မာစတာဘေးရှင်း နှင့် အမေးအဖြေ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၅)

Masturbation (မာစတာဘေးရှင်း) ဆိုတာ “ကျား” ဖြစ်ဖြစ်၊ “မ” ဖြစ်ဖြစ်၊ တယောက်ထဲနဲ့ လိင်ဆန္ဒအရ သာယာမှု ရှာတာပါ။ အမှန်က တယောက်ထဲ မဟုတ်တာ၊ “ကျား” ရော၊ “မ” ပါ နှစ်ယောက်ပါပြီး၊ လိင်အင်္ဂါချင်း မထိစပ်ဘဲနဲ့ အဲလိုလုပ်တာလဲ အကြုံးဝင်ပါတယ်။ ငြင်းကြ၊ ခုန်ကြတာကတော့ လုပ်သင့်၊ မသင့်၊ အကြိမ်များသင့်၊ မများသင့်။ ကျန်းမာရေး ထိခိုက်လား၊ လူမှုရေး၊ ဘာသာရေးအထိ ဆွဲစဉ်းစားကြတာတွေ ဖြစ်ပါတယ်။ (မာစတာဘေးရှင်း) လုပ်တယ်ဆိုတာ ပုံမှန် (နော်မယ်လ်) အလေ့အထတခု ဖြစ်တယ်လို့ ပြောရင် ငြင်းဘို့ ခက်ပါတယ်။ (အက်ပ်-နော်မယ်) ပုံမှန်မဟုတ်ဘူး၊ လုပ်နေကြ မဟုတ်ဘူးလို့ သတ်မှတ်တာ မမှန်ပါ။ ဘယ်လောက် များများ လုပ်ကြသလဲ ဆိုတာကို သုတေသန လုပ်တာတွေ ကြည့်ရင် သူများ တိုင်းပြည်တွေမှာ ယောက်ျား ၉၅%၊ မိန်းမ ၆၅% လို့ ဖတ်ရတယ်။

ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အရွယ်ငယ်ငယ်ကတည်းက လိင်စိတ်ဆိုတာ ပါနေကြပြီးသား ဖြစ်တယ်။ ကိုယ်ဝန် ရက်သတ္တပါတ် ၂ဝ ဆိုရင် အထဲက သန္ဓေသားမှာ မိန်းမကိုယ် နှုတ်ခမ်းသားအကြီး Labia ကို တွေ့ရင် မိန်းကလေး ဖြစ်တယ်လို့ (အာလ်ထွာဆောင်း) နဲ့ ကောင်းကောင်း သိရတယ်။ တကယ်တော့ ၁၂ ပါတ်ကတည်းက အထီး-အမ ခွဲခြား ဖြစ်နေပါပြီ။ ဗိုက်ထဲမှာကတည်းက Estrogen နဲ့ Progesterone ဆိုတဲ့ လိင်-ဟော်မုန်းတွေကို မအေရဲ့ အချင်း ကနေရတယ်။ အရွယ်ရောက်ချိန်မှာ စိတ်လှုတ်ရှားမှု၊ လေ့လာမှုနဲ့ မှတ်သားမှု Emotions, learning, and memory တွေက ဦးနှောက် မှာကို ထူးခြားလာပါတယ်။

ကလေးတွေ လိင်နဲ့ပတ်သက်ပြီး အသိတွေ ထူးလာလာတာက Puberty အရွယ်ရောက်ချိန်ထက် စောတယ်။ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ ကောင်းကောင်း အလုပ်မလုပ်သေးခင်ကတည်းက စိတ်ပိုင်းဆိုင်ရာမှာ အနည်းနဲ့အများ၊ ဒီအသိစိတ်တွေ၊ အသိအမြင်တွေက တနေ့ထက် တနေ့၊ တိုးပွါး ရယူနေကြရတာ ဖြစ်တယ်။ လူကြီးမိဘတွေကနေ “သား ညစ်ပတ်တာတွေ မပြောရဘူး။” “သမီး ထိုင်ရင် မိန်းကလေးလိုထိုင်။” စသဖြင့် ဆိုဆုံးမကြတယ်။ အဲဒီကတည်းက ကလေးတွေဟာ “ဒါမျိုးတွေက မလုပ်ရမဲ့ဟာတွေ၊” “သူများမမြင်အောင်၊ မကြားအောင်၊ သိုသိပ်ရမဲ့ အရာတွေ၊” လို့ ခွဲခြား သတ်မှတ် လာကြတယ်။

မိန်းကလေးနဲ့ ယောက်ျားလေး ကွာပါတယ်။ (ဂျန်ဒါ-အီကွယ်လ်တီ) နဲ့ မဆိုင်ဘူးနော်။ သူများ လူမှုအသိုင်းအဝိုင်းကို အသာထားပြီး ဗမာစာနဲ့ ရေးနေတာမို့ ဗမာ့လူမှုဘဝအတွက် ပမာထားရေးပါမယ်။ သမီးငယ်လေးတွေကို အဝတ်အစား လဲတာ၊ ရေချိုးပေးတာကအစ ယောက်ျားလေးတွေနဲ့ မတူဘဲ၊ ထူးပြီး ဂရုတစိုက် တယုတယ လုပ်ပေးကြရပါတယ်။ အရွယ် ရလာတာနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ များများလာတယ်။ ရရလာတဲ့ အသိညာတွေထဲမှာ လိင်ပညာကို မြင်ဆရာ၊ ကြားဆရာတွေ ဆီကရတာ အများဆုံး ဖြစ်မယ်ထင်တယ်။ ရသမျှ ဒီဘာသာရပ်ကို သိုသိပ်ရမဲ့ အရာတွေဆိုတဲ့ (ကက်တဂေါ်ရီ)ထဲ ထည့်လိုက်ပါတယ်။ ဖတ်စရာက ရှားလှသေးတယ်။ ရှိတာတွေကလဲ ပညာပေးသဘောက နည်းလွန်လွန်းတယ်။ လမ်းလွဲကို ဆွဲခေါ်တာတွေချည်း ဖြစ်နေတယ်။

ကျန်းမာရေးအရ စောစောကရေးခဲ့သလို (နော်မယ်လ်)ပါ။ အကြိမ်များလို့လဲ ရောဂါရတဲ့အထိ မဖြစ်နိုင်ပါ။ သိတဲ့အတိုင်း လိင်စိတ်ဟာ ကျေနပ်၊ အားရ၊ ပြီးစီးတဲ့အထိ ရောက်သွားရင် အားအင်တွေ ကုန်ခမ်းသွားသလို၊ ခြေကုန် လက်ပန်းကျ သွားတယ်။ (အင်နာဂျီ) အတော် ကုန်သွားတာပါ။ ဘယ်လောက်လဲလို့ အတိအကျတွက်ပြလို့ မမှန်နိုင်ဘူး။ အလိုဆန္ဒ ပြည့်ဝတာက တခါနဲ့ တခါ အပြော့-အပြင်း မတူဘူး မဟုတ်လား။

Biochemistry of the orgasm လိင်ဆန္ဒပြည့်ဝခြင်းရဲ့ သက်ရှိ-ဓါတုဗေဒအရ အဲဒီအခါမှာ ဒီအချိန်မှာ ဦးနှောက်ကနေ ဓါတ်ပစ္စည်းတွေ တလှေကြီး ထုတ်လိုက်ပါသတဲ့။ Norepinephrine, Serotonin, Oxytocin, Vasopressin, Nitric oxide, and Prolactin တွေ ဖြစ်တယ်။ နောက်ဆုံး ဟော်မုန်းက အရေးပါတယ်။ Prolactin နဲနေရင် နောက်တကြိမ် စိတ်ဆန္ဒ ပြန်လာတာ မြန်တယ်။ အိပ်နေချိန်မှာ နဲနဲရှိတာ တွေ့တယ်။ ဒါ့ကြောင့် ယောက်ျားများဟာ ကိစ္စပြီးတာနဲ့ အိပ်ချင်လာကြတယ်။ နှစ်ယောက် ဆက်ဆံလို့ဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ဖြစ်ဖြစ်၊ ယောက်ျားများ သုက်လွှတ်ရင် အားအင် အတော် ကုန်ခမ်းစေတယ်။ ဒါပေမဲ့ “အားယုတ်စေတယ်” လို့တော့ ကောက်ချက် မချသင့်ဘူး။ အိပ်စက်ပြီးတာနဲ့ ပြန်အား ပြည့်လာတာဘဲ။ မနက် အိပ်ရာထချိန်မျိုးမှာ ဒီစိတ်အား ပိုများကြတယ် မဟုတ်လား။ Morning wood ခေါ်တယ်လို့ တနေရာမှာ သုံးခဲ့ပါတယ်။

(မာစတာဘေးရှင်း) ကို လူမှုရေးဒေါင့်က အကဲဖြတ်သူတွေ တယောက်နဲ့ တယောက် တူမှာ မဟုတ်ဘူး။ ကိုယ်နဲ့ မတူလို့ သူမှားတယ် ပြောတာလဲ မမှန်နိုင်ဘူး။ ဘာသာရေးဒေါင့်က ပြောကြတာလဲ တမျိုးနဲ့တမျိုး တူမှာ မဟုတ်ပါ။ ဇတ်ထဲမှာ ရသေ့ကြီး၊ သမင်မ၊ မေဓါဝီ၊ ဆိုတာရှိတယ်။ သုက်က တမင် ထွက်အောင် မလုပ်တာတောင်မှ အလိုလို ထွက်တတ်တာမျိုး ဖြစ်တယ်။ လူပျိုဖြစ်စ ယောက်ျားလေးတွေမှာ ပိုဖြစ်ပါတယ်။ (နော်မယ်လ်) ပါ။ အသက်ကြီးသူတွေမှာလဲ အိပ်မက်ပြီး၊ သုက်လွှတ်မိတာ ဖြစ်တာပါဘဲ။ အဖြစ် မများချင်ရင် စိတ်ကို နိုးဆွစေတာတွေ နည်းပါစေ။ တဦးထဲဖြစ်ဖြစ်၊ မဖေါ်နဲ့ဖြစ်ဖြစ် သုက်လွှတ်နေကြအချိန်မှာ သုက်မလွှတ် ရရင် အလိုလိုထွက်လာတတ်တယ်။

ဆေးပညာအရ လိင်စိတ်ဖြစ်ပေါ်လာတာက ပုံမှန်ပါ။ စိတ်ပြင်းထံတာကို ဖြေဖျောက်ဘို့ နည်းတနည်းက (ဆိုလို- မာစတာဘေးရှင်း) ဖြစ်တယ်။ တဖက်လှည့်နဲ့ ပြောရရင် ဝေဒနာကို ကုစားရာ ရောက်ပါတယ်။ တမင်တကာ မများ များအောင် လုပ်တာတော့ ဆင်ခြင်သင့်တယ်။

ဆရာဝန်တွေကနေ စိတ်ပိုင်းဆိုင်ရာမှာတော့ ပြောကြဘို့ သင့်တယ်။ တကယ်လို့ (မာစတာဘေးရှင်း) လုပ်အပြီး၊ သူများတွေက မလုပ်သင့်ဘူး၊ ဘာညာ၊ ပြောတာ ကြားဘူးထားလို့ ကိုယ့်ကိုယ်ကို “အပြစ်လုပ်မိလေခြင်း” လို့ Guilty conscious ဖြစ်တတ်တယ်။ ဒါ မဖြစ်သင့်ဘူး။ တချို့ဆွေးနွေးသူတွေက “ငယ်တုံးတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ကြီးရင် ခါးကုန်းမယ်၊ စိတ် မတည်မငြိမ်ဖြစ်မယ်၊ မျက်စိကန်းမယ်၊ လက်ဖဝါးမှာ အမွှေးပေါက်မယ်။” ဆိုပြီး ရေးတာ တွေ့ရတယ်။ လုံးဝ မှားပါတယ်။

အကောင်းဖက်ကနေ ရေးသူများလဲရှိတယ်။ ကြွက်သားနာတာ သက်သာစေတယ်။ (အင်မြူး) စနစ်ကို နိုးဆွပေးတယ်။ (ဟော်မုန်း) စနစ်ကို တိုးတက်စေတယ်။ အိပ်မပျော်တာကို ကုစားတယ်။ အိပ်နေရင်း သုက်လွှတ်တာ မဖြစ်စေနိုင်ဘူး။ Pubococcygeal ကြွက်သား လေ့ကျင်ခန်း လုပ်တာဖြစ်လို့ ကျားအင်္ဂါကို သန်မာစေတယ်။ Stress စိတ်တင်းအားတွေ လျော့ချပေးရာ ရောက်တယ်။ ၂ဝဝ၃ ခုနှစ်တုံးက Cancer Council Victoria in Melbourne ကနေ ယောက်ျား ၁ဝ၇၉ ယောက်ကို သုတေသန လုပ်တော့ (ပရောစတိတ်-ကင်ဆာ) ကိုတောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

အဲလို တယောက်ထဲနဲ့ တိတ်တဆိတ် စိတ်ဖြေဖျောက်တာဟာ လူမှုရေး၊ ဘာသာရေး၊ ဥပဒေတွေက တားမြစ်တာတွေကို ဖေါက်ဖျက်ချက်တာ မဟုတ်လို့ အပြစ်ကင်းတယ် ထင်ပါတယ်။ Fun ဆိုပြီး၊ ကဲတာတွေကတော့ အပြစ်မလွတ်ပါ။

အိမ်ထောင်ရက်သား ကျပြီးနောက်၊ ကွဲသွားလို့၊ တယောက်က ဆုံးပါးသွားလို့၊ ကံစီမံတာနဲ့ မုဆိုးဘို၊ မုဆိုးမ၊ တခုလပ်တွေ ဖြစ်လာရင် အများအားဖြင့် ပြန်ပြီး အိမ်ထောင်မပြုသ၍ ဒီစိတ်မျိုး ဖြေဖျောက်တာ အနည်းနဲ့ အများ လိုတတ်ပါတယ်။ နည်းလမ်းကတော့ (မာစတာဘေးရှင်း) ဘဲ ဖြစ်ပါတယ်။ အပျော်အပါး လိုက်စားတယ်လို့ အလွယ်ပြောလေ့ရှိတဲ့ နည်းမျိုးက သိတဲ့အတိုင်း ခုခေတ်မှာ ကူးစက်ရောဂါတွေက (ဆစ်ဖလစ်) ခေတ်ထက် ကြောက်စရာ ကောင်းလှတယ်။ (မာစတာဘေးရှင်း) ကြောင့် STDs/STIs မရပါ။ တခုတော့ ရှိတယ်။ Toy ဆိုတာတွေ သွားသုံးရင် သန့်ဘို့တော့ လိုမယ်။

အဲလို (ဆိုလို) လုပ်ပြီးရင် အားအင်ကုန်သွားတာက ပုံမှန်လိင်ဆက်ဆံအပြီး အားကုန်တာနဲ့ မထူးလှပါ။ ပြိုင်ပွဲရောက်ရင် အားကစားသမားတွေ အဖေါ်နဲ့အတူ မနေရတဲ့ စည်းကမ်း ထားသလိုမျိုး လိုက်နာရမှာပေါ့။ ဒါတောင် ဒီလိုရှောင်ဘို့ မလိုပါဘူး ဆိုသူတွေကလဲ မနည်းတာ တွေ့ရတယ်။ ပိုတိကျတာကတော့ လိင်ဆက်ဆံပြီးရင် Testosterone ပိုများလာလို့ ပိုပြီး Aggressive ဖြစ်တယ်လို့ ၁၉၉၉ မှာ အီတလီ သုတေသီတွေက ဆိုခဲ့ပါတယ်။

၂ဝဝ၃ ခုနှစ်မှာ သြစတြေးလျ လေ့လာမှုတခုအရ ယောက်ျားတွေမှာ အာသာဖြေလို့ Prostate cancer ဆီးကျိတ်-ကင်ဆာ ဖြစ်တာ နည်းတယ်လို့ တွေ့ရတယ်။ အသက်နဲ့ ဆိုင်တယ်။ ၂ဝ-၄ဝ အရွယ်တွေမှာ သုက်လွှတ်ကြိမ်ရေများရင် ကင်ဆာဖြစ်မှာ ပိုစေနိုင်ပြီး အသက် ၅ဝ ကျော်မှ သုက်ပိုလွှတ်တာက ကင်ဆာဖြစ်မှာကို နည်းစေတယ်လို့ ၂ဝဝ၈ သုတေသနက ဆိုတယ်။

မိန်းကလေးတွေမှာလဲ အနည်းနဲ့အများ ရှိတာပါဘဲ။ ဒါလဲ (အက်ဘ်-နော်မယ်လ်) မဟုတ်ပါ။ သူတို့က ယောက်ျားလေး တွေထက် သဘာဝအရ စိတ်ကို ချိုးနှိမ်နိုင်စွမ်း ကြီးတယ်။ သိုသိပ်မှု ပိုအားကောင်းကြတယ်။ ဒီအလေ့အထ နည်းပါး ကြတယ်။ တချို့ဆို ကြားတောင် မကြားဘူးဘူး။ အကောင်းမြင်သူတွေကတော့ ပြောတယ် ရာသီလာတုံး နာတာတွေတောင် သက်သာစေတယ်လို့။

ဒါကိုဖတ်ပြီး လုပ်သာလုပ်ကြပါလို့ အကြံပေးတာ မဟုတ်ပါခင်ဗျား။

Female Masturbation အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း ကိုလဲ ဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
၁-၁-၂ဝ၁ဝ

Masturbation Q and A

ကျွန်မနဲ့ အမျိုးသားက တနိုင်ငံစီမှာ စီးပွားရေးကိစ္စကြောင့် ခွဲနေရပါတယ်။ နှစ်ယောက်စလုံး အသက် ၄ဝ ကျော်တွေပါ။ အမျိုးသားက လိင်စိတ်ရှိတဲ့ အခါတိုင်း ကိုယ့်ဘာသာ စိတ်ဖြေတာကို ကျွန်မက အင်တာနက်ကတဆင့် ပြီးသွားတဲ့အထိ ကူညီရပါတယ်။ ကျွန်မအတွက်က အလွန်အဆင်ပြေပြေနဲ့ ပြီးနိုင်ပေမဲ့ သူကတော့ အတော် အချိန်ယူရပါတယ်။ ကျွန်မကလည်း အလုပ်လုပ်၊ ပညာရှာနေတာဆိုတော့ သူ့ကို တနှစ်မှ တခါပဲ တွေ့နိုင်ပါတယ်။ မေးလိုတာကတော့ သူ့အတွက် လွယ်လွယ်နဲ့ ပြီးအောင် ဘယ်လိုလုပ်ရပါမလဲ။ နည်းလမ်းလေးများ ရှိရင် ကူညီပါဆရာ။

(မာစတာဘေးရှင်း) နဲ့ ယောက်ျားပြီးခြင်း တွေကို ဖတ်ဘူးသလားတော့ မသိဘူး။ ဒီစာ ၂ ပုဒ်က မေးတာအတွက် အတိအကျတော့ ရမယ်မထင်လို့ ဖြည့်ရေးပါမယ်။ ပွင့်ပွင့် လင်းလင်း မေးတာကို ချီးကျူးပါတယ်။ ရိုးသားမှုနဲ့ ဆက်ဆံရမဲ့သူတွေထဲမှာ ကိုယ့်ကို မွေးတဲ့ မိဘတွေ နဲ့ ကိုယ်လက်ထပ်ထားတဲ့ ဇနီး-ခင်ပွန်း အပြင် ကိုယ့်ရောဂါကုသမဲ့ ဆရာဝန်လဲ ပါသင့်တယ်။

လူတွေက ဒီအရေးမှာ တော်တော် မတူကြဘူး။ အမျိုးသမီးတွေက အတွေ့အကြုံ ရလာလေလေ၊ ပြီးစီးတာ မြန်လေလေ။ အသက် ရလာရင် ယောက်ျားတွေက အထိအတွေ့ ရှိတာတောင် အချိန်ကြာမှ ပြီးတယ်။ Fantasies အထူးအဆန်းတွေ လိုချင်လာတယ်။ ဘယ်သူဘဲ ဖြစ်ဖြစ် အာရုံခံနိုင်တာ မှန်သမျှကနေ ဒီဖြစ်စဉ်ကို သာယာ၊ တပ်မက်အောင် လုပ်နိုင်ကြတယ်။ အထိအတွေ့-အမြင်-အနံ့-အရသာ-အကြား-စိတ်ကစား၊ အာရုံ ၆ ပါး အကုန်ဘဲ။ တဖက်လူရဲ့ အတွင်းခံ၊ ရေမွှေး၊ စတာတွေကလည်း ထောက်ကူနိုင်တယ်။ အသံနဲ့ လုပ်ကြတာဟာ အတော်ကောင်းတဲ့ နည်းတခုပါ။ ခုခေတ်မှာ ဗီဒီယို ရုပ်ပါ သုံးလို့ ရနေတာမို့ ပိုအဆင်ပြေနိုင်ပါတယ်။ လုံခြုံမှုတော့ သတိရှိပေါ့။

အသက်က ဒီအရေးမှာ လွှမ်းမိုးမှုရှိတာ အမှန်ဘဲ။ အသက်ရတာနဲ့ စိတ်ပါတာ အချိုး မကျပါ။ အသက်ကြီး တနည်းသာ ဆိုသလို ပိုပြီး စွမ်းဆောင်နိုင်တာတွေ တိုးလားနိုင်တယ်။ အသက် ၄ဝ ဆိုတာ ခွန်အား အပြည့်ဆုံးအရွယ်လို့ ယူဆတဲ့ အဆိုလည်း ရှိတယ်။

စုံတွဲတွေက သူတို့ အချင်းချင်းက အတွင်းသိတွေဆိုရင် တယောက်က ဘာကြိုက်သလဲ သိနိုင်တယ်။ မကြိုက်တာလဲ သိကြမယ်။ အတွဲတိုင်းတော့ မဟုတ်ဘူး။ ဒီကိစ္စမျိုးက လင်-မယား နှစ်တွေကြာတာတောင်မှ ပါးစပ်ကနေ ဖွင့်မပြောကြတဲ့ ကြိုက်-မကြိုက်လေးတွေ ရှိတတ်လို့ပါ။ အသက်အရ ကြိုက်-မကြိုက်က ပြောင်းသေးတာ။ အမျိုးသမီးများ အရွယ်ရလာရင် အပေါ်ပိုင်း ကိုယ်ခန္ဓာနဲ့ ရှေ့ကနေ ကြည့်တာကို ငယ်ငယ်ကလို စွဲမက်အောင် မဆွဲဆောင်နိုင်ဘူး။ ဒီတော့ အောက်ပိုင်းကို ပိုစွဲမက်လာမျိုး နဲ့ နောက်ကနေ ကြည့်ရ-ထိရတာကို ယောက်ျားက ပိုနှစ်သက်တာ ဖြစ်လာရတယ်။ ကလေးမွေးထာသူက ဗိုက်ကို အဖုံးနဲ့ နေတာ ကောင်းတဲ့အကြံ ဖြစ်တယ်။ အဝတ်အစား အရောင် ရွေးတတ်ရမယ်။ အိပ်ရာဝင် ဝတ်တာဘဲ တော်ရုံပေါ့ သဘောမထားသင့်ပါ။

တခါတလေ Quiet mood ဘယ်သူကမှ တခွန်းမဟတာလည်း ကောင်းနိုင်တယ်။ စကားကနေ တဖက်သားကို ဆွဲဆောင်နိုင်စွမ်း ကြီးမားလှတယ်။ ချိုသာ၊ ပျူငှာ၊ ကျီစယ်၊ နေရာနဲ့ နေရာ သုံးတတ်ရင် တဖက်လူကို အရည်ပျော်စေပြီး၊ ကိုယ့် ကျေးကျွန် ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိတယ်။ ဆက်ဆံမှု မတိုင်ခင် ပြောတာနဲ့ နောက်ပိုင်းမှာ ပြောရတာ မတူဘူးပေါ့။ Whispering စကား တိုးတိုးလေးမျိုးကိုတော့ အများအားဖြင့် သဘောကျတယ်။ Appreciations တယောက်ကို တယောက် ချီးကျူးတာ၊ မြှောက်ပြောတာ အသုံးဝင်တယ်။ ဥပမာ သန်တယ်၊ ယောက်ျား-မိန်းမ ပီသတာ။ ဒါပေမဲ့ No funny ရီစရာပြောတာ မကြိုက်တတ်ဘူး။ အာရုံတခု ရောက်နေတဲ့ စိတ်ကို ပြောင်းသွားစေတတ်တယ်။

ဘာတွေ ပြောကြမလဲ။ The first encounter နှစ်ယောက် စစချင်းတုံးက ဘယ်လို-ဘယ်ဟာကို ပြန်ပြောတာကို အတော် များများ သဘောကျကြတယ်။ Stories ကိုယ့် အတွေ့အကြုံ မဟုတ်ဘဲ၊ ကြားဘူး-ဖတ်ဘူး-ကြည့်ဘူးတာမျိုး တွေကိုလည်း သုံးနိုင်တယ်။ Dirty talks လူကြားအောင် မပြောရတဲ့ အသုံးအနှုံးတွေ နှစ်ကိုယ်ကြား ပြောနိုင်တယ်။ ညစ်ညမ်းတာလဲ ပါသင့် ပါရတယ်။ “ထမင်းစားတာမှာ အစပ်လေးပါတော့ ပိုမြိန်သလိုမျိုးသဘော” လို့ The Fine Art of Erotic Talk ဆိုတဲ့ စာအုပ် ကြော်ညာက အဲလို ဆိုထားတယ်။

လေ့ကျင့်နည်းဆိုတာတောင် ရှိသေးတာ။ ဒီအကြောင်းမျိုး ရေးထားတာတွေကို အရင် ဖတ်ခိုင်းတယ်။ နောက်တဆင့်က မျက်နှာချင်းဆိုင် ပြောမထွက်သေးခင် ဖုန်းနဲ့ ပြောစေတယ်။ နေ့စာမစားခင် အချိန်မျိုး သွားမပြောနဲ့တဲ့။ နောက်ခံမှာလည်း ဒီကိစ္စနဲ့ဆိုင်မဲ့ သီချင်းဖွင့်ထားပါတဲ့။ တတိယအဆင့်က တဖက်လူရဲ့ကိုယ်ကာယပိုင်းကို ချီးမွမ်းစကာမျိုး ပြောပေးပါတဲ့။

နှစ်ကိုယ်တွေ့ အချိန်မျိုးဆိုရင် 90 % body-language and 10 % with words နည်းကောင်းဖြစ်တယ်။ စကား ဆိုတော့ ဘသာသာ မတူလဲ နှစ်ယောက်လုံး နားလည်တာမျိုး၊ ဥပမာ အင်္ဂလိပ်လို ဘန်းစကား-ခေတ်စကား၊ အသုံးအနှုံးတွေကို ယူသုံးနိုင်တယ်။ တယောက်နဲ့ တယောက် အနေဝေးသူတွေဆိုရင် အထင်မလွဲအောင် သတိကြီးကြီး ထားပါ။ ငါမရှိတုံး ဒါတွေ သူ ဘယ်လိုသိနေလဲ၊ အထင်မလွဲစေနဲ့။

Imagination စိတ်ကူးယဉ် အပြောမျိုး ဖြစ်ပေမဲ့ သက်ရောက်စေပါတယ်။ စတော့မယ် ဆိုကတည်းက ဒီည ဘာဇာတ် ကမလဲ ရွေးသင့်တယ်။ ဆိုပါစို့ အရင်အတွေ့အကြုံကို ပြန်ပြောင်းတဲ့ အတိတ်ဇာတ်လား။ အနာဂတ်ကို ပြောတာမျိုးလား။ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့လား၊ ခပ်ကြမ်းကြမ်းလား၊ ဘာဖြစ်ဖြစ် တခါနဲ့ တခါ ထပ်မနေဘဲ တီထွင်-ဆန်းသစ်မှု ရှိတာလည်း ကောင်းတယ်။ အနုပညာဆန်တာ ကောင်းတယ်။ တကယ်ရင်ထဲ၊ စိတ်ထဲကလာတာမျိုးကမှ အနုပညာ ဆန်တာပါ။ ကြေးစားတွေရဲ့ အမူအယာ၊ အပြောအဆိုတွေက အနုပညာ ဘာမှ မပါဘူး။

ဝတ်ထားတဲ့ အဝတ်အစား မေးကြမယ်၊ ပြောကြမယ်။ လိုသေးရင် အလဲခိုင်းမယ်။ အောက်ဆုံး Panties က ဘာရောင်လဲ၊ အပေါ်က ဘာလဲ၊ အရောင်၊ ဒီဇိုင်း။ Show a little, but hide a little more တခါတည်း အဝတ်ချွတ်-ဖွင့်ပြတာထက် တဖြေးဖြေးချင်း လှစ်တာ ကောင်းတယ်။ Striptease တွေ ပိုက်ဆံသိပ်ရတယ် မဟုတ်လား။ ဘာမှ မဝတ်ရမဲ့ အချိန်မျိုးမှာ ချွတ်တာ ကောင်းတယ်။ ခါး-ရင်-တင် ကိုယ်လုံးလှသူတွေက ဆွဲဆောင်စေနိုင်ပေမဲ့ အိမ်ထောင်ကျ၊ ကလေးရ ထားသူက ဖုံးထား သင့်တာတွေ ဖုံးထားတာ ကောင်းတယ်။ Sexy Bra ဝတ်တာကတော့ အရွယ်မရွေး မိန်းကလေးတိုင်း သင့်တယ်။

ဆူပါ-မော်ဒယ် Ramp မှာ ပိုင်ပိုင်နိုင်နိုင် လမ်းလျှောက်ပြတာမျိုးလို ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပါ။ မိန်းမ-မာယာ အကုန်သုံးပါ။ ကိုယ့်ယောက်ျား ဖြစ်ပါစေ သိပ်လွယ်တဲ့ မိန်းမလို့ မထင်စေနဲ့။ ကိုယ်က သူ့ကို ပါလာအောင် လုပ်နေတာ ဖြစ်ပါစေ၊ သူက ကိုယ့်ကို Seduce ဆွဲဆောင်နေတာ ခံနေရသလိုမျိုး သရုပ်ဆောင်ပါ။ ဇာတ်စဉ်ပေါ်မှာ သရုပ်ဆောင် နေသလို နောက်တခန်း ဘာလာမလဲ မရိုးမရွ ဖြစ်နေပါစေ။ တဖက်သားကို ပျင်းမသွားစေနဲ့။ သူပါ ဇာတ်ကွက်ထဲ ပါနေအောင် ကြံဆောင်ပါ။ သူ့ဆီကလည်း စကားသံ ထွက်ပါစေ။ ဖြစ်နိုင်ရင် သူ့ကို ပိုပြောပါစေ။ သူ့ကို Confuse ဖြစ်စေပြီး၊ ကိုယ်က Contradict ဖြစ်ပါစေ။ ကိုယ်က Too needy သိပ်လိုနေတယ် လို့ မထင်စေနဲ့။

Dr. တင့်ဆွေ
၎-၉-၂ဝ၁ဝ
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment