လာမည့်ရာသီ ချန်ပီယံဆုကို ယူနိုက်တက် စိန်ခေါ်နိုင်မည်ဟု ရွန်နီယုံကြည်

လာမည့်ရာသီတွင် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိလာမည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ဝိန်းရွန်နီက မှတ်ချက်ပြု ပြောကြားလိုက်သည်။



ယခုရာသီ ယူနိုက်တက် အနေဖြင့် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားတွင် အဆင့်(၄)သာ ချိတ်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်မျှနှင့် ကျေနပ်ခဲ့ရသော်လည်း ရာသီအစပိုင်း ပွဲစဉ်များတွင် ရလဒ်ပိုင်း တည်ငြိမ်ခဲ့ပါက ချန်ပီယံဆုနှင့် နီးစပ်လိမ့်မည်ဟု ရွန်နီက ယုံကြည်နေသည်။ ယူနိုက်တက်သည် ရာသီအစပိုင်းက လူးဝစ်ဗန်ဂါးလ် မန်နေဂျာအဖြစ် တာဝန်ယူစ အချိန်တွင် ကစားကွက်သစ် အထိုင်ကျရန် ရုန်းကန်ခဲ့ရပြီး ရမှတ်များစွာ ဆုံးရှုံးခဲ့ရသည်။ ရွန်နီက “ကျွန်တော်တို့ ချန်ပီယံဆုနဲ့ နီးစပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်”ဟု ဆိုသည်။

၎င်းက “ပထမဆုံး (၁၀)ပွဲ၊ (၁၁)ပွဲလောက် ကစားပြီးချိန်မှာ ကျွန်တော်တို့ (၁၃)မှတ်လောက်ပဲ ရခဲ့တယ် ထင်တယ်။ ရာသီသိမ်းချိန်မှာ အဲဒီပွဲတွေအကြောင်း ပြန်စဉ်းစားကြည့်ရင် စိတ်ပျက်စရာပါ။ ကျွန်တော်တို့တွေဟာ အဲဒီအချိန်မှာ တခြားအသင်းတွေလိုပဲ အမှတ်တွေ အများကြီး စုထားနိုင်ခဲ့သင့်တာပါ။ ချန်ပီယံဆုနဲ့ ကျွန်တော်တို့ နီးစပ်ခဲ့တယ် ထင်ပါတယ်။ ဒါကို သံသယ မရှိပါဘူး။ ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည်၊ ကစားပုံ၊ ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်စွမ်းတွေကို ကြည့်ပါ။ ချယ်လ်ဆီးနဲ့ ပွဲတုန်းကဆိုရင် ကျွန်တော့် ဘယ်ခြေ ကန်ချက်သာ စောစောစီးစီး ဂိုးဝင်ခဲ့ရင် ပွဲအနေအထားက လုံးဝ ပြောင်းလဲသွားမှာပါ။ ဒါဆိုရင် သူတို့ကို တော်တော်လေး ဖိအားပေး ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။ ရာသီသိမ်း ကာလမှာလည်း ချယ်လ်ဆီးနဲ့ အမှတ်ပိုကပ်သွားနိုင်တယ်လေ”ဟု မှတ်ချက်ပြုခဲ့သည်။


ရွန်နီက “ကျွန်တော့်အနေနဲ့ရော၊ မန်နေဂျာ အပါအဝင် တစ်သင်းလုံးကပါ ကျွန်တော်တို့ဟာ ချန်ပီယံဆုနဲ့ နီးစပ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ခံစားမိနေပါတယ်။ လာမယ့် နွေရာသီမှာ ကစားသမားကောင်း တစ်ယောက်နှစ်ယောက်လောက် ဖြည့်လိုက်ရင် အသင်းဟာ ချန်ပီယံဆုအတွက် အခွင့်အလမ်း ကောင်းလာမယ်လို့ ကျွန်တော် တကယ်ပဲ ယုံကြည်ထားပါတယ်” ဟုလည်း ပြောကြားသွားသည်။

http://soccermyanmar.com/?p=12245
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment