ယူနိုက်တက်တွင် ဆေးစစ်မှု အောင်မြင်ခဲ့သည့် ဒီပေး


မမ်းဖစ်ဒီပေးသည် မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ဆေးစစ်မှု အပြီးသတ် အောင်မြင်သွားပြီဖြစ်ကြောင်း သိရှိရသည်။

PSV အင်ဒိုဗန် အသင်း၏ တောင်ပံတိုက်စစ် ကစားသမားလေးသည် နွေရာသီတွင် ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ကြိုတင် သဘောတူညီမှု ရရှိထားပြီး တနင်္လာနေ့ကမူ မန်ချက်စတာ၌ ဆေးစစ်မှု လာရောက်ခံယူခဲ့ခြင်း ဖြစ်သည်။ နယ်သာလန် လက်ရွေးစင် ဒီပေးအနေဖြင့် ဆေးစစ်မှု ပြီးမြောက်သည့်နောက် အိုးလ်ထရက်ဖို့ဒ်သို့ ကူးပြောင်းရေးအတွက် နောက်ဆုံးအဆင့် စာရွက်စာတမ်း ကိစ္စများကို အပြီးသတ်ရန်သာ ကျန်တော့သည်။ ယူနိုက်တက်သည် ဒီပေးကို အသင်း၏ ကစားသမားသစ် အနေဖြင့် လာမည့်လဆန်းပိုင်းတွင် တရားဝင် ကြေညာဖွယ် ရှိနေသည်။

ကလပ်အသင်းက ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် “ဒီပေးဟာ အသင်းမှာ လာရောက်ဆေးစစ်မှု ခံယူ ပြီးမြောက်ပါပြီ။ အသင်းရဲ့ ကစားသမားအဖြစ် မှတ်ပုံတင်ဖို့ အပြီးသတ် ကိစ္စတွေပဲ ကျန်ပါတော့တယ်။ ဇွန်လ ဈေးကွက်အဖွင့်မှာ သူဟာ ယူနိုက်တက် ကစားသမား ဖြစ်နေလောက်ပါပြီ”ဟု ဖော်ပြထားသည်။ အသက်(၂၁)နှစ်ရှိ ဒီပေးသည် ယခုရာသီ နယ်သာလန်လိဂ် ချန်ပီယံ ဖြစ်ခဲ့သည့် PSV အသင်းတွင် အထူးတလည် ခြေစွမ်းပြပြီး လိဂ်ဂိုး (၂၂)ဂိုးထိ သွင်းယူပြခဲ့သည်။ ဒီပေးက ၎င်းသည် အင်္ဂလန် ကလပ်တွင်လည်း အောင်မြင်မှုများ ရရှိမည်ဟု မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့သည်။

“ကျွန်တော့်ကိုယ်ကျွန်တော် ပိုပြီး တိုးတက်လာဖို့ ကြိုးစားမှာပါ။ ဒတ်ခ်ျကစားသမားတွေက ပရီးမီးယားလိဂ်မှာ အခြေချ ကစားနေပါပြီ။ သူတို့ထဲက တော်တော်များများနဲ့ ကျွန်တော် စကားပြောဖူးပါတယ်။ ကျွန်တော့် အနေနဲ့လည်း ပရီးမီးယားလိဂ်မှာ တောက်ပတဲ့ ကစားသမားတစ်ယောက် ဖြစ်လာအောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့် အရည်အသွေးတွေကို ကမ္ဘာ့ဖလားမှာ ပြသပြီးပါပြီ။ ကျွန်တော်အခု သိပ်စိတ်လှုပ်ရှားနေပါတယ်။ အရင်ကတည်းက ပရီးမီးယားလိဂ် သတင်းတွေကို စောင့်ဖတ်နေကြပါ။ အခုအပြောင်းအရွှေ့ဟာ ကျွန်တော့်အတွက်တော့ အိပ်မက်တစ်ခု တကယ်လက်တွေ့ ဖြစ်လာခြင်းပါပဲ”ဟု ဒီပေးက ပြောကြားသွားသည်။

http://soccermyanmar.com/?p=12085
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment