဆုံးခန်းမှသာ ပုံစံ၂ မျိုး သရုပ်ဆောင်ရတယ်ပေါ့။
-ဒီကားလေးက ၂၀၁၅ ထဲမှာ အစ်ကိုရိုက်တဲ့ကားကြီးအရေအတွက်ဆို ဘယ်နှကားမြောက်ဖြစ်မလဲ။
ရုပ်ရှင်ကားကြီးအနေနဲ့ ၂၀၁၅ ထဲမှာ ရိုက်တာ ၄ကားမြောက်ပါ။ ဒီကားပြီးသွားရင် ဘန်ကောက်မှာကြော်ငြာသွားရိုက်ဖို့ရှိတယ်။ ၁၆ ရက်နေ့သွားမယ်။ ၁၇ ရိုက်မယ်။ ၁၉ ပြန်လာပါမယ်။ အဲ့ဒါပြီးရင် ကိုနေပိုင်နဲ့ ဗီဒီယို တစ်ကားရိုက်ဖို့ရှိပါမယ်။
-၂၀၁၅ ထဲမှာကားကြီးအနေနဲ့ထပ်ပြီးလက်ခံထားတာများရှိဦးမလား။
နောက်ထပ် ၄ကားလက်ခံထားပါသေးတယ်။
-တက်တူးအသစ်လဲ ထပ်ထိုးထားတာတွေ့ရတယ်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။
တက်တူးက ရှေးဟောင်း ဖလင်လိပ်ကို ထိုးထားတာပါ။ ကျွန်တော်တို့နဲ့ပတ်သက်တယ်လေ။ ဒီတိုင်းပဲထိုးထားတာပါ။ ဖလင်လိပ်ဆိုတော့ ကျွန်တော်နဲ့လဲ use to ဖြစ်တဲ့ဟာပေါ့။ ဒီဖလင်လိပ် အပါအ၀င်ဆို အားလုံး၅ခုပေါ့။ တက်တူးကတော့ အမြဲတမ်း ကိုနိုင်ကြီးနဲ့ပဲထိုးဖြစ်တယ်။ တက်တူးကိုကြိုက်တယ်ဆိုတာထက် ကျွန်တော်နဲ့ပတ်သက်တဲ့အရာတွေကို ခန္ဒာကိုယ်ပေါ်တင်ပုံနှိပ်ထားတဲ့သဘောပေါ့။
-နယ်ရှိုးတွေရော လက်ခံထားတာရှိဦးမလား။
နောက်လထဲမှာ လက်ခံထားတာရှိပါတယ်။ နေရာကတော့ အတိအကျ မသိရသေးပါဘူး။
-အခုမကြာခင်မှာ ရုံတင်တော့မဲ့ အသက်ကို အသက်ထက်ပို၍ချစ်သည် ဇာတ်ကားနဲ့ပတ်သက်ပြီးတော့လဲ အစ်ကို့ရဲ့ ပရိသတ်တွေကို တစ်ခုခုပြောပေးပါဦး။
ကျွန်တော်ငယ်ငယ်တုန်းက ရိုက်ခဲ့တဲ့ ကားလေးတော့ဖြစ်တာပေါ့လေ။ ကြည့်ရတဲ့ ပရိသတ်တွေအနေနဲ့ အားမရရင်လဲ ဖြည့်စွက်ပြီးကြည့်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်။ နောက်ပိုင်းရိုက်တဲ့ ကားတွေမှာလဲ အရင်ရိုက်ခဲ့တဲ့ကားတွေ ထက်ပိုပြီးလိုအပ်ချက်နည်းအောင် တတ်နိုင်သမျှ ကြိုးစားပြီးရိုက်ကူးဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ ငယ်သေးတဲ့ အချိန်တုန်းက ရိုက်ခဲ့တဲ့အတွက် ရုံတင်လို့ပရိသတ်တွေကြည့်တဲ့အခါ အားမလို အားမရဖြစ်နေမှာပါ။ နားလည်ပြီးကြည့်ပေးကြပါလို့ပြောချင်ပါတယ်။
-နောက်ပြီး ဒီဇင်ဘာမှာလဲ ချစ်လှစွာသော အမုန်းဆိုတဲ့ကားလေး ရုံတင်မယ်လို့သိရပါတယ်။
ဟုတ်ပါတယ်။ အဲ့ဒီကားလေးလဲ ရိုမန့်စ်လေးပဲ။ အဲ့ဒီကားလေးကတော့ နောက်ပိုင်းမှရိုက်တဲ့ ကားလေးပေါ့။ ၂ကားလုံးကို ကြည့်တဲ့ ပရိသတ်ကြိုက်ကြမှာပါ။ အမုန်းကားလေးဆို မင်းသမီးက ၂လက်၊ ကာရိုက်တာမတူသလို သူတို့နှစ်ယောက်ပေါ်မှာထားတဲ့ စိတ်လဲမတူဘူး။ စိတ်အခြေအနေတွေ အားလုံးကို ကွဲနေအောင်သရုပ်ဆောင်ရတာပေါ့။ ၂ကားလုံးကတော့ ပရိသတ်တွေအားပေးမယ်။ ကြိုက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

Trend Myanmar
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment