ထော်လာဂျီဖြင့် ရေပက်ခံမထွက်ရန် နေပြည်တော်တွင် ထုတ်ပြန်

ညနေ ၆နာရီနောက်ပိုင်း ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် သင်္ကြန်ကားများအပြန်။ (ဓာတ်ပုံ-မဇ္ဈိမ)
ယခင်နှစ်ကဲ့သို့ သင်္ကြန်ကာလအတွင်း နေပြည်တော်၌ ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရန် ဆိုင်ကယ်၊ ကား မောင်းနှင်သူများအတွက် အချက် ၁၃ချက်ပါ စည်းကမ်းချက်များကို နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်လိုက်သည်။

ကား၊ ဆိုင်ကယ် မောင်းသူများအနေဖြင့် မူးယစ်သောက်စားပြီး မမောင်းနှင်ရန်၊ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း မပြုရန်၊ နံပါတ်ပြားမပါဘဲ မောင်းနှင်ခြင်း မပြုရန်၊ နံပါတ်ပြားတုများ တပ်ဆင်ခြင်း မလုပ်ရန်၊ ယာဉ်၏ ဘေးတံခါးများ နှင့် နောက်ဖုံးများ ဖြုတ်၍ မောင်းနှင်ခြင်းမပြုရန်၊ ဖျက်သိမ်းယာဉ်အိုဟောင်း၊ မှတ်ပုံမတင်ရသေးသည့် ယာဉ်များ မမောင်းရန်၊ လိုင်စင် နှင့် ဝှီးတက်မပါဘဲ မပေါင်းရန်၊ ယာဉ်ပြောင်းပြန်မောင်းခြင်း မြု့ရန်၊ ထော်လာဂျီကဲ့သို့ အနှေးယာဉ်သုံးကာ ရေကစာခြင်း မပြုရန်၊ နိုင်ငံတကာအလံများ မတပ်ဆင်ရန်၊ သံစုံဟွန်းများ မသုံးရန် နှင့် ညစ်ညမ်းသည့် ဆိုင်းဘုတ်၊ ရုပ်ပုံများ မချိတ်ဆွဲရန် အပါအဝင် ၁၃ချက်ကို ထုတ်ပြန်လိုက်သည်။

ယမန်နှစ် ၂၀၁၄ခုနှစ် သင်္ကြန်တွင် နေပြည်တော်၌ ယာဉ်မတော်တဆမှု ၁၃မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၅၇ဦး၊ သေဆုံးသူ ၁၁ဦး ရှိခဲ့သည်ဟု နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

မူရင်း>>> http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/43117-2015-04-14-05-14-05
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment