အစိမ်းရောင်တော်လှန်ရေးဆိုတာဟာ စိုက်ပျိုးရေးစံနစ်နဲ့ မြေယာစံနစ်ကိုပြုပြင်ပြောင်းလဲခဲ့တဲ့လှုပ်
ရှားမှုကြီးဖြစ်တယ်။လူသမိုင်းရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ အတူ လူသားတွေရဲ့ ထွန်ယက်စိုက်ပျိုး
မှုအဆင့်ဆင့်ဟာလည်း ပြောင်းလဲလိုက...်ပါလာခဲ့တယ်။လူတွေအသက်ရှင်စေဖို့ အတွက် အစား
အစာဟာ မရှိမဖြစ်လိုအပ်တယ်။လူသမိုင်းစဉ်တလျောက်လုံးမှာလည်း လူသားတွေဟာအမဲလိုက်
ကာ သားစိမ်း၊ငါးစိမ်းစားရာမှနေ မီးကိုရှာဖွေတွေ့ ရှိကာ ချက်ပြုတ်စားသောက်ယုံသာမကပဲ အသုံး
ချမှုအမျိုးမျိုးပြုလုပ်လာနိုင်ခဲ့တယ်။
ရှားမှုကြီးဖြစ်တယ်။လူသမိုင်းရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ အတူ လူသားတွေရဲ့ ထွန်ယက်စိုက်ပျိုး
မှုအဆင့်ဆင့်ဟာလည်း ပြောင်းလဲလိုက...်ပါလာခဲ့တယ်။လူတွေအသက်ရှင်စေဖို့ အတွက် အစား
အစာဟာ မရှိမဖြစ်လိုအပ်တယ်။လူသမိုင်းစဉ်တလျောက်လုံးမှာလည်း လူသားတွေဟာအမဲလိုက်
ကာ သားစိမ်း၊ငါးစိမ်းစားရာမှနေ မီးကိုရှာဖွေတွေ့ ရှိကာ ချက်ပြုတ်စားသောက်ယုံသာမကပဲ အသုံး
ချမှုအမျိုးမျိုးပြုလုပ်လာနိုင်ခဲ့တယ်။
လူသမိုင်းနှင့်စိုက်ပျိုးရေးအစ
စိုက်ပျိုးရေး (Agriculture) ဆိုတဲ့စကားဟာ ဂရိဘာသာစကားမှ ဆင်းသက်ပေါက်ဖွားလာတာ
ဖြစ်တယ်။ဂရိဘာသာစကားမှာ (Ager) ဟာ ကွင်းပြင်(field) ဆိုတဲ့အဓိပ္ပါယ်ဖြစ်ကာ Culture
ဆိုတာကတော့ စိုက်ပျိုးခြင်း (cultivation)ဖြစ်တယ်။ကျောက်ခေတ်လိုကာလမှာ လူတွေဟာ
အသီးအနှံများကိုရှာဖွေစားသောက်ကြတယ်။ စားထားတဲ့ သစ်စေ့များကိုလွှင့်ပစ်ရာမှ သစ်စေ့
များမှနေ အပင်ပေါက်တာကိုရှာဖွေ့ တွေ့ ရှိခဲ့လို့ လူ့ သမိုင်းမှာစိုက်ပျိုးရေးခေတ်ဖြစ်ပေါ်လာခဲ့တယ်။ ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုတို့ လည်း ပေါ်ထွက်လာတယ်။သမိုင်းပညာရှင်တွေကတော့ လူတွေ့ ရဲ့ စိုက်ပျိုး မှုကို တော်လှန်ရေးအသွင်ဆောင်တဲ့အပိုင်း(၃)ပိုင်းအဖြစ် ခွဲခြားသတ်မှတ်တယ်။ ဒီအပိုင်း(၃)ပိုင်းကတော့ ပထမစိုက်ပျိုးမှုတော်လှန်ရေး၊ဒုတိယစိုက်ပျိုးမှုတော်လှန်ရေး၊တတိယစိုက်ပျိုးမှုတော်လှန်ရေးတို့ ပဲဖြစ်တယ်။
ပထမစိုက်ပျိုးမှုတော်လှန်ရေး
သမိုင်းသုတေသီတွေရဲ့ ခန့် မှန်းချက်တွေအရ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၄၀၀၀)ခန့် မှာ လူတွေရဲ့ 
စိုက်ပျိုးမှုအတက်ပညာစတင်တယ်လို့ သိရတယ်။ အရှေ့ တောင်အာရှနဲ့ တောင်အာရှဒေသ
ဘက်ကနေ စတင်ခဲ့တာဖြစ်တယ်။လူတွေရဲ့ ပထမဆုံးစိုက်ပျိုးရေးဟာ ထွန်ယက်မယ့်မြေတွေကို ခုတ်ထွင်လို့  တမျိုး၊မီးရှို့ လို့ တမျိုးစတဲ့နည်းနဲ့  လုပ်ကိုင်ကာ မြေကိုရှင်းလင်းသွားမှ စိုက်ပျိုးကြတယ်။ဒေသတွင်းဝမ်းစာဖူလုံ မှုကိုသာဦးတည်တယ်။လယ်ယာအသုံးအဆောင်ပစ္စည်းတွေဟာလည်း ဓါး၊ဓါးမနဲ့ ဆူးချွန်တို့ သာအသုံးပြုကြ တယ်။ခုတ်ထွင်ရှင်းလင်းတဲ့ ပေါင်းပင်၊နွယ်ပင်တွေကို မီးရှို့ ရာမှဖြစ်လာတဲ့ပြာတွေဟာ စိုက်ပျိုးမယ့်မြေအတွက် မြေသြဇာရရှိတယ်။၁၅၀၀ခုနှစ်၁၉၅၀ခုနှစ်ကာလအထိ ကိုလိုနီခေတ်အတွင်းမှာ လူတဦးတယောက်၊တစုတဖွဲ့  ကြီးပွားရေးအတွက် စိုက်ပျိုးရေးအသွင်ပြောင်းခဲ့တယ်။စိုက်ပျိုးမြေတွေလည်းတိုးချဲ့ လာသလို၊အခကြေးငွေပေး
ခိုင်းစေတဲ့ စိုက်ပျိုးရေးအသွင်သဏ္ဍာန်ပေါ်ထွန်းခဲ့တယ်။ဒီနည်းသဏ္ဍာန်ဟာ ကြွယ်ဝချမ်းသာမှုခွဲဝေရာမှာ မညီမျှ မှုဖြစ်လာခဲ့ကာ ချမ်းသာသူကပိုချမ်းသာ၊ဆင်းရဲသူကပိုဆင်းရဲသွားတဲ့ ကွာခြားချက်တွေ ပေါ်ထွက်လာတယ်။
ဒုတိယစိုက်ပျိုးမှုတော်လှန်ရေး
စက်မှုတော်လှန်ရေးကာလနဲ့ တပြိုင်တည်းမှာ ဒုတိယစိုက်ပျိုးမှုတော်လှန်ရေးပေါ်ထွက်လာတယ်။စက်မှုတော် လှန်ရေးခေတ်မှာ လယ်ယာမြေတွေမှာလုပ်ကိုင်တဲ့ လယ်သမားများဟာ စက်ရုံအလုပ်သမားတွေအဖြစ်ပြောင်း လဲဖြစ်ပေါ်လာခဲ့တယ်။စက်ရုံအလုပ်သမားတွေအဖြစ်ပေါ်ထွက်လာတဲ့ ထောင်ပေါင်းများစွာတဲ့လူတွေကို အစား
အစာပေးနိုင်ဖို့ အတွက် ဒုတိယစိုက်ပျိုးမှုတော်လှန်ရေးဖြစ်လာတယ်။ ဒုတိယစိုက်ပျိုးမှုတော်လှန်ရေးဟာ စိုက် ပျိုးရေးနည်းစံနစ်တွေကို အသစ်တီထွင်မှုနဲ့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တယ်။၁၇ရာစုနဲ့ ၁၈ရာစု ကာလတွေမှာ ဥရောပတိုက်မှ ဗြိတိန်၊နယ်သာလန်၊ဒိန်းမတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ဒုတိယစိုက်ပျိုးမှုတော် လှန်ရေးကိုဖော်ထုတ်ခဲ့ကြတယ်။တဆက်တည်းမှာ ဥရောပတိုက်မှနေ အမေရိကားသို့ ပြောင်းနဲ့ အာလူးအစရှိ တဲ့ ကုန်သွယ်မှုတွေ လုပ်လာနိုင်ခဲ့တယ်။ဗြိတိန်လိုနိုင်ငံမျိုးမှာလည်း စိုက်ပျိုးမြေနဲ့ သက်ဆိုင်တဲ့မြေပိုင်ဆိုင်မှု ဥပဒေတွေ ပြဌာန်းလာနိုင်ခဲ့တယ်။
လယ်သမားတွေလည်း စိုက်ပျိုးမြေတွေကို တိုးချဲ့ ဖော်ထုတ်လာသလို၊ပေါင်းစပ်စုစည်းခြံခတ်ကာ မြေယာတွေ ကိုအလှည့်ကျစီမံခန့် ခွဲကြပ်မတ်လာကြတယ်။မြေပြုပြင်ခြင်း၊ဓါတ်မြေသြဇာအသုံးပြုခြင်း၊သီးနှံတွေကိုဂရုစိုက် ခြင်းနဲ့ ကောက်ရိတ်သိမ်းမှုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ခြင်းအစရှိတဲ့ နည်းပညာတွေလည်းပေါ်ထွက် ခဲ့တယ်။စိုက်ပျိုးရေးကိုအခြေခံတဲ့ မွေးမြူရေးစံနစ်လည်းဖော်ထုတ်လာနိုင်ခဲ့တယ်။နွားမွေးမြူရေးလုပ်ငန်းနဲ့ နွား
နို့ မှတဆင့်ထုတ်လုပ်တဲ့နို့ မှုန့် လိုကုန်ထုတ်လုပ်ငန်းတွေ ကြီးထွးလာတယ်။စက်ကရိယာတွေနဲ့ ထွန်ယက်
စိုက်ပျိုးလာကြလို့ မြို့ ပြမှာရှိတဲ့စက်ရုံလုပ်သားထုအတွက် အစားအစာထောက်ပံ့ပေးနိုင်ခဲ့တယ်။၁၈၀၀ခုနှစ်
နဲ့ ၁၉၀၀ခုနှစ်ကာလအတွင်းမှာ ကုန်သွယ်မှုအတွက် မီးရထားနဲ့ သယ်ယူပို့ ဆောင်ရေးစံနစ်ပေါ်ထွန်းလာသလို၊ လယ်သမားတွေအတွက် လယ်ယာပစ္စည်းဝယ်ယူသုံးစွဲခွင့်ရအောင် အကျိုးဆောင်ပေးတဲ့ ဘဏ်စံနစ်လည်း ပေါ်ထွက်လာခဲ့တယ်။
တတိယစိုက်ပျိုးမှုတော်လှန်ရေး
ကမ္ဘာ့လူဦးရေတိုးပွားလာမှုအပေါ်မှာ စားနပ်ရိက္ခာဖြည့်ဆည်းမှုလိုအပ်ချက်နဲ့ အတူ တတိယစိုက်ပျိုးမှုတော် လှန်ရေး ပေါ်ထွက်လာခဲ့တယ်။ တတိယစိုက်ပျိုးမှုတော်လှန်ရေးကို အစိမ်းရောင်တော်လှန်ရေး (Green Revolution) လို့ လည်းခေါ်ဆိုကြတယ်။တတိယစိုက်ပျိုးမှုတော်လှန်ရေးပေါ်ထွက်လာတဲ့အချိန်ကာလဟာ
၁၉၇၀ခုနှစ်နဲ့ ၁၉၈၀ခုနှစ်ကာလများဖြစ်တယ်။တတိယစိုက်ပျိုးမှုတော်လှန်ရေးမှာ စိုက်ပျိုးမြေတွေနဲ့ လိုက်
ဖက်မယ့်မျိုးစေ့အသစ်တွေကိုဖန်တီးမှုနည်းလမ်းနဲ့ ဓါတ်မြေသြဇာအသုံးချတဲ့နည်းလမ်းဆိုကာစီမံကိန်း(၂)
ရပ်ပါဝင်တယ်။အကျိုးရလဒ်ကတော့သိပ္ပံနည်းကိုအခြေခံတဲ့ စိုက်ပျိုးရေးအသွင်သဏ္ဍာန်ပေါ်ထွက်လာတယ်။
စိုက်ပျိုးရေးပညာရှင်တွေက စိုက်ပျိုးမြေတွေမှာ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ သီးနှံစိုက်ပျိုးမှုအထွက်တိုးကောင်း အောင် ဖော်ထုတ်ပေးကြတယ်။အာရှနဲ့ လက်တင်အမေရိကားမှာ တဟတ်တာ (Hectare) ကို ကီလို(၆၀၀၀)ခန့် အထိအထွက်တိုးကောင်းအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ၁၉၆၄-၆၅ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ဂျူံထွက်ရှိမှုနှုန်း ဟာ တနှစ်မှာတန်ချိန်(၁၀)မျှသာ ထွက်ရှိတယ်။အစိမ်းရောင်တော်လှန်ရေးလို့ ခေါ်တဲ့အကျိုးကျေးဇူးကြောင့်
၁၉၇၁ခုနှစ်မှာ အိန္ဒိယနိုင်ငံဟာ ဂျူံထွက်ရှိမှုတန်ချိန်အဆပေါင်းများစွာ တိုးတက်ထွက်ရှိခဲ့တယ်။စိုက်ပျိုးရေး
သိပ္ပံပညာနည်းလမ်းတွေနဲ့ အတူ ဓါတ်ခွဲခန်းတွေမှ မျိုးစေ့တွေကို မျိုးပွားပညာရပ်တွေနဲ့ အတူဖော်ထုတ်ပေးနိုင် ခဲ့တယ်။စိုက်ပျိုးမှုနှုန်းအထွက်တိုးအားကောင်းလာသလို ၀ယ်လိုအားလည်းတိုးတက်စွာပေါ်ထွက်လာတယ်။
ဒါပေမယ့်လည်းကမ္ဘာ့နေရာအချို့ မှာတော့ဆင်းရဲမွဲတေမှုကြောင့် အစားအစာဝယ်ယူမစားသုံးနိုင်တဲ့သန်းပေါင်း များစွာပြည်သူတွေလည်းရှိနေတယ်။
ရေလာမြောင်းပေး
မြေကွက်ထဲမှာ မျိုးကြဲယုံနဲ့  စိုက်ပျိုးရေးလုပ်ငန်းမဖြစ်ပါ။ မြေ၊ရေ၊လေ၊ရာသီဥတုတို့ လိုသဘာဝ
တရားတွေအပေါ်မှာ လူသားတွေမှတွက်ချက်ကာ စိုက်ပျိုးကြခြင်းဖြစ်တယ်။ထမင်းအသက်(၇)ရက်၊
ရေအသက်တမနက် စကားနဲ့ အညီ စိုက်ပျိုးရေးမှာလည်းသီးပင်၊ပျိုးပင်များ ရှင်သန်ကြီးထွားစေဖို့ ရေကို
လုံလောက်အောင်ပေးရပါတယ်။ စိုက်ပျိုးမြေများရေရရှိအောင်လုပ်ရာမှာ မြေပေါ်ရေ (Surface Water)
နဲ့ မြေအောက်ရေ (Ground Water) နည်းတွေကိုအသုံးပြုကြတယ်။ကမ္ဘာ့နေရာအနှံ့ အပြားမှာ စိုက်ပျိုးရေး
လုပ်ငန်းတွေနဲ့ ပက်သက်လို့ ရေပေးဝေတဲ့နည်းစံနစ်အမျိုးမျိုးရှိတယ်။ဒီနည်းတွေကို ခုလိုတွေ့ ရပါတယ်။ center pivot လို့ ခေါ်တဲ့နည်းကတော့မိုးရွာသလိုမျိုးအထက်မှရေဖြန်းပေးတဲ့နည်း၊ drip လို့ ခေါ်တဲ့နည်းကတော့အပင်အမြစ်ရှိရာ သို့ ရေပေးတဲ့နည်း၊ floodလို့ ခေါ်တဲ့နည်းကတော့ ရေကာတာများမှတဆင့် တူးမြောင်းများနဲ့ သွယ်ကာ မြေ မျက်နှာပြင်ကိုရေပေးဝေတဲ့နည်း၊furrow လို့ ခေါ်တဲ့နည်းကတော့ ရေအရင်းအမြစ်နည်းပါးတဲ့ မြေများထံသို့ ရေ လုံလောက်စေရန်ပေးတဲ့နည်း၊gravityလို့ ခေါ်တဲ့နည်းကတော့ရေစုပ်စက်နဲ့ ပေးဝေတာမျိုးမဟုတ်ပဲရေကို စီးဆင်းစေအောင်သွယ်တန်းဖြန့် ဝေတဲ့နည်း၊rotation နည်းကတော့ ရေပေးလွှတ်မှုကို ကြားခံထိမ်းချုပ်မှုနဲ့  ခွဲဝေပေးတဲ့နည်း၊sprinkler နည်းကတော့ ရေပိုက်(သို့ မဟုတ်)ရေပိုက်ခေါင်းများမှာ အပေါက်များဖောက်ကာ
ရေဖြန်းပေးတဲ့ပုံစံနဲ့ ရေပေးနည်း၊sub-irrigation နည်းကတော့ စိုက်ပျိုးမြေများအနီးမှာ ရေကိုသိုလှောင်ကာ
အပင်အမြစ်များဆီသို့ ရေပိုက်နဲ့ ရေလွှတ်ပေးနည်း၊ traveling gun နည်းကတော့ အပေါက်ငယ်များပါတဲ့ ရေပိုက်ခေါင်းကြီးများကိုတပ်ဆင်ကာ ရွေ့ လျားအောင်ပြုလုပ်ကာရေဖြန်းပေးတဲ့နည်း၊ supplemental နည်း ကတော့ မိုးရေရရှိတဲ့ စိုက်ပျိုးမြေများကို အစိုဓါတ်ပိုရရှိကာအထွက်တိုးစေရန် ရေထောက်ပံ့ပေးတဲ့နည်း၊surfaceနည်းကတော့ တူးမြောင်းများဖောက်ကာ မြေမျက်နှာပြင်ကိုရေစီးဆင်းပို့ လွှတ်တဲ့နည်းဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမြေအများစုဟာ မြစ်၊ချောင်း၊အင်းအိုင်နဲ့ မြေပေါ်ရေကိုပဲမှီခိုကာစိုက်ပျိုးကြတာများတယ်။
မိုးကောင်းတဲ့ဒေသတွေမှာပဲ စိုက်ပျိုးရေးလုပ်ငန်းဟာဖြစ်ထွန်းတာကိုတွေ့ ရလို့ ရာသီကိုမှီခိုနေရတယ်။ မိုးနည်း ဒေသတွေမှာဆည်မြောင်း၊ရေကာတာတွေရှိပေမယ့်လည်း လုံလောက်တဲ့ရေပေးဝေမှုမရှိခြင်း၊စီမံခန့် ခွဲမှုညံ့ဖျင်း ခြင်း၊အကျင့်ပျက်ခြစားခြင်းတို့ ကြောင့် ထွန်ယက်စိုက်ပျိုးသူတွေအတွက် ရေအခက်အခဲကိုကြုံတွေ့ စေရတယ်။ ပိုပြီးဆိုးတဲ့ဖြစ်ရပ်တွေကလည်းစိုက်ပျိုးမြေများဆီကိုစီးဝင်တဲ့ရေလာရာလမ်းဝမှာ အာဏာပိုင်တွေနဲ့ သင့်မြတ်တဲ့
အကျိုးတူစီးပွားဖက်ကုမ္ပဏီများမှငါးမွေးမြူကန်များတည်ဆောက်ထားကြလို့ လယ်သမားများနဲ့ ပဌိပက္ခဖြစ်ပွား နေမှုတွေ၊ကုမ္ပဏီများရဲ့ မြေယာသိမ်းပိုက်လုပ်ကိုင်မှုများမှာနဂိုရှိထားတဲ့တူးမြောင်းမြေများပါဝင်လို့ ရေစီးရေလာ ပြတ်တောက်သွားမှုတွေ၊ကျေးရွာတွေမှစက်သုံးဆီဖိုးပေးမှသာရေပို့ လွှတ်ပေးမှုတွေအစရှိတဲ့ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေရှိနေတယ်။ကမ္ဘာ့နိုင်ငံတွေရဲ့ စိုက်ပျိုးရေရရှိအောင်အသုံးချတဲ့ နည်းစံနစ်တွေကို မြန်မာနိုင်ငံ မှာမဖော်ထုတ်နိုင်သေးသမျှ လယ်မြေတွေပက်ကြားအက်နေအုံးမှာဖြစ်တယ်။
ကမ္ဘာ့မြေယာ၊မြန်မာ့မြေယာ
ကမ္ဘာ့နေရာအနှံ့ အပြားမှာ
မြေယာစံနစ်အမျိုးမျိုးပေါ်ပေါက်ခဲ့တယ်။ခေတ်၊စံနစ်အခြေအနေတွေအရလည်းမြေ
ယာစံနစ်အသွင်သဏ္ဍာန်တွေပြောင်းလဲခဲ့တယ်။အမေရိကားနဲ့ သြစတြေးလျှတို့ မှ
ဌာနေတိုင်းရင်းသားများဖြစ်
တဲ့ ရပ်အင်န်ဒီးယား(Red Indian) နဲ့ အဘိုရီးဂျီးနီးစ် (Aborigenes) တို့ ရဲ့ မြေများကို ဌာနေတိုင်းရင်းသားပိုင် မြေ (Traditional Land Tenure) အဖြစ်သတ်မှတ်ထားတယ်။အင်္ဂလန်နိုင်ငံနဲ့ သြစတြေးလျှနိုင်ငံတို့ မှာတော့ အင်္ဂလိပ်ဘုရင်ပိုင်မြေ (Crown Land) ဆိုတာမျိုးရှိတယ်။ မြေရှင်ပဒေသရာဇ်ခေတ်မှာလည်း မြေပိုင်ရှင်တဦး တယောက်တည်းပိုင်ဆိုင်တဲ့မြေ (Feudal Land) များရှိခဲ့တယ်။ကွယ်လွန်ချိန်အထိပိုင်ဆိုင်ခွင့်ရှိတဲ့မြေကို တော့ (Life Estate)လို့ သတ်မှတ်သလို၊မျိုးရိုးစဉ်ဆက်ပိုင်ဆိုင်ခွင့်ရကာလွဲပြောင်းပိုင်ခွင့်မရှိတဲ့မြေကို(Fee Tail)
လို့ သတ်မှတ်တယ်။ဒါ့အပြင်လည်း ဥပဒေကြောင်းအရမြေပိုင်ခွင့်ရှိတဲ့မြေ(Fee Simple)၊ငှားရမ်းထားတဲ့မြေ
(Leasehold or Rental)၊ အများပြည်သူပိုင်မြေ (Rights to use common)၊ အစုစပ်စိုက်ပျိုးမြေ (Sharecropping) နဲ့ သက်သာခွင့်ပေးထားတဲ့မြေ (Easement) တို့ ဆိုကာရှိတယ်။ ကွန်မြူနစ်စံနစ်ကျင့်သုံးတဲ့ နိုင်ငံများမှာတော့ အစိုးရကလယ်ယာမြေအားလုံးကိုချုပ်ကိုင်ကာ စုပေါင်းလယ်ယာမြေ (Collective farm) အသွင်နဲ့ လုပ်ကိုင်ကြတယ်။
တဲ့ ရပ်အင်န်ဒီးယား(Red Indian) နဲ့ အဘိုရီးဂျီးနီးစ် (Aborigenes) တို့ ရဲ့ မြေများကို ဌာနေတိုင်းရင်းသားပိုင် မြေ (Traditional Land Tenure) အဖြစ်သတ်မှတ်ထားတယ်။အင်္ဂလန်နိုင်ငံနဲ့ သြစတြေးလျှနိုင်ငံတို့ မှာတော့ အင်္ဂလိပ်ဘုရင်ပိုင်မြေ (Crown Land) ဆိုတာမျိုးရှိတယ်။ မြေရှင်ပဒေသရာဇ်ခေတ်မှာလည်း မြေပိုင်ရှင်တဦး တယောက်တည်းပိုင်ဆိုင်တဲ့မြေ (Feudal Land) များရှိခဲ့တယ်။ကွယ်လွန်ချိန်အထိပိုင်ဆိုင်ခွင့်ရှိတဲ့မြေကို တော့ (Life Estate)လို့ သတ်မှတ်သလို၊မျိုးရိုးစဉ်ဆက်ပိုင်ဆိုင်ခွင့်ရကာလွဲပြောင်းပိုင်ခွင့်မရှိတဲ့မြေကို(Fee Tail)
လို့ သတ်မှတ်တယ်။ဒါ့အပြင်လည်း ဥပဒေကြောင်းအရမြေပိုင်ခွင့်ရှိတဲ့မြေ(Fee Simple)၊ငှားရမ်းထားတဲ့မြေ
(Leasehold or Rental)၊ အများပြည်သူပိုင်မြေ (Rights to use common)၊ အစုစပ်စိုက်ပျိုးမြေ (Sharecropping) နဲ့ သက်သာခွင့်ပေးထားတဲ့မြေ (Easement) တို့ ဆိုကာရှိတယ်။ ကွန်မြူနစ်စံနစ်ကျင့်သုံးတဲ့ နိုင်ငံများမှာတော့ အစိုးရကလယ်ယာမြေအားလုံးကိုချုပ်ကိုင်ကာ စုပေါင်းလယ်ယာမြေ (Collective farm) အသွင်နဲ့ လုပ်ကိုင်ကြတယ်။
မြန်မာနိုင်ငံရဲ့ ပဒေသရာဇ်ခေတ်တွင် မြေပိုင်ဆိုင်မှုပုံစံ(၃)မျိုးရှိခဲ့တယ်။ဒီပုံစံ(၃)မျိုးကတော့
(က)အရာတော်မြေ
၁။ဘုရင်ပိုင်အရာတော်
၂။ယွန်းဘောင်ပါအရာတော် (မိဖုရားပိုင်မြေတွေကိုယွန်းထည်နဲ့ ပြုလုပ်ထားတဲ့ ဘောင်ပါတဲ့ပုရပိုက်မှာရေးမှတ် ထားလို့  ယွန်းဘောက်ပါလို့ ခေါ်ဆိုတယ်။)
၃။သိမ်းစုပါအရာတော် (သူပုန်သူကန်များထံမှသိမ်းယူခြင်း၊အမှုအခင်းတရပ်ရပ်နဲ့ သိမ်းယူထားတဲ့မြေ)
၎။စုံသေအမွေပြတ်အရာတော် (မြေပိုင်ဆိုင်သူကွယ်လွန်ချိန်မှာအမွေစားအမွေခံမကျန်ရစ်လို့ သိမ်းယူထားတဲ့ မြေ)
(ခ)ဘိုးဘပိုင်မြေ
၁။ဓါးမဦးချ
၂။မင်းပေး
၃။ငွေဝယ် ငွေပေါင်
(ဂ)၀တ္တကံမြေ
၁။ဘုရားဝတ္တကံ(ဘုရားဝတ္တုကံ)
၂။ပိဋ္ဋကတ်ဝတ္တံ(ပိဋ္ဋကတ်ဝတ္တုကံ)
၃။သံဃ၀တ္တကံ(သံဃ၀တ္တုကံ) တို့ ဖြစ်တယ်။
ကိုလိုနီခေတ်မှာ အင်္ဂလိပ်တို့ မှ လယ်ယာမြေပင်ရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်တယ်လို့ ဥပဒေပြဌာန်းခဲ့တယ်။
နိုင်ငံပိုင်မြေတွေကိုလိုင်စင်၊ဂရန်၊ပတ္တာ၊သူကြီးစားမြေစံနစ်တို့ သတ်မှတ်ကာလုပ်ခွင့်ပေးလို့ နိုင်ငံခြားသားများ လည်းအခွင့်အရေးရရှိခဲ့တယ်။၁၉၃၉ခုနှစ်ကာလအထိ အောက်မြန်မာပြည်မှာ ကိုယ်တိုင်လယ်မလုပ်ပဲလယ်ပိုင်
ထားကြတဲ့မြေပိုင်ရှင်များရဲ့ ပိုင်ဆိုင်မှုရာခိုင်နှုန်းကို ယခုလိုတွေ့ ရှိရတယ်။ပဲခူး ၆၇%၊ ဟံသာဝတီ ၇၀%၊ အင်း စိန် ၆၈%၊မြောင်းမြ ၆၂%၊ဖျာပုံ ၇၁%တို့ ဖြစ်တယ်။၁၉၃၇ခုနှစ် ဂျပန်နိုင်ငံရဲ့ လယ်ယာမြေအခြေအနေနဲ့ နှိုင်း ယှဉ်ပါက ဂျပန်မြေပိုင်ရှင်ဦးရေမှာ ဂျပန်လယ်သမားအားလုံးရဲ့ ၅၃၇ာခိုင်နှုန်းရှိတယ်။လယ်မပိုင်တဲ့ဂျပန်လယ်သီး စားဦးရေကတော့ ၄၆ရာခိုင်နှုန်းရှိတယ်။ဂျပန်မြေပိုင်ရှင်တွေဟာ လယ်မလုပ်ပဲနဲ့ လယ်ပိုင်သူမရှိတာကိုတွေ့ ရ သလို၊လယ်ယာမြေလက်ဝါးကြီးအုပ်တဲ့ချစ်တီးလည်းမရှိချေ။ဒုတိယကမ္ဘာစစ်မတိုင်မှီကာလအထိအောက်မြန်မာ
ပြည်မှလယ်ယာမြေတ၀က်လောက်ဟာ ချစ်တီးလက်အောက်ကျရောက်ခဲ့ရတယ်။
လွတ်လပ်ရေးရတဲ့နောက်ပိုင်းကာလတွေမှာ ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပြုလုပ်အက်ဥပဒေပေါ်ထွက်လာ ခဲ့တယ်။၁၉၅၇-၅၈ခုနှစ်ကာလတွေမှာ ချွတ်ယွင်းချက်အမျိုးမျိုးကြောင့် ရပ်ဆိုင်းသွားခဲ့တယ်။၁၉၆၃ခုနှစ်မှာ
လည်း လယ်ယာမြေဥပဒေအသစ်တွေပေါ်ထွက်ခဲ့တယ်။၂၀၁၂-၁၃ခုနှစ်ကာလမှာလည်းလယ်ယာမြေဥပဒေ တွေသတ်မှတ်ပြဌာန်းခဲ့တယ်။လယ်သမားတွေနဲ့ သက်ဆိုင်တဲ့ဥပဒေတွေရေးဆွဲအတည်ပြုပေးပေမယ့်လည်း လယ်သမားတွေလက်ခံနားလည်နိုင်လောက်တဲ့ အခြေအနေတွေကို ဖန်တီးပေးမှုမရှိဘူးဖြစ်နေတယ်။မြန်မာ့ လယ်ယာမြေအားလုံးကို နိုင်ငံတော်မှပိုင်ဆိုင်တယ်ဆိုတဲ့မူကိုသာ အစိုးရအဆက်ဆက်ကကျင့်သုံးကြတယ်။
ထွန်တုံးတိုက်ပွဲတော်လှန်ရေး
မြန်မာနိုင်ငံရဲ့ မြေယာစံနစ်ကို အကြမ်းဖျင်းခွဲခြားစိတ်ဖြာကြည့်ပါက ပဒေသရာဇ်ခေတ်၊ကိုလိုနီခေတ်နဲ့ လွတ် လပ်ရေးရပြီးခေတ်ဆိုကာတွေ့ ရှိနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့ လူဦးရေ၇၀ရာခိုင်နှုန်းခန့် ဟာ ကျေးလက်ဒေသနေ လယ်သမားများပဲဖြစ်တယ်။ပဒေသရာဇ်ခေတ်မှာလည်းမင်းလောင်းပြိုင်ဖက်တွေဟာကျေးလက်နေပြည်သူတွေကိုအင်အားယူကာ ထီးပြိုင်နန်းပြိုင်လုပ်ကြတယ်။ကိုလိုနီခေတ်မှာလည်း အင်္ဂလိပ်တွေကိုယ်တိုင်တုန်လှုပ်ခဲ့တဲ့
ဆရာစံဦးဆောင်တဲ့လယ်သမားသူပုန်ကြီးပေါ်ထွက်ခဲ့တယ်။လွတ်လပ်ရေးရတဲ့နောက်ပိုင်းခေတ်မှာလည်း
တပြည်လုံးအတိုင်းအတာအနေနဲ့ ကျေးလက်ဒေသဟာ မဏ္ဏိုင်ဖြစ်နေတယ်။ ခေတ်၊စံနစ်တွေပြောင်းလဲနေပေ မယ့် ကျေးလက်နေလယ်သမားတွေရဲ့ ဘ၀အခြေအနေတွေဟာ ဆင်းရဲတွင်းနွံထဲမှာရှိနေတယ်။ ဖိနှိပ်မှုအမျိုးမျိုး ဟာလည်း ဆင်းရဲတွင်းထဲကိုရောက်ရှိစေတဲ့ပင်မအကြောင်းတရားဖြစ်ပါတယ်။ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေ တဲ့ အနယ်နယ်အရပ်ရပ်မှ လယ်သမားတွေရဲ့ ထွန်တုံးတိုက်ပွဲတွေပေါ်ထွက်နေတာဟာ လယ်သမားအခွင့် အရေးဆုံးရှုံးနေမှုတွေကိုဖော်ပြနေတယ်။လယ်ယာမြေတွေကို နည်းမျိုးစုံနဲ့ သိမ်းယူမှုတွေဟာ ဒီကနေ့ ခေတ်က အဆိုးဆုံးပဲဖြစ်တယ်။ခေတ်တိုင်းမှာမရှိဘူးခဲ့တဲ့ စစ်တပ်ရဲ့ လယ်ယာမြေသိမ်းယူမှုတွေဟာ ဒီကနေ့ ကာလမှာ ပေါ်ထွက်နေတယ်။စစ်ဗြူရိုကရေစီမြေရှင်ကြီးဝါဒဟာ ကျေးလက်နေလယ်သမားတွေကို အပြင်းထန်ဆုံးဖိနှိပ် ထားတယ်။လယ်သမားအခွင့်အရေးဖော်ထုတ်သူများကိုသတ်ဖြတ်ခြင်း၊မတရားထောင်ချခြင်းတွေလည်းရှိနေ
တယ်။ ဆင်းရဲနွမ်းပါးတဲ့လယ်သမားတွေဟာအကြွေးသံသရာထဲကို ရောက်ရှိသွားရတဲ့အချက်အလက်တွေကို ယခုလိုတွေ့ ရှိမိတယ်။(၁)လယ်ဝယ်ခြင်း၊လယ်ပေါင်ကိုပြန်လည်ရွေးခြင်းတို့ ကြောင့်ကြွေးတင်သူ ၁၉% ၊(၂)
လယ်ကိုပြုပြင်လို့ ကြွေးတင်သူ၊(၃)ကျွဲနွားနဲ့ လယ်ယာပစ္စည်းများဝယ်ရလို့ ကြွေးတင်သူ ၁၀%၊(၄)လယ် အတွက် အရင်းဝင်လို့ ကြွေးတင်သူ ၄%၊ (၅)အခြားကုန်ရောင်းကုန်ဝယ်ကိစ္စနဲ့ အရင်းဝင်လို့ ကြွေးတင်သူ၃%၊ (၆)အလှူအတန်းလုပ်လို့ ကြွေးတင်သူ၁%၊(၇)လယ်ယာစိုက်ပျိုးရေးအလုပ်ပျက်ပြားလို့ ကြွေးတင်သူ ၁၉%၊(၈)ဖျားနာလို့ ၊တရားတဘောင်ရင်ဆိုင်ရလို့ ၊တခြားကုသိုလ်ကံအခြေအနေမလှလို့ ကြွေးတင်သူ၂%၊(၉)မဆပ်နိုင် တဲ့ကြွေးမှီအပေါ်မှာ အတိုးပေးရလို့ ကြွေးတင်သူ၂%၊(၁၀)အခြားအမျိုးအမည်မခွဲခြားနိုင်တဲ့အကြောင်းများနဲ့ 
ကြွေးတင်သူ၃၆%တို့ ဖြစ်တယ်။လယ်သမားတွေရဲ့ ဘ၀နံလန်မထူသမျှကာလပတ်လုံး စိုက်ပျိုးရေးကိုအခြေခံ တဲ့စီးပွားရေး (Eco- Agriculture) ဆိုတာအလှမ်းဝေးနေမှာပဲဖြစ်တယ်။၂၀၀၈ခုနှစ်ကာလများမှာအာဖရိကမှ မြန်မာ့ဆန်ကိုဝယ်ယူခဲ့ပေမယ့်လည်း ဈေးကွက်မထိုးဖောက်နိုင်ခဲ့လို့ အိန္ဒိယနိုင်ငံထံမှ ဆန်ကိုသာဝယ်ယူ တော့တယ်။၂၀၁၂ခုနှစ်မှာလည်း အင်ဒိုနီးရှားနိုင်ငံမှ ဆန်တန်ချိန် ငါးသိန်းဝယ်ယူဖို့ သဘောတူညီမှုရခဲ့ ပေမယ့်လည်း ပထမဆုံးတင်ပိုတဲ့ဆန်တန်ချိန်(၅၀၀၀)မှာ ဆန်တန်ချိန်(၇၀၀)ဟာအရည်အသွေးညံ့ဖျင်း
လို့ ဝယ်ယူဖို့ ရပ်ဆိုင်းခဲ့တယ်။မြန်မာ့ဆန်ဟာ တရုတ်နိုင်ငံ၊ယူနမ်ပြည်နယ်ကို နောက်ဖေးပေါက်ကနေ
တရားမ၀င်တင်သွင်းနေရလို့ ကုန်သွယ်ရေးမှာတပန်းရှုံးနေလို၊ လယ်သမားတွေအတွက်လည်း အကျိုးစီးပွားနစ် နာဆုံးရှုံးရတယ်။အုပ်ချုပ်ရေးစံနစ်ညံ့ဖျင်းလို့ မီးခိုးကြွက်လျှောက်ဆိုသလိုပေါ်ထွက်လာတဲ့ အဆိုးတရားတွေဟာ ထွန်တုံးတိုက်ပွဲတွေကနေတဆင့် ဖိနှိပ်မှုကိုတွန်းလှန်တဲ့တော်လှန်ရေးအသွင်ကိုဦးတည်နေတယ်။ ။
ဧရာ
၁၆၊၆၊၂၀၁၄
ရည်ညွန်းကိုးကားhttp://water.usgs.gov/edu/irquicklook.html
http://www.lewishistoricalsociety.com/wiki/tiki-print_article.php?articleId=2
http://en.wikipedia.org/wiki/Land_refom
မြန်မာ့လယ်ယာစံနစ် ၊ မောင်ထင်၊ စိတ်ကူးချိုချိုစာပေ၊ ရန်ကုန်၊ ၂၀၁၂
မြန်မာ့အုပ်ချုပ်ရေးပညာ ၊ ဦးဘဦး၊ ပုဂံစာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၁၁
မြန်မာ့ဆန်အရွေ့ ၊ ပြည်သိမ်း၊ ဆဲဗင်းဒေးဂျာနယ်၊ အတွဲ(၁၃) အမှတ်(၁၃)၊ ၂၀၁၄
0 comments:
Post a Comment