လက်ရွေးစင်ကစားသမားကြည်လင်း မိန်းကလေးကိစ္စဖြင့် အမှုဖွင့်ခံရ

ရန်ကုန်ယူနိုက်တက် ဘောလုံးကစားသမား ကြည် လင်းသည် အသက်မပြည့်သေး သော မိန်းကလေးငယ်တစ်ဦးကိုခိုးယူပေါင်းသင်းမှုစွပ်စွဲချက်ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အ မှုဖွင့် တိုင်ကြားခံထားရကြောင်း သတင်းရရှိသည်။

မြန်မာ့လက်ရွေးစင်နှင့် ရန် ကုန်ယူနိုက်တက် ဘောလုံးအ သင်း ကွင်းလယ်ကစားသမား ကြည်လင်းသည် ဇွန်လ ၇ ရက် တွင် အသက် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကမာရွတ် မြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ ခေါ် ဆောင်သွားပြီး သားမယား ပြု ကျင့်ခဲ့ကြောင်း ကာယကံရှင် မိန်း ကလေးက ဇွန်လ ၁၆ ရက်တွင် ကမာရွတ်မြို့နယ် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။
ယင်းအမှုတွင် အမှုဖွင့်ခံ ရသူမှာ သာမန်လူတစ်ဦးမဟုတ် ဘဲ နိုင်ငံ့လက်ရွေးစင်ကစားသမား တစ်ဦးဖြစ်သောကြောင့် တရား လိုဘက်မှ တိုင်ကြားချက်ဖြစ်စဉ် ကို ကမာရွတ်မြို့နယ်ရဲစခန်းက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိ ပေ။

အဆိုပါ မိန်းကလေးငယ် သည် ဒဂုံအရှေ့မြို့နယ်တွင် နေ ထိုင်သူဖြစ်ပြီး ၎င်းမှာ အလှပြင် သင်တန်းတက်ရောက်နေသူ တစ် ဦးလည်းဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘တရားလိုဘက်ကတော့  စွပ် စွဲတိုင်တန်းထားတဲ့သဘောပဲရှိ သေးတယ်။ အမှုဖွင့်ခံထားရတဲ့ ကြည်လင်းကို မစစ်ရသေးတော့ ပြောလို့မရဘူး။ ဟိုဘက်ကိုလည်း စစ်ဆေးပြီးမှမေးတဲ့ မေးခွန်းတွေ ကိုဖြေလို့ရမယ်။ မပြောနိုင်သေး ဘူး။ စွပ်စွဲခံထားရတုန်းဆိုတော့ နောက်လုပ်ထုံးလုပ်နည်းအရ ဝန် ကြီးဌာနနဲ့ အသင်းကိုတော့ အ ကြောင်းကြားထားပြီးပြီ။ ဖြစ်တုန်းက အလိုတူလား၊ မတူလားဆိုတာ စစ်ဆေးရဦးမှာ’’ဟု ကမာရွတ် မြို့နယ်ရဲစခန်းမှ တာဝန်မှူး မျိုး မင်းအောင်က ပြောသည်။
‘‘အခုလက်ရှိတော့ ကြည် လင်းက အသင်းမှာပဲရှိနေသေး တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တော့ ဘာမှမသိသေးဘူး’’ဟု ရန်ကုန်ယူနိုက်တက်အသင်း တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍  ကြည်လင်းထံသို့ ဖုန်းဖြင့် အကြိမ် ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။

ယင်းအမှုကို ကမာရွတ်မြို့ နယ် ရဲစခန်းတွင်ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ အရ အရွယ်မရောက် သေးသူအား ခိုးယူပေါင်းသင်းမှုဖြင့် စွပ်စွဲတိုင်ချက်ဖွင့်ထား ကြောင်း သတင်းရရှိသည်။
‘‘၃၆၆ နဲ့ ဖွင့်တဲ့အမှု။ အဲဒီ လိုအမှုမျိုးက ခြိမ်းခြောက်အနိုင် အထက်ပြုပြီး ခိုးယူပေါင်းသင်းတာ။ ဒီလိုအမှုမျိုးက ၃၆၆ ကနေ ၃၇၆ ဖြစ်သွားနိုင်တယ်။ ၃၆၆ မှာ နှစ် မျိုးရှိတယ်။ အသက် (၁၈) နှစ် အောက် မိန်းကလေးဆိုရင် ၃၆၆ (က) နဲ့ဖွင့်တယ်။ နောက် ၃၆၆ ပဲ ဆိုရင် အသက်အရွယ်ကန့်သတ် ချက်မရှိဘူး။ ၃၇၆ ကျတော့ အ လိုမတူဘဲ အတင်းအဓမ္မ လက် ထပ်ထိမ်းမြားတာ’’ ဟု အထက် တန်းရှေ့နေ ဦးခင်ဇော် (မရမ်း ကုန်း) က ပြောသည်။

ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၆၆ အမှုသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်။ ပြစ်မှု ဆိုင်ရာ ပုဒ်မ-၃၇၆ သည် ငွေ ဒဏ်၊ ထောင်ဒဏ် ၁၀ နှစ်အပြင် တစ်သက်တစ်ကျွန်းအထိ ချမှတ် နိုင်သည်။ကြည်လင်းသည် ၂၀၁၃ ဆီး ဂိမ်းပြိုင်ပွဲတွင်ရရှိခဲ့သော ဒဏ် ရာကြောင့် ယခုနှစ် မြန်မာနေရှင် နယ်လိဂ်အမှတ်ပေးပြိုင်ပွဲကို တစ် ပွဲမှ ဝင်ရောက်ကစားနိုင်ခြင်းမရှိ ဘဲ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူပြီး အနားယူခဲ့ရသည်။
http://www.7daydaily.com
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment