ဒိန်းမတ်က ကာနီဗယ်ပွဲတော်


ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တော်မှာ နှစ်စဉ် ကျင်းပတဲ့ ကာနီဗယ် ပွဲတော် ဒုတိယနေ့ကို ပါဝင်ဆင်နွှဲဖို့ ကမ္ဘာတ၀န်းက လာရောက်တဲ့ ထောင်နဲ့ ချီတဲ့ လူတွေက လှပတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပြီး လမ်းတွေပေါ်ထွက်လာပါတယ်။

ဒီပွဲတော်ကို အီစတာပြီး သီတင်းပတ် ၇ ပတ်မြောက်မှာ နှစ်စဉ် ၃ ရက်ကြာ ကျင်းပလေ့ရှိပြီး ၀တ်စုံမျိုးစုံ ၀တ်ဆင်ထားတဲ့ ဆင်နွဲသူတွေက မြို့ပေါ်က လမ်းတွေမှာ လှည့်လည်ကြပါတယ်။

လည့်လည်ရာမှာ လူ ၁ သိန်းခွဲကျော်ပါဝင်ပြီး ကိုပေဟေဂင်မြို့ဟောင်းကနေစတင် လှည့်လည်ပြီး ခရစ္စတီးယန်းဘောက် နန်းတော်မှာ အဆုံးသတ်ကြတာ ဖြစ်ပါတယ်။

အရင်နှစ်တွေက စတင်လို့ ဒီပွဲတော်ဟာ ဒိန်းမတ်ရဲ့ အကြီးဆုံး ပွဲတော်ဖြစ်လာပြီး တီးဝိုင်း ၁၂၀ အကသမား ၂၀၀၀နဲ့ ပါဝင်လှည့်လည်သူ ၁ သိန်းနီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။

ပွဲတော်နောက်ဆုံးရက်မှာတော့ ကလေးတွေက စီတန်းလှည့်လည်ကြမှာ ဖြစ်ပါတယ်။

http://burmese.dvb.no/archives/94407
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment