ရုပ် သံ ဇာတ် လမ်း တွဲ ဆို တာ အခန်းဆက်ဝတ္ထုရှည် တစ်ပုဒ်ပါပဲလို့ ပြောတဲ့ ဦးကျော်သူ


 တစ်ချိန်ကရုပ်ရှင်မင်းသား ကျော်သူတစ်ဖြစ်လဲ နာရေး ကူညီမှုအသင်း (ဥက္ကဋ္ဌ)ဦးကျော်သူ နှင့် တွေ့ဆုံခိုက် အနုပညာအလုပ် အပေါ်သံယောဇဉ်ကြီးသည့် ဦးကျော်သူကို ယနေ့ခေတ်မှာ ခေတ်စားလာခဲ့သော မြန်မာ ရုပ်သံဇာတ်လမ်းတွဲများနှင့် ပတ်သက်ပြီး
မေးမြန်ဖြစ်ခဲ့ပါ သည်။ မြန်မာရုပ်သံဇာတ်လမ်း တွဲများအား တီဗီချန်နယ်အသီး သီးမှာ အခန်းဆက်ပြသနေခြင်း က မြန်မာဗီဒီယို ဇာတ်ကားများ အတွက် ထိခိုက်စေနိုင်သလား ဆိုတာကို ဦးကျော်သူက "ဒါက တော့ ပရိသတ်အပေါ်ထားတဲ့ ကိုယ့်ရဲ့ စေတနာပေါ်မှာပဲ မူတည်ပါတယ်။ ဗီဒီယိုဇာတ်ကား ပဲဖြစ်ဖြစ်၊ ရုပ်သံဇာတ်လမ်းတွဲ ပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကောင်း ကောင်း၊ ဇာတ်လမ်း၊ ဇာတ်အိမ် ကောင်းကောင်းဆိုရင် ပရိသတ် က ကြိုက်တာပါပဲ။ အခုနောက် ပိုင်းကျတော့ အရင်တရုတ် ဇာတ်လမ်းတွဲတို့၊ ကိုရီးယား ဇာတ်လမ်းတွဲတို့ကို ရုပ်မြင်သံ ကြားမှာ ပြသနေရာကနေ မြန်မာ ဇာတ်လမ်းတွဲတွေကို ပြသလာ ကြတယ်။ ဒါက ကောင်းပါ တယ်။ ဇာတ်လမ်းတွဲဆိုတာ ဘာ နဲ့တူလဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ရတဲ့ မဂ္ဂဇင်းအခန်းဆက်ဝတ္ထုရှည်လို မျိုးပေါ့။ ဒီအခန်းပြီးရင် နောက် ဘာဖြစ်မလဲဆိုတာ ရင်ခုန်ရတာ ပေါ့။ ရုပ်သံဇာတ် လမ်းတွဲဆို တာ အဲဒီဝတ္ထုရှည်လိုပါပဲ။ ပရိသတ်လည်း စိတ်ဝင်စားတာ ပေါ့။ ပြသချိန်မှာ ကြော်ငြာ လည်းပြလို့ရတော့ ထုတ်လုပ်သူ တွေအတွက်လည်း အကျိုးဖြစ် ထွန်းတာပေါ့။ ဒါပေမဲ့ အခု ပြသနေတဲ့ ရုပ်သံဇာတ်လမ်း
တွဲတိုင်း ကောင်းလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ တချို့ဇာတ်လမ်းတွဲတွေက တော့ ရည် ရွယ်ချက်ကောင်းကြ ပါတယ်" ဟုပြော သည်။

ဆက်လက်ပြီး ဦးကျော်သူ ကို မြန်မာရုပ်သံဇာတ်လမ်း တွဲများတွင် ပြသမည့်ဇာတ်လမ်း၊ ဇာတ်ညွှန်းများနှင့် ပတ်သက်၍ မည်ကဲ့သို့သော ဇာတ်လမ်းများ က ပရိသတ်ကို စိတ်ဝင်စားမှု ပေးစွမ်းနိုင်မည်လဲမေးရာ ဦးကျော်သူက "အခုခေတ်က အကျင့်စာရိတ္တတွေ ပျက်ပြား နေတဲ့ ခေတ်ဖြစ်နေတဲ့အတွက် စာရိတ္တကို အထူးပြုပြင်ပေးတဲ့ ဇာတ်လမ်းမျိုးတွေဆို ပရိသတ် အတွက်၊ အကျိုးရှိနိုင်မယ်။ အရင်တုန်းက ဘဘဦးသုခရိုက် ခဲ့တဲ့ 'ရဟန်းမစားရသော ဆွမ်း တစ်နပ်' လို ဇာတ်မျိုးဆိုကြည့်ရ တဲ့ ပရိသတ်အတွက် အကျိုးရှိ တာပေါ့။ ရိုးရိုးသာမန် အချစ် ဇာတ်လမ်းမျိုးထက် ပရိသတ် အတွက်၊ လူမှုပတ်ဝန်းကျင် အတွက် အကျိုးဖြစ်ထွန်းစေ ယ့် ဇာတ်လမ်းတွဲမျိုးဆို ပရိသတ် ပို စိတ်ဝင်စားတာပေါ့။ ဥပမာ- စစ်ကားဆိုရင်လည်း တိုင်းပြည် အတွက် ဘယ်လိုပေးဆပ်သွား တယ်။ အများအတွက် ဘယ်လို အနစ်နာခံသွားလဲ ဒါမျိုးတွေ ပြရင် ပရိသတ်တွေ စိတ်ဝင် စားမှာပါ" ဟု ပြောပြခဲ့သည်။

Popular Journal
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment