အိန္ဒိယတွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ပြီ
အိန္ဒိယနိုင်ငံမှာ အပူလွန်ကဲမှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော် ရှိနေပြီး အများစုက တောင်ပိုင်းက ပြည်နယ် ၂ ခုမှာ ဖြစ်ပါတယ်။
အပူလှိုင်းဒဏ် အဆိုးဆုံး ခံစားနေရတဲ့ အန်ထရာပရာဒေ့ရှ်နဲ့ သီလာဂါနာ ပြည်နယ်တို့မှာ အနီရောင်အဆင့် အရေးပေါ် သတိပေးထားပြီး အပူလှိုင်း ဆက်ရှိနေဦးမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းပါတယ်။
နိုင်ငံမြောက်ပိုင်းမှာလည်း လူ ၂၀၀ သေဆုံးပြီး အများစုက အိုးအိမ်မဲ့တွေ ဖြစ်ပါတယ်။ တောင်ပိုင်း ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း အပူရှိန်ဟာ ၄၇ ဒီဂရီ ဆက်စီယက်ကို ရောက်ခဲ့ပါတယ်။
ဒီရက်ပို်င်းအတွင်း နယူးဒေလီမြို့တော်မှာ အပူချိန် ၄၆ ဒီဂရီ ဆက်စီယက်အထိ မြင့်တက်နေပါတယ်။
အပူချိန် မြင့်တက်နေတဲ့အလျှေက် လျှပ်စစ်လိုအပ်ချက်က မြင့်တက်နေတဲ့အတွက် လျှပ်စစ်မီးမလုံလောက်တဲ့ ပြဿ နာက ပိုဆိုးနေပါတယ်။
ဆေးရုံတွေမှာလည်း လျှပ်စစ်မီးပြတ်တောက်တာနဲ့ ရေအလုံအလောက် မရတာကြောင့် လူနာရှင်တွေ မကျေမနပ် ဖြစ်နေကြပြီး အခုလောက် အပူရှိန်မြင့်မားတာကို တခါမှ မကြုံခဲ့ရဘူးလို့လည်း ပြောကြပါတယ်။
အိန္ဒိယမှာ အပူရှိန် အန္တရာယ်ကို ကြုံနေရတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ၊ ၁၉၉၀ ပြည့်လွန် နှစ်တွေကနေ အခုအထိ အပူကြောင့် သေဆုံးသူ ဦးရေဟာ ထောင်ချီ ရှိပါတယ်။
ပုံမှန်အားဖြင့် မုတ်သုံမ၀င်ခင် ဧပြီလလယ်ကနေ ဇူလိုင်အထိဟာ အိန္ဒိယမှာ အပူဆုံး ကာလတွေ ဖြစ်ပါတယ်။ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို အသက်လျော်ကြေး ဒေါ်လာ ၁၅၀၀ စီ ပေးမယ်လို့ အစိုးရက ကြေညာပါတယ်။
အပူရှိန်ဟာ အားလုံးအတွက် အန္တရာယ်ဆိုပေမယ့် အိုးအိမ်မဲ့တွေနဲ့ ဆောက်လုပ်ရေး လုပ်သားတွေက အဆိုးဆုံးခံစားနေရပါတယ်။
အိန္ဒိယမှာ အခြေခံ အဆောက်အဦ လိုအပ်ချက်ရှိနေတာကလည်း ပြဿ နာကို ပိုဆိုးစေပါတယ်။
အိန္ဒိယ လူဦးရေ သန်း ၁၂၀၀ ထဲမှာ ၃ ပုံ ၁ ပုံဟာ လျှပ်စစ်မီး မရှိသလို၊ ရေ မလုံလောက်ပါဘူး။
ဒေလီအစိုးရကတော့ လျှပ်စစ်ဈေးနှုန်းကို ထက်ဝက်လျှော့ချထားပြီး ရေကို အခမဲ့ ပေးနေတယ်လို့ ပြောပါတယ်။
http://burmese.dvb.no/archives/94760
0 comments:
Post a Comment