လေးနှစ်အတွင်း ကျေးရွာ ၆,၀၀၀တွင် အိုင်စီတီကဏ္ဍ ပြန့်ပွားအောင် ကွန်ပျူတာအသင်းချုပ် ဆောင်ရွက်မည်

 မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ကျေးလက်ဒေသများတွင် အိုင်စီတီကဏ္ဍပြန့်ပွားစေရေးအတွက် ပထမဆုံး eVillage စင်တာကို တွံတေးမြို့နယ် ဘုရားငုတ္တု (တောင်)ကျေးရွာတွင် ဇူလိုင်လ ၆ ရက်က ဖွင့်လှစ်ခဲ့ပြီး လေးနှစ်ကာလအတွင်း ကျေးရွာပေါင်း ၆,၀၀၀ တွင် eVillage စင်တာများ ဖွင့်လှစ်သွားနိုင်ရန် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက မဇ္ဈိမကို ပြောသည်။

ဦးဇော်မင်းဦးက “Mobile Network ရှိတဲ့နေရာတွေကို ဦးစားပေးထားတယ်။ လေးနှစ်အတွင်း ကျေးရွာ ပေါင်း ၆,၀၀၀ မှာ လုပ်မယ်”ဟု ဆိုသည်။

eVillage စင်တာများတွင် ကျေးလက်နေပြည်သူလူထုအတွက် အသုံးဝင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်း ပညာများ၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုအကျိုးစီးပွားကိုအထောက်အပံ့ပြုနိုင်မည့် အချက်အလက်များ ကို လေ့လာနိုင်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အထိ ကျေးလက်လူထု၏ လိုအပ်ချက်များကို စောင့်ကြည့်ပြီး လို အပ်ချက်များ ဖြည့်စွက်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဦးဇော်မင်းဦးက ပြောသည်။

၎င်းက“eVillage မှာ စိုက်ပျိုးရေး၊ မွေး မြူရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် ကျေးလက်ဒေသအတွက် လိုအပ်မယ့်ဟာတွေထည့်ပေးထားပါတယ်။ တကယ်လို မလိုဆိုတာကိုတော့ ၂၀၁၅ အထိ စောင့် ကြည့် လေ့လာသွားမယ်။ လိုအပ်တာတွေ ထပ်ဖြည့်ဖို့ Content ပြိုင်ပွဲလေးလုပ်ဖို့ ရှိတယ်”ဟုဆိုသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်သောကြောင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် အိုင်စီတီကဏ္ဍပြန့်ပွားစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ဦးဇော်မင်းဦးက eVillage စင်တာများဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောဆိုသည်။

eVillage စင်တာကို ၂၀၁၄ ခုနှစ်၊ ဧပြီ လတွင် စတင်စမ်းသပ်ခဲ့ပြီးနောက် ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

စင်တာတွင် လာရောက်အသုံးပြုသူများ အဆင်ပြေပြေအသုံးပြုစေနိုင်ရေးအတွက် ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်ထားပေးသည်ဟု ဦးဇော်မင်းဦးက ပြောသည်။

ဘုရာငုတ္တို(တောင်)ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည့်eVillage စင်တာအတွက် ကုန်ကျစာရိတ်များကို ဂျပန်နိုင် ငံမှJapan Telecommunication Engineering and Consulting (JETC) က ထောက်ပံ့ပေးခြင်း ဖြစ်ပြီး အင်တာနက်အသုံးပြုခ၊ ပြုပြင်ထိန်းသိမ်းခြင်းများအတွက် ကုန်ကျစာရိတ်များရှိနိုင်သဖြင့် ရေရှည်ရပ်တည် နိုင်ရန်အတွက် လုပ်ဆောင်ရန်လိုအပ်သည်ဟု ဦးဇော်မင်းဦးက ဆိုသည်။

Mizzima - News in Burmese
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment