ဗြိတိန်ကောလိပ်(ရန်ကုန်)ကို သန်လျင် စတားစီးတီးတွင် တစ်နှစ်အတွင်း အပြီးသတ်ဆောက်ရန် ဗြိတိန်ကောလိပ်နှင့် ရိုးမ ကုမ္ပဏီတို့ကြား မေ ၁၉ရက်က စာချုပ်ချုပ်ဆို(ဓာတ်ပုံ-ခင်မြတ်မြတ်ဝေ) |
"မြန်မာ့ယဉ်ကျေးမှုအတိုင်း မြန်မာစာလည်းသင်မယ် နောက် ပညာသင်ဆုတွေလည်း ပေးသွားပါမယ်၊ ဘက်စုံပညာရေးအဖြစ်နဲ့ သီးချင်း၊ နောက်ဝါသနပါတဲ့ အနုပညာကအစ၊ အင်္ဂလိပ်လို မြန်မာလိုရော သင်ပေးသွားပါမယ်" ရိုးမ ကုမ္ပဏီမှ Head of Corporate Development ဒေါ်သီရိသန့်မွန်က ပြောသည်။
အဆိုပါကျောင်းတွင် မူလတန်းမှစ၍ ဆယ့်နှစ်တန်းအထိ သင်ကြားပေးမည် ဖြစ်ပြီး လူဦးရေ ၁၅၀၀ မှ ၁၆၀၀အထိ တက်ရောက်နိုင်ရန် ခန့်မှန်းထားသည်။ သင်ရိုးညွှန်းတန်းကိုလည်း UK နိုင်ငံမှ သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားမည်ဖြစ်ကာ ကျောင်းသားတစ်ဦးအတွက် ကုန်ကျစရိတ်ကို လိုက်လျောညီထွေ ဖြစ်စေမည့် ပမာဏတစ်ခုကို သတ်မှတ်သွားမည်ဟု ဆိုသည်။
ဧက ၂၀ကျယ်ဝန်းသည့် ကျောင်းအတွင်း ရေကူးကန်၊ အားကစားကွင်း၊ စားသောက်ဆိုင်၊ ကဇတ်ရုံများပါဝင်သည့် ကောလိပ်ကို ၂၀၁၆တွင် အပြီးသတ် ဆောက်လုပ်မည်။
ကျောင်းအဆောက်အဦးအတွက် ခန့်မှန်ငွေ အမေရိကန်ငွေ ဒေါ်လာသန်း ၅၀၀ (မြန်မာငွေ ကုဋေ ၅၀)သတ်မှတ်ထားသည်ဟု မသီရိသန့်မွန်က ပြောသည်။ အဆောက်အဦး ဆောက်လုပ်စရိတ်ကို ဗြိတိန်ကောလိပ်ဘက်က အကုန်ကျခံပြီး အဆောက်အဦး ဗသုကာ နှင့် မြေနေရာများကို ရိုးမကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/44842-2015-05-19-14-51-48
0 comments:
Post a Comment