အိုင်အက်စ်အကြမ်းဖက်အဖွဲ့ နှိမ်နင်းရေး ဒေသတွင်းနိုင်ငံများ ထောက်ခံမှု ရရှိ

ဂျွန်ကယ်ရီနှင့် အီရတ်ဝန်ကြီးချုပ်သစ်
အီရတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အိုင်အက်စ် အကြမ်းဖက်မှုတွေ ကင်ဆာရောဂါလို ပြန့်ပွားနေတာ ကမ္ဘာက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ဘဂ္ဂဒက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။

အိုင်အက်စ်အဖွဲ့ရဲ့ ရန်ဟာ လက်ရှိ အီရတ်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ တခုတည်းနဲ့ အကြီးဆုံးအန္တရာယ်လို့ ဂျွန်ကယ်ရီက ဆိုပါတယ်။

အိုင်အက်စ်တွေ ကို နှိမ်နင်းရေး နိုင်ငံတကာအစီအစဉ် တခုရှိမှာ ဖြစ်ပေမယ့် အီရတ်အစိုးရသစ်က အဓိကအကျဆုံးဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဂျွန်ကယ်ရီဟာ ကြိုတင်ကြေညာခြင်းမရှိပဲ အရှေ့အလယ်ပိုင်းခရီးစဉ် စတင်ခဲ့ပြီး ဘဂ္ဂဒက်မြို့ကို အရင်ဆုံး သွားရောက်တာပါ။

အိုင်အက်စ်တွေကို ချေမှုန်းရေး ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး ထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရရှိဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဘဂ္ဂဒက်မြို့ ရှီးယားမွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ နောက်ဆုံး ဗုံးပေါက်ကွဲမှုမှာ လူအနည်းဆုံး ၉  ဦး သေဆုံးခဲ့ပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြပါတယ်။

အီရတ်ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ် အဘာဒီက ဂျွန်ကယ်ရီနဲ့ တွေ့ဆုံခဲ့ပြီး အိုင်အက်စ် တွေကို တိုက်ခိုက်နိုင်ဖို့ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှု လိုအပ်တယ်လို့ ပြောဆို ပါတယ်။

အီရတ်နိုင်ငံထဲက အိုင်အက်စ်တွေကို နှိမ်နင်းနိုင်မှာ ဖြစ်ပေမယ့် ဆီးရီးယားနိုင်ငံက  အိုင်အက်စ်တွေကို နှိမ်နင်းဖို့ နိုင်ငံတကာက လုပ်ဆောင်ရမှာလို့ အီရတ်ဝန်ကြီးချုပ်က ပြောဆိုပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့မှာ သမ္မတအိုဘားမားက အိုင်အက်စ်တွေကို နှိမ်နင်းရေး အမေရိကန်နိုင်ငံက အစီအစဉ်အသေးစိတ်  ချပြဖို့ရှိပါတယ်။

ဒီအတောအတွင်းမှာပဲ ဗြိတိန်ဆိုင်ရာ ဆော်ဒီသံအမတ်က ဆော်ဒီအာရေးဘီးယား နိုင်ငံဟာ အိုင်အက်စ်အကြမ်းဖက်တွေကို နောက်ကွယ်က ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး အိုင်အက်စ်အကြမ်းဖက်တွေ အခုလို အင်အားကြီးလာတာဟာ နိုင်ငံတကာရဲ့ နှောင့်နှေးမှုတွေကြောင့်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

http://burmese.dvb.no/archives/64684
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment