မိုးကုတ်တွင် လုယက်မှုတစ်ခုဖြစ်ပွား

မိုးကုတ်မြို့အရှေ့ဘက်ခြမ်း ပိတ်စွယ်နယ်မြေ ၃ရပ်ကွက်တွင် ဇူလိုင် ၇ရက် နေ့လည်တစ်နာရီခွဲခန့်က လုယက်မှု သဏ္ဍန် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်ဟု မိုးကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်ကြည်ဝင်းက မဇ္ဈိမ ပြောသည်။

“ဓားပြတိုက်တာတော့ မဟုတ်ပါဘူး၊ နေ့လည်ကျောင်းဆင်းချိန်လောက်မှာပါ၊ ပိတ်စွယ်နယ်မြေသုံးမှာ ဦးအိုက်လုံ နေအိမ်လို့ ပြောပါတယ်၊ အိမ်ဖော်မလေး
တစ်ဦးတည်းရှိတဲ့အချိန်မှာ လူနှစ်ယောက်လို့ပြောတယ်၊ အိမ်ခန်းသော့ကို တောင်းတယ်၊ အိမ်ဖော်မလေး ကလည်း သော့ကိုမပေးတဲ့အချိန်မှာ တံခါးကို ဖွင့်လိုက်တယ်၊ ဓားလည်းပါလာတယ်၊ အဲဒီဓားလေးနဲ့ ရှသလိုဖြစ်ခဲ့တယ်လို့ပြောပါတယ်၊ ဘာပစ္စည်းမှ ပါသွားတယ်လို့မကြားပါဘူး၊ အိမ်ရှင်ကတော့
အမှုဖွင့်ထားတယ်လို့ကြားပါတယ်” ဟု ဥက္ကဋ္ဌက ပြောသည်။

မိုးကုတ်မြို့နယ်ရဲစခန်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် လုယက်မှုမဟုတ်ကြောင်း၊ သာမန်ခိုးမှုတစ်ခုသာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မည့်သည့် အမှုပုဒ်မမှ တပ်ရခြင်းမရှိသေးကြောင်း၊ ဖြစ်စဉ်အသေးစိတ်ကို မပြောနိုင်သေးကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။
Mizzima - News in Burmese
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment