အင်္ဂလန် လက်ရွေးစင် ဘဝကို မည်သည့်အချိန်တွင်မျှ ငြင်းဆန်ဖြစ်မည် မဟုတ်ဟု ရွန်နီဖွင့်ဟ


မိမိအနေဖြင့် အင်္ဂလန် လက်ရွေးစင် အသင်းတွင် ကစားရန် အခွင့်အရေးကို မည်သည့်အချိန်တွင်မျှ ငြင်းဆန်မည် မဟုတ်ဟု အသင်းခေါင်းဆောင် ဝိန်းရွန်နီက ထုတ်ဖော် ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူးက ၎င်းသည် လက်ရွေးစင် ဘဝမှ အနားယူမည့် ကြေညာချက်မျိုး မည်သည့်အချိန်တွင်မျှ ထုတ်ပြန်ဖြစ်မည် မဟုတ်ဟု ဆိုသည်။ ရွန်နီသည် ဆွစ်ဇာလန်နှင့် ပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါက ဆာဘော်ဘီချာလ်တန်ကို ကျော်လွန်ကာ အင်္ဂလန်၏ ထာဝရ ဂိုးသွင်းအများဆုံး စံချိန်ရှင်အဖြစ် ရပ်တည်နိုင်တော့မည် ဖြစ်သည်။ မက်စီဒိုးနီးယားဘက်သို့ ၎င်း၏ ပထမဆုံး နိုင်ငံတကာ သွင်းဂိုးကို ရယူနိုင်ခဲ့ပြီး (၁၂)နှစ် ကြာလာချိန်အထိ အသင်းအတွက် ဆာလောင်မွတ်သိပ်စွာ ကစားပေးရန် ဆန္ဒရှိနေဆဲဟု ရွန်နီက ဖွင့်ဟခဲ့သည်။

“လက်ရွေးစင် အသင်းက ခေါ်ချင်တဲ့အချိန်မှာ အရွေးမခံတော့ဘူးလို့ ထုတ်ပြောမယ့်ထဲမှာ ကျွန်တော် မပါဘူး။ ဒီကိစ္စက ကျွန်တော့် ကိုယ်ပိုင်ဆန္ဒထက် မန်နေဂျာရဲ့ ရွေးချယ်မှုအပေါ် ပိုပြီး မူတည်တာပါ။ ကျွန်တော့် အတွက်ကတော့ အင်္ဂလန်အတွက် ကစားပေးရတိုင်း ဂုဏ်ပြုခံရမှု တစ်ခုလို့ ယုံကြည်နေပါတယ်။ ကျွန်တော်က ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အင်္ဂလန်အတွက် ကစားပေးနိုင်ဦးမယ်လို့ ခံစားမိတယ်။ အဲဒီနောက်ပိုင်းမှာတော့ လက်တွေ့ကျကျ စဉ်းစားရမယ့် အချိန်တွေ ရောက်လာလိမ့်မယ်။ အင်္ဂလန်အတွက်၊ ကျွန်တော့်အတွက် သင့်တော်မှု မရှိတော့ဘူးလို့ ခံစားလာရပြီ ဆိုရင်တော့ တစ်ခုခု ဆုံးဖြတ်ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ကို ရွေးမရွေး ဆိုတာက မန်နေဂျာရဲ့ ကိစ္စပါ”ဟု ရွန်နီက ဆိုသည်။


၎င်းက “မန်နေဂျာကလည်း အလိုရှိတယ်၊ ကျွန်တော်ကလည်း ကောင်းကောင်း ဆက်ကစားနိုင်သေးတယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မန်နေဂျာက ကျွန်တော်ဟာ ရှေ့လာမယ့် အဓိက ပြိုင်ပွဲကြီးအတွက် အဆင်မပြေတော့ဘူးလို့ ပြောလာရင်တော့ ခြေစစ်ပွဲ အဆင့်မှာ ကတည်းက ဝင်မကစားတာ ပိုကောင်းမှာပါ။ ကိုယ်က ပြိုင်ပွဲမှာ မပါရဘူးဆိုတာ ကြိုသိထားတာမျိုး ဆိုရင်တော့ အဆင်မပြေဘူးလေ”ဟုလည်း ပြောကြားသွားသည်။

Source: soccer myanmar
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment