အမည်ပျက်စာရင်းသွင်း
ခံရသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီကုမ္ပဏီများ ကို
အစိုးရကအမည်အသစ်ပြောင်း လဲ၍ ထပ်မံလျှောက်ထားခြင်း ခွင့် ပြုတော့မည်မဟုတ်ဟု
ပြည်ပ အလုပ်အကိုင်အေဂျင်စီအသင်း ချုပ်မှ အထွေထွေအတွင်းရေးမှူး
ဦးကျော်ထင်ကျော်က ပြောသည်။
မြန်မာအလုပ်သမားများ ပြည်ပသို့ တရားဝင်စေလွှတ်လျက်ရှိသည့် လိုင်စင်ရကုမ္ပဏီအေဂျင် စီများ လုပ်သားစေလွှတ်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်ကိုချိုးဖောက်ခြင်း၊ ပြဿနာဖြစ်ပွားလာပါက ဖြေရှင်းမှုပိုင်းအားနည်းခြင်း စသည်တို့ကြောင့် အစိုးရက အပြစ်ပေး အရေးယူလျက်ရှိ သည်။ ထို့ကြောင့် ဇွန်လ ၁၈ ရက်မှစ၍ အမည်ပျက်စာရင်းသွင်းခံ ထားရသည့် အေဂျင်စီများသည် ၎င်းတို့၏ မိသားစုဝင်တို့က နောက်ထပ်အမည်တစ်မျိုးဖြင့် လိုင်စင် အသစ်လျှောက်ထားမှုမျိုး ခွင့်ပြု တော့မည်မဟုတ်ဟု အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားခဲ့ ကြောင်း သတင်းရရှိသည်။
ယခင်က ပြဿနာဖြစ်ပွား သည့် ကုမ္ပဏီအေဂျင်စီလိုင်စင် များကို ဆိုင်းငံ့ခဲ့ခြင်းမရှိဘဲ လိုင် စင်ပိတ်သိမ်းခြင်းဖြင့် အရေးယူခဲ့ ပြီးနောက် ၎င်းတို့က ဇနီး၊ သား သမီးအမည်တို့ဖြင့် အမည်အသစ် ဖြင့် လိုင်စင်များလျှောက်ထားခဲ့ ကြသည်။ သို့သော်လည်း ယခု ဝန်ကြီးလက်ထက်တွင် ပြဿနာ ဖြစ်ပွားပါက အေဂျင်စီတို့ကို ဖြေရှင်းဆောင်ရွက်ရန် အချိန် ကာလသတ်မှတ်ပေးပြီး ဖြေရှင်း နေစဉ် လုပ်သားစေလွှတ်ခွင့် ခေတ္တဆိုင်းငံ့ထား၍ အဆင် မပြေပါက အမည်ပျက်စာရင်း သွင်းခံရမည်ဖြစ်သည်။
အမည်ပျက်စာရင်းဝင် အေ ဂျင်စီများအား ၎င်းတို့မိသားစုဝင် အမည်များဖြင့် ပြောင်းလဲ၍ ထပ် မံလျှောက်ထားခွင့်မပြုခြင်း၊ အချို့ သော အေဂျင်စီများသည် လိုင် စင်နှစ်ခုကိုင်ဆောင်မှုများရှိလာ ခြင်းကြောင့် ပြောင်းလဲသတ်မှတ် ခြင်းဖြစ်သည်ဟု အေဂျင်စီများ က သုံးသပ်ပြောဆိုသည်။
‘‘တကယ်တော့ အမည်ပျက် စာရင်းသွင်းခံရတဲ့ အေဂျင်စီတွေ က အစိုးရကိုလက်တစ်လုံးခြား လုပ်နေတာ။ မနေ့ကမှ ဖုန်းနဲ့ ညွှန်ကြားချက်ရခဲ့တာ။ အေဂျင်စီ တွေက လိုင်စင်ကိုသာ ဂရုစိုက် တာ လူကိုဂရုစိုက်တာမဟုတ် ဘူး။ တော်ရုံတန်ရုံကိစ္စဆို ဂရုစိုက်ရမှန်းမသိဘူး။ အခုလိုင်စင်ကို ပေါပေါမရတော့ဘူးပေါ့။ ဝန်ကြီး ဌာနလုပ်တာမှန်ပါတယ်’’ဟု ဦးကျော်ထင်ကျော်က ပြောသည်။
အမည်ပျက်စာရင်းသွင်းခံရ သည့် ကုမ္ပဏီအေဂျင်စီများ မိသားစုဝင်အမည်ဖြင့် လိုင်စင် လျှောက်ထားမှုသည် အလုပ်သ မားများအတွက် လုံခြုံမှု၊ အကာ အကွယ်အာမခံချက်ပေးနိုင်မှု လျော့နည်းသည်ဟု ၎င်းက သုံး သပ်ပြောသည်။
‘‘အခုလိုလုပ်တာကောင်းပါ တယ်။ မဟုတ်တာမလုပ်ရဲတော့ ဘူးပေါ့။ အခွင့်အရေးနှစ်ခုကိုင် ထားတော့ ဒါသူတို့ဘက်က သိပ် မမှန်တော့ဘူးလေ။ ကြောက်လို့ အမှားအယွင်းဖြစ်မှာစိုးလို့ပေါ့’’ ဟု ပြည်ပအလုပ်အကိုင်အေဂျင် စီတစ်ခုမှ မန်နေဂျင်းဒါရိုက်တာ တစ်ဦးက ပြောသည်။
အေဂျင်စီများအနေဖြင့် လိုင်စင်လျှောက်ထားပါက အစိုး ရထံအာမခံကြေးစရန်ငွေ ကျပ် သိန်း ၅၀ ပေးသွင်းရသည့်အပြင် ၎င်းတို့ပိုင်ဆိုင်မှုငွေကြေးကျပ် သိန်းတစ်ထောင်နှင့်အထက် တင် ပြရပြီး ခိုင်မာမှုရှိမှသာ လိုင်စင် ထုတ်ပေးခြင်းဖြစ်သည်။

0 comments:
Post a Comment