ရေခဲရေလောင်း စိန်ခေါ်မှုအစား ဆန်စိန်ခ်ါမှု ပျံ့နှံ့

ရေခဲရေ ခေါင်းပေါ်လောင်းပြီး စိန်ခေါ်မှု ကြော်ကြားနေချိန်မှာ အိန္ဒိယနိုင်ငံမှာတော့ ဆာလောင်မွတ်သိပ်နေတဲ့ ဆင်းရဲသား လူဦးရေကို ကူညီဖို့ ရေခဲအစား ဆန်ကိုသုံးပြီး စိန်ခေါ်နေကြပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ် က စိန်ခေါ်မှုအတွင်း ဓာတ်ပုံတွေကို မျှဝေပြီး လိုအပ်နေသူတွေကို ဆန်တပုံးလှူဖို့ ဆင်းရဲမွဲတေမှုကို သတိထား မိအောင် မြှင့်တင်နေ ပါတယ်။

အိန္ဒိယတောင်ပိုင်း ဟိုင်းဒြာဘတ်မြို့က အသက် ၃၈ နှစ်အရွယ် သတင်းထောက် မန်ဂျူ လာသာ ကလာနိဒီက စတင်ပြီး ဒေသတွင်း လိုအပ်ချက်အတွက် ဒေသတွင်းစိန်ခေါ်မှုလို့ နာမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဖွင့်လှစ် စိန်ခေါ်ခဲ့တာဖြစ်ပြီး နာရီတိုင်းမှာ လူကြိုက်များမှု တိုးလာနေပါတယ်။

“ရေခဲပုံးစိန်ခေါ်မှုကို ကြည့်နေချိန်က ကျနော် က ဆန်ပြဿ    နာနဲ့ အငတ်ဘေးအကြောင်း သတင်းလုပ်နေတာပါ။ အဲဒီမှာပဲ ဆန်ပုံးစိန်ခေါ်မှုကို ဘာလို့လေုပ်နိုင်ရမှာလဲလို့ ကျနော်တွေးခဲ့မိတယ်။ ကျနော့်ဝန်းကျင်မှာ အလုပ်ကြိုးစားလျက်နဲ့ ဆင်းရဲနေတဲ့ လူတယောက်ကို ခေါ်ပြီး ဆန်တပုံးလှူပြီး ဓာတ်ပုံရိုက်တယ်။ ပြီးတော့ ကျနော့် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တင်ပြီး ဆန်ပုံးစိန်ခေါ်မှုကို စကြောင်း ကြေညာခဲ့တယ်” လို့ သူက  ပြောပါတယ်။

သူ့စီမံကိန်းကို လူထုက အကြီးအကျယ်ထောက်ခံခဲ့သလို အိနိယနိုင်ငံဆိုင်ရာ ဂျာမန်သံအ မတ်ကြီး မိုက်ကယ် စတိန်းနာကလည်း ၅ ကီလိုဝင်ဆန်ပုံးတွေကို မြို့တော်နယူးဒေလီက ဆင်းရဲသားရပ်ကွက်မှာ ရှိတဲ့ ရာနဲ့ချီတဲ့ မိသားစုတွေကို ပေးလှူခဲ့ပါတယ်။

ဘောလိဝုဒ်ငွေကြယ်ပွင့် မဟေ့ခ်ျဘတ်ထ်ကလည်း ဆင်းရဲသူတွေကို ဆန်ပုံးတွေ ဝေပေးခဲ့ပါတယ်။

အမျိုးသမီးတဦးက “ဆင်းရဲသားကို ငွေပေးရင် သူက ငွေကို တခြားနေရာမှာ အလဟဿ လုပ်ချင် လုပ်ပစ်နိုင်တယ်။ ဆန်ပေးတော့ အနည်းဆုံး တနေ့ ၂ ကြိမ် စားရတယ်” လို့ ပြောပါတယ်။

ဆင်းရဲမွဲတေမှုကြောင့် ဆာလောင်မွတ်သိပ်မှုဟာ အိန္ဒိယမှာ အကြီးအကျယ် ဖြစ်ပွားနေဆဲပါ။

ပြီးခဲ့တဲ့ နှစ်ကတော့ နိုင်ငံတကာ စားနပ်ရိက်ခါ မူဝါဒသုတေသနအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆာလောင်မွတ်သိပ်မှု ညွှန်းကိန်းမှာ နိုင်ငံပေါင်း ၇၈ နိုင်ငံအတွင်း အိန္ဒိယက နံပါတ် ၆၃ ချိတ်ခဲ့ပါတယ်။ တရုတ်ကတော့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဟာ ဝန်ကြီးချုပ်သစ် နရင်ဒြာမိုဒီရဲ့ လုပ်ငန်းစဉ်ထဲက ထိပ်တန်းဦးစားပေး တရပ်ပါ။

အိန္ဒိယဟာ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆန်စားသုံးတဲ့ နိုင်ငံဖြစ်ပြီး အရံဆန်တန်ချိန် ၂၁.၂ သန်း ရှိပါတယ်။ မနှစ်က ကမ္ဘာ့မှာ ဆန်တင်ပို့မှု အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

http://burmese.dvb.no/archives/64700

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment