ယခုရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့သည်ကို ယူနိုက်တက် ကျေနပ်သင့်ဟု ရွန်နီ မှတ်ချက်ပြု
ယခုရာသီ ဆုဖလား တစ်လုံးမျှ မရရှိခဲ့သော်လည်း ချန်ပီယံလိဂ် ခြေစစ်ပွဲဝင်ခွင့်နေရာ သေချာခဲ့ခြင်းကြောင့် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ရောင့်ရဲ ကျေနပ်သင့်ကြောင်း အသင်းခေါင်းဆောင် ဝိန်းရွန်နီက ပြောကြားခဲ့သည်။
မန်နေဂျာ ဒေးဗစ်မိုယက်စ် လက်ထက်က ရလဒ်များ ဆိုးဆိုးရွားရွား ယိမ်းယိုင် ကျဆင်းသွားသည့်နောက် ချန်ပီယံလိဂ် ဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည့် ယူနိုက်တက်သည် လက်ရှိ မန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်ထက်တွင် အဆင့်(၄)ဖြင့် ရာသီသိမ်းပြီး ချန်ပီယံလိဂ် ခြေစစ်ပွဲ ဝင်ခွင့်အတွက် သေချာစေခဲ့သည်။ အသင်းအနေဖြင့် FAဖလားတွင် ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခွာခဲ့ရပြီး လိဂ်ဖလားတွင်လည်း စောစီးစွာ အရေးနိမ့်ခဲ့သည့်တိုင် ချန်ပီယံလိဂ် ဝင်ခွင့်သည် မူလကတည်းက ယခုရာသီ အဓိက ရည်မှန်းချက် ဖြစ်ခဲ့ကြောင်း ရွန်နီက ဆိုသည်။
“အသင်းရဲ့ အဓိက မျှော်မှန်းချက်က ချန်ပီယံလိဂ်မှာ ပြန်ကစားဖို့ပါ။ ဒါက သိပ်အရေးကြီးပါတယ်။ ဒီပြိုင်ပွဲနဲ့ တစ်ရာသီလောက် ကွာလှမ်းသွားခြင်းဟာ အသင်းအတွက် အကြီးအကျယ် ခံစားရစေပါတယ်။ ချန်ပီယံလိဂ်မှာ ပြန်ကစားဖို့ဟာ ကျွန်တော်တို့ရဲ့ အဓိက ဦးတည်ချက်ပါ။ ဒါကို ကျွန်တော်တို့ လက်တွေက လုပ်နိုင်ခဲ့ပါတယ်။ အခုတော့ နောက်ဆုံးရာသီအပိတ် ပွဲစဉ်ကို အနိုင်ကစားဖို့ စဉ်းစားရပါမယ်။ နောက်ရာသီမှာတော့ ဆုဖလားတွေအတွက် ပြန်ပြီး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားရမှာပါ။ အသင်းဟာ ကောင်းမွန်တည်ငြိမ်တဲ့ စုဖွဲ့မှုမျိုး ရှိနေပြီး နောက်နှစ်မှာ တကယ့်ကို အရေးပါတဲ့ ဆုဖလားတွေ ရယူနိုင်မယ် ထင်ပါတယ်”ဟု ရွန်နီက ပြောကြားသွားသည်။
http://soccermyanmar.com/?p=12155
0 comments:
Post a Comment