လာမည့်ပညာသင်နှစ်တွင် ကုလက မူလတန်းနှင့် မူကြိုကျောင်းသား ၅ သိန်း ကို ကျောင်းတွင်းရိက္ခာများ ထောက်ပံ့မည်

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက်္ခာ အစီအစဉ်က လာမည့်ပညာသင်နှစ်တွင် မူကြိုတန်းနှင့် မူလတန်းကျောင်း ပေါင်း ၄ ထောင်ရှိ ကျောင်းသား /သူ ၅ သိန်း ကို ကျောင်းတွင်း ရိက္ခာများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ၂၀၁၆-၁၇ ပညာသင်နှစ်တွင် လက်ရှိကျောင်းသားအရေအတွက်ထက် ၂ ဆ ပိုမိုထောက်ပံ့သွားရန် ကမ္ဘာ့စားနပ်ရိက်္ခာ အစီအစဉ်နှင့် ပညာရေးဝန်ကြီးဌာနတို့က စီစဉ်ထားသည်ဖြစ်ရာ မူကြိုနှင့်မူလတန်း ကျောင်းပေါင်း ၄၀၀၀ တို့တွင် ကျောင်းသား/သူ ၅ သိန်း အထိ ထောက်ပံ့သွားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

““ပညာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုကိုလည်း ကြိုဆိုပါတယ်။ ဆက်လက် ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ထားပါတယ်။ ကနေဒါနဲ့ ဆွစ်ဇာလန် အစိုးရများ ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ယခုနှစ်အစောပိုင်းမှာ ထည့်ဝင်တဲ့ အလှူငွေတွေကြောင့် ကျောင်းတွင်းရိက္ခာထောက်ပံ့ခြင်း စီမံချက်ကို ပြန်စတင်နိုင်တာ ဖြစ် ပါတယ်”” ဟု ကမ္ဘာ့စားနပ်ရိက္ခာ ဌာနေကိုယ်စားလှယ် Dom Scalpelli ကပြောသည်။

ကုလသမဂ္ဂကမ္ဂာ့စားနပ်ရိက္ခာ အစီအစဉ်၏ မြန်မာနိုင်ငံရှိ ကျောင်းတွင်း ရိက္ခာထောက်ပံ့ခြင်း စီမံချက်ကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ယခုပညာသင်နှစ်တွင် စားနပ်ရိက္ခာ မလုံလောက်မှု အများဆုံးဖြစ်နေသည့် ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနှင့် “၀”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ မူလတန်းကြိုနှင့် အခြေခံပညာမူလ တန်းကျောင်းပေါင်း ၂၃၀၀ တွင် တက်ရောက်နေသော ကျောင်းသား /သူ ၂၂၇,၀၀၀ ကျော်တို့ကို ဗီတာမင်၊ သတ္တုဓာတ်များ ပါဝင်သည့် အာဟာရဖြည့်ဘီစကစ်များကို ယခုလမှ စတင်ပြီး ထောက်ပံ့ သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂစာနပ်ရိက္ခာ အစီအစဉ်မှ သတင်းထုတ်ပြန်ထားသည်။

“နံနက်ကျောင်းသင်ခန်းစာမစတင်မီ အာဟာရဖြည့်မုန့်ကျွေးပါတယ်။ အာဟာရဖြည့် ဘီစကစ်ဟာ သင်ကြားမှုအပေါ် အာရုံစိုက်နိုင်အောင် ကူညီပေးပြီး ကျောင်းတက်မှန်ဖို့ အားပေးကူညီရာရောက်ပါတယ်။ ရလဒ်ကတော့ ကျောင်းတက်နှုန်း၊ ကျောင်း အပ်နှုန်း၊ ကျောင်းဆက်တက်ဖို့နဲ့ သင်ယူမှု တိုးတက်လာခြင်းဖြစ်ပါတယ်”” ဟု ယင်းက ဆက်လက်ပြောသည်။

ယခုစာသင်နှစ်မှ စတင်ကာပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်သွားမည်ဖြစ်ရာ ၁၉၉၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော ကျောင်းတွင်း ရိက္ခာ ထောက်ပံ့ခြင်း စီမံချက် ကို နိုင်ငံပိုင်စီမံချက်ဖြင့် ကူးပြောင်းရန် ပထမခြေလှမ်းဖြစ်ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တဖြည်းဖြည်းချဲ့ထွင်သွားမည်ဖြစ်သည်။
သူရိယ
The Ladies News Journal
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment